လိုအပ်နေဆဲ စည်းကမ်းနဲ့ နည်းလမ်း

ရဲမြတ်သူ

လမ်းပေါ်မှာ ကားနဲ့ သွားနေ ချိန်မှာ ကားလမ်းတွေ ပိတ်နေချိန် တွေ့လိုက်ရတာက ယာဉ်စည်းကမ်းမလိုက်နာတဲ့ ကားတွေ ဇွတ်တိုးကြတာ ဝင်ကြတာ၊ သတ်မှတ် ထားတဲ့ မျဉ်းတွေကို ဂရုမစိုက်ဘဲ ဖြတ်တာတွေကနေ ပိတ်ကုန်တာ သိလိုက်ရတယ်။ ကောက်ချက်ချ လိုက်မိတာကတော့ မြန်မာတွေ စည်းကမ်းမရှိဘူးပေါ့။ ဒါပေမဲ့ သေချာပြန်စဉ်းစားမိတော့ စည်းကမ်း ဖောက်သူ၊ မလိုက်နာသူနဲ့ လိုက်နာလေးစားသူ၊ ဘောင်ထဲ က မောင်းသူ ဘယ်ဟာကများသ လဲဆိုတော့ စည်းကမ်း ဥပဒေကို လေးစားတဲ့သူကများတာသတိ ပြုမိတယ်။ သို့သော်လက်တွေ့မှာ စည်းကမ်းဖောက်သူတွေကြောင့် အားလုံး ဆိုးကျိုးခံစားနေကြရ တယ်။ တိုးချင်တိုင်းတိုးတဲ့ အငှားကားတွေမြင်တိုင်း ဇွတ်ဝင်ပြီး ရမ်းတဲ့ ဘတ်စ်ကားတွေတွေ့တိုင်း တက္ကစီတွေ ဆိုးတယ်၊ ဘတ်စ်ကားတွေ ရိုင်းတယ်လို့ ခံစားမိတယ်။ သို့သော် တကယ်စည်းကမ်းရှိတဲ့ ဥပဒေလိုက်နာပြီး စနစ်ကျတဲ့ ဘတ်စ်ကားယာဉ်မောင်းတွေ၊ တက္ကစီကားတွေ အများကြီး ရှိသေးတယ် ဆိုတာလည်း လက်မခံလို့မရဘူး။

မြန်မာနိုင်ငံရဲ့ ပညာရေးကမ ကောင်းဘူး ၊တက္ကသိုလ်ကထွက် တဲ့ အင်ဂျင်နီယာတွေ မတတ်ဘူး ဆရာဝန်တွေ ဆေးမကုတတ်ဘူး လို့ ပြောကြပြန်တယ်။ တကယ်လက်တွေ့မှာ အလုပ်ခေါ် တဲ့ အခါ အင်ဂျင်နီယာဘွဲ့သာ ရထားတယ် သင်ထားတဲ့ ခေါင်းစဉ်တောင် မသိကြတာ၊ ဘာမှမေးမရတာတွေ ကြုံတွေ့ရများတော့ မတတ်ကြဘူးဆိုတာ လက်ခံမိတယ်။ သို့သော် ကိုယ့်ဆီကနေပဲ ပြည်ပမှာသွား အလုပ်လုပ် ရာထူးတွေတက် မြန်မာတွေ တော်တယ် အပြောခံရသူတွေ အများကြီး ရှိသလို ကိုယ့်လူငယ်တွေ လုပ်ပြနိုင်တာတွေ၊ အင်ဂျင်နီယာတွေ နိုင်ငံတကာမှာ နာမည်ကောင်းရ နေတာတွေလည်း ရှိနေကြပြန်တယ်။ စင်္ကာပူမှာ ကျောင်းဆက်တက်ပြီး လမ်းကြောင်းကောင်းကောင်း ရပြီး ထိပ်တန်း အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေ ဖြစ်သူတွေလည်း ဒုနဲ့ဒေးဆိုတာ သိရပြန်တော့ ကိုယ့်လူတွေ မတတ်တာလို့လည်း  ကောက်ချက်ချရခက်ပြန်ရော။

ဝန်ထမ်းတွေ လာဘ်စားတယ်၊ မပေးရင် ဘာမှမလုပ်ဘူး၊ နေရာတကာ ကျစ်တယ် ရစ်တယ်အထက်ဖားအောက်ဖိ ဖြစ်နေတယ်လို့ ပြောကြတယ်။ တကယ်လည်း ရုံးဌာနတွေ သွားဖူးသူတိုင်းကြုံ တွေ့ရတာတွေအရ မပေး ရင် မလုပ်ကြတာတွေ၊ အမျိုးမျိုး ရစ်ခံရတာ အချိန်ဆွဲခံရတာချိန်း လိုက် မတွေ့ရလိုက်နဲ့ ပစ်ထားခံ ရတာတွေလည်း အများကြီးကြုံ ဖူးနေတော့ မှန်တယ်လို့ဆိုနိုင် ပေမဲ့၊ တကယ် အစိုးရလုပ်ငန်း တွေမှာ တစ်ဘဝလုံးမြှုပ်ထားပြီး တိုင်းပြည်အတွက် နေ့မအိပ် ညမအိပ် အလုပ်ချိန်များစွာကို လခနည်းနည်းကို လောက်အောင် သုံးပြီးနေကြနဲ့၊ တိုင်းပြည်ကို တကယ် စေတနာနဲ့ တည်ဆောက်ပေးနေကြတဲ့ နိုင်ငံတော်မျက်နှာပဲ ကြည့်တဲ့ဝန်ထမ်းတွေ အများကြီးဆိုတာ တွေ့နေရတယ်။ သူ့စနစ်နဲ့ သူ့အလုပ်ကို တာဝန်ကျေအောင် လုပ်နေကြသူတွေများစွာ ရှိနေကြတာလည်း ဝမ်းသာဖွယ်တွေ့ရတယ်။ တကယ်ဆို သူတို့ရနေတဲ့ လခခံစားမှုနဲ့ နယ်တွေမှာ သူတို့နေရတဲ့ အတွက်နစ်နာတဲ့ သားသမီးပညာရေး စီးပွားရေး စတာတွေမမှုဘဲကျရာတာ ဝန်ထမ်းဆောင်နေသူ အများစုကို မြင်ရပြန်တော့ ဝန်ထမ်းတွေ မပေးရင်မလုပ်ဘူးလို့ ပြောရတာ အားနာလာပြန်တယ် ။

စီးပွားရေး လုပ်ငန်းတွေဆို တာ ဘနဖူး သိုက်တူးဖို့ ဝန်မ လေးဘူး၊ ငွေရဖို့ဆို ဘာမဆို လုပ်ကြတယ်လို့ ဆိုတယ်။ မှောင်ခို ချတယ်၊ အခွန်ရှောင်တယ်၊ လိမ်ညာ သွင်းတယ်၊ ရောင်းတယ်ကတိမတည်ဘူးလို့ ကြုံတွေ့နေကြရတယ်။ သူရဖို့ဆိုရင် ဘယ်သူဆို ပေးတယ် ပေါင်းတယ် ရအောင်လုပ်ကြပြီး ဖျက်ဆီးလို့ ဝန်ထမ်းတွေ ပျက်စီးကြရတယ် ဆိုတာလည်း ပြောခံရတယ်။ ဆေးအတုလုပ်တာတွေ စားသောက်ကုန်တွေကို အန္တရာယ်ရှိတာတွေနဲ့ ထုတ်တာစတဲ့ လုပ်ရပ်တွေဟာ ပြည်သူတစ်ရပ်လုံးကို ဒုက္ခရောက်စေသလိုလိမ်ဖို့ ဘတ်ဖို့ဝန်မလေးကြလို့ လိမ်ပြေးကြလို့ ကတိမတည်လို့ လုပ်ငန်းတွေကြောင့် တိုင်းပြည်မှာ ဖရိုဖရဲနဲ့ ပျက်စီးကုန်တာ ဒုက္ခရောက်တာကို တွေ့နေရလို့ ဒီဝိသမလောဘသားတွေကြောင့် တိုင်းပြည် ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး ဆိုးရွားစေတယ်လို့ ဆိုနိုင်တယ်။

စင်္ကာပူ လေဆိပ်မှာ စနစ်တကျတန်းစီပြီး လေယာဉ်ပေါ်တက်လာတဲ့ လူရွယ်လေးက မြန်မာလေဆိပ်ရောက်တော့ ကျော်ခွတယ်၊ တိုးဝှေ့တယ်။ စင်္ကာပူလမ်းပေါ် ကား မောင်းနေကျ မြန်မာ ကလေးမပဲ ရန်ကုန် ရောက်တော့ ထင်သလို မောင်းတယ်။ ဂျပန်မှာ စည်း ကမ်းရှိပြီး အလုပ်ကြိုးစားတဲ့ လူရွယ်ကလေးက မြန်မာပြည်က အလုပ်ခွင်မှာ Facebook ပဲ ပွတ်နေတာတွေ တွေ့နေရတာလည်း လက်တွေ့ပါပဲ။

တကယ်တမ်းကျတော့ ကိုယ့်နိုင်ငံမှာ ယာဉ်စည်းကမ်းလမ်း စည်းကမ်းကို ဂရုမစိုက်ကြတာ အလေးမထားကြတာ မဟုတ်ဘူး စည်းကမ်း ဖောက်ဖျက်သူတွေက ဖျက်လို့ လွယ်နေတာ ဘာမှအ ရေးယူမှု မရှိတာ ဖြစ်နေတယ်။ ဖမ်းတဲ့သူတွေကလည်း မဖောက် စေချင်လို့ ဖမ်းတာထက် ဖမ်းရင် ငွေရတာဆိုတော့ စည်းကမ်း ဖောက်ချင်လာအောင် လွှတ် လွှတ်ပေးတယ် ဒါမှဖောက်တဲ့ သူရှိနေမယ် မဖောက်ရဲဖြစ်သွားရင် ဖမ်းစရာ မကျန်မှာ ကြောက်နေကြသလိုပဲ။ လူကြီးကား VVIP ကား ဆိုတာတွေ ရှိနေကြတာ။ ငြိမ်းချမ်းရေးကား ရဲထုတ်ပေးထားတဲ့ လိုင်စင် ဘယ်အဖွဲ့ အစည်း၊ ညာအဖွဲ့အစည်းတွေ ရှိနေတာစတဲ့ စနစ်မှာ ရှုပ်ထွေးပွေလီထားတာတွေကလည်း ပြဿနာဖြစ်သလို နိုင်ငံတကာနဲ့ ယှဉ်ရင်လုပ်ထားတဲ့ စည်းကမ်း ဆွဲထားတဲ့ မျဉ်းသတ်မှတ်ထားတဲ့ ပါတက်နဲ့ တရားရုံးမှာ ရပ်ပြီးဖြေရှင်းရတဲ့ တရားစီရင်ရေးစနစ် ဒဏ်ကြေးဆောင်ပြီးတာနဲ့ပြီးတဲ့ အချက်အလက်မသိမ်းထားတဲ့ လိုင်စင် ပွိုင့်စနစ်တွေ ငွေပေးယူစနစ်တွေ သာမက သတ်မှတ်စည်းကမ်း ဆိုင်းဘုတ်တွေ စနစ်မကျတာ၊ မလုံလောက် တာတွေလည်းပါသလို ဥပဒေထိန်းကျောင်းတဲ့ အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံကအစ အားနည်းနေသလို ခံစားမိတယ်။

နောက်ပြီး မြန်မာနိုင်ငံရဲ့ ပ ညာရေးက ပညာမသင်ပေးလိုက် တာ မဟုတ်ဘူး စနစ်တကျ သင်ရိုးတွေနဲ့ ဆရာတွေ သူ့ အလုပ်သူလုပ်ပြီး သင်ပေးကြတယ်။ သို့သော် သင်တာတော်တဲ့ သူနဲ့ ညံ့တဲ့သူကို ခွဲပေးနိုင်စွမ်းရှိတဲ့ စနစ်မရှိတာနဲ့ တကယ်ကြိုးစားပြီး တတ်တဲ့ ကျောင်းသားရော၊ မကြိုးစားဘဲ ခိုးချတဲ့ ကျောင်းသားရော၊ ဘာမှမလုပ်ဘဲ ညံ့တဲ့ကျောင်းသားရော လွယ်လွယ်အောင်စေတဲ့ စနစ် ရှိနေတယ်။ ဒီတော့ မြန်မာဘွဲ့ရ တွေမတတ်ဘဲ အောင်တယ်ဆိုတဲ့စွပ်စွဲချက်ကလည်း မှန်နေတာပဲ။ မတတ်တဲ့ သူတွေကို တတ်ပါတယ်ဆိုတဲ့ လက်မှတ်တွေ ပေးထားမိကြတာကိုး။ ဒီတော့တကယ်တတ်တဲ့ သူတွေက နစ်နာနေကြတယ်။

အစိုးရဝန်ထမ်းလောကရော ပြင်ပ ပုဂ္ဂလိက လောကပါ ကိုယ်တွေဆီမှာ KPI စနစ်မရှိဘူး လုပ်သက်နဲ့ပဲ လူကြီးပြောစကား နားထောင်ပြီး မလုပ်မရှုပ် မပြုတ်ဖြစ်နေကြတာ။ JD မသေချာဘဲ လုပ်နေကြရတာ စီမံခန့်ခွဲသူတွေ လုပ်ငန်း ပိုင်ရှင်တွေပိုင်းကလည်း အားနည်းတာ သူတို့လည်း မတတ်တာ လုပ်မရတာတွေကြောင့် Ecosystem လည်နေတာကြီးကို မပြင်နိုင် ဖြစ်နေကြသလို၊ တကယ် ရဲရဲတင်းတင်း လာဘ်စားတဲ့ မဟုတ်တာ လုပ်ရဲတဲ့သူတွေက လည်း သူတို့ရှာပေးထားတဲ့ လူကြီး တွေက ကာပေးတာ ပေါင်းပြီး လုပ်စားကြတာ။ လုပ်ချင်ရာလုပ် ဘာ ပြဿနာတက်တက် အစ်ကိုကြီးညီလေးနဲ့ ရှင်းလို့ရနေတာ ရှာထားတဲ့ အထုပ်ကို ခွဲပေးတဲ့နည်း နဲ့ ရှင်းလိုရနေတာ နောက်ဆုံး ဆုံးဖြတ်ချက်ပေးတဲ့ တရားစီရင်ရေး မှာကိုက အားနည်းနေလို့ဖြစ်နေ တာတွေက ပေါ်တင်တောင်းနေ သူတွေကို အားလုံးက ကြောက်ပြီး ပေးနေရတာတွေနဲ့ မပေးရင်ရစ်ပြီး အချိန်ကုန်အောင်လုပ်ခွင့် ရှိနေတော့ အချိန်ကုန်မှာ အသိမ်းခံရမှာ ကြောက်ပြီး ပေးကြကမ်း ကြဖြစ်စေတဲ့ စနစ်တွေ အရလ ည်း ဒါမျိုးတွေ ဖြစ်ကြသလို အယိုအပေါက်များတဲ့ တည့်တည့်လုပ်ကိုင်မရတဲ့ ရှုပ်ထွေးနေတဲ့ဥပဒေနည်းဥပဒေ စည်းကမ်း နည်းလမ်းတွေကြောင့်လည်း ဒါမျိုးတွေက ရှိနေဦးမှာပါပဲ။ ဒီတော့ တကယ်ဂုဏ် ပြုထိုက်တဲ့ အများစု ဝန်ထမ်းတွေ အတွက် အရိပ်မည်း ထိုးသလိုဖြစ်ကုန်စေတာလို့ပဲ မြင်မိတယ်။

တိုင်းပြည်မှာ လူတိုင်း ပညာ သင်ပြီးရင် အလုပ်အကိုင်တွေ ရ ကြဖို့လုပ်ကြဖို့လိုတယ်။ လခစားဖြစ်စေ ၊ကိုယ်ပိုင်ဖြစ်စေလိုတယ်အစိုးရဆီဖြစ်စေ အပြင်မှာ ဖြစ်စေ အလုပ်လုပ်ကိုင်ကြရာမှာ စီးပွား ရေး လုပ်ငန်းတွေဆိုတာ အရေးကြီးတယ်။ တကယ်အလုပ်အ ကိုင် အခွင့်အရေးပေးတဲ့ လုပ်ငန်းကြီးတွေ၊ အခွန်ရတဲ့လုပ်ငန်းကြီး တွေကို လူတိုင်း လေးစားရမဲ့အ စား ချမ်းသာရင်ကို ခရိုနီဆိုပြီးအမြင်မကြည်တာ၊ ချမ်းသာသူ ဟာ အာဏာရှိသူနဲ့ ပေါင်းစားသူ၊ သဘာဝ ပတ်ဝန်းကျင်ဖျက်သူ၊ အခွန်ရှောင်သူ၊ အလုပ်သမားဆီက ဂုပ်သွေးစုပ်သူလို့ မြင်ကြတာဂွင် ကြောင့်ပဲ ချမ်းသာတယ်လို့ထင် ကြတာတွေက လွှမ်းမိုးလာတော့ တကယ် ရိုးသား ကြိုးစား ဖန်တီးနိုင်သူတွေ လုပ်ဖော်ကိုင်ဖက်အပေါ် စေတနာကြီးတဲ့ လုပ်ငန်းရှင် ကြီးတွေ မျှတသူတွေ၊စီမံ ခန့်ခွဲမှုကောင်းသူတွေ၊ စနစ်ကောင်းသူတွေ တကယ့် အလုပ်ကိုင်ကောင်း တွေကို ဖန်တီးသင်ယူပေးသူတွေ နိုင်ငံတကာ တန်းဝင်အောင်ဆောင်ရွက်ပေးနိုင်သူတွေ ရှိနေကြပေမဲ့ တိုင်းပြည်က အလုပ်အကိုင်တွေဖန်တီး ပေးနိုင်ရုံမကအ ရည်အသွေး တက်အောင်အမြဲ သင်ပေးနိုင်သူတွေက အမြင်မကြည်တာကို ခံနေရရှာတယ်။ဒါ တည်း တိုင်းပြည် ရေရှည်အတွက် ကောင်းတာတော့ မဟုတ် ဘူး။ တကယ်တော့ အခွန်ရှောင် တာကို မဖမ်းဘဲနေတာ၊ မှောင်ခို တွေ လွယ်နေတာ၊ တိုင်းပြည်က ငွေ စီးဝင်စီးထွက်ထင်သလို လုပ်ရနေတာဟာ တကယ် ကောင်း ရောင်း ကောင်းဝယ်လုပ်နေသူ တွေ မရှင်သန်နိုင်အောင် မရပ်တည်နိုင်အောင် လုပ်ပေးနေသလို ဖြစ်တေတယ်။ အဓိက ကတော့ Rule of the Law ပါပဲ။

ကိုယ့်ဆီမှာ အဓိက လိုနေတာကတော့ ဒီမိုကရေစီဆိုပြီးထင်ရာကို ပရမ်းပတာလွှတ်ထားတာထက် စည်းကမ်းရှိဖို့ ဥပဒေတွေ တရားမျှတပြီး ထိရောက်ဖို့ လူကောင်းတွေကို ကာကွယ်ဖို့ လူဆိုးတွေ ရှင်းနိုင်ဖို့ အတွက်လုပ်ဖို့လိုတာတွေ မလုပ်တော့တောရိုင်း ဥပဒေလို ကောင်းဘွိုင်ခေတ်ကလို သေနတ်ပစ်နိုင်သူနိုင်တဲ့ခေတ် ရောက်နေသလိုပါပဲ။ ဥပဒေတွေမထိရောက်တာ၊ လူတွေ မယုံကြည် မလေးစားတာက အကယ်ပြဿနာ အစစ်ဆိုတာ သိဖို့လိုပါတယ်။ တကယ်က သူ့ဘာသာသူ လမ်းစည်းကမ်းဖောက်တ၊ သူဘာသာသူစာမေး ပွဲခိုးချတာ သူဘာသူ လာဘ်ယူတာ ဘာဖြစ်လည်းဆိုတဲ့ စိတ်ရှိနေသမျှဆိုးတဲ့ သူတွေကို ကာကွယ်မပေးတာ ရှိနေသမျှ ကောင်းတဲ့သူတွေဘယ်လောက်ရှိရှိ အဲဒီပတ်ဝန်းကျင် အဲဒီလောကကြီးက နေချင်စဖွယ်မဖြစ်မှာတော့ အသေအချာပါပဲ။ ဒါကြောင့် Organization Design မှာ စနစ်ကို သေချာလုပ်ပြီး ထိရောက်တဲ့ အားထည့်မှု မရှိရင်  ကျွန်တော်တို့ဟာ မစင်ပါနေတဲ့ ဟင်းခွက်စားနေကြရသလို၊ ဖိနပ်စုတ် ကျနေတဲ့ ရေအိုးထဲက ရေသောက်နေရသလို ဘဝကို အားလုံး ရောက်ကြရမှာ ဖြစ်လို့အရေးကြီးတယ်လို့ ထင်မြင်မိပါတယ်။ မိတ်ဆွေတို့ ဘယ်လိုယူဆကြပါသလဲ။