ပြည်ပခရီးစဉ် တစ်ခုသွားတော့မယ်ဆိုရင်

နည်းပညာဖွံ့ဖြိုး တိုးတက်လာမှုနဲ့ အတူ လုပ်ငန်းခွင်အရပဲဖြစ်ဖြစ်၊ လေ့လာရေး အနေနဲ့ပဲဖြစ်ဖြစ်၊ အပျော်ခရီးအနေနဲ့ပဲ ဖြစ်ဖြစ်တွင်ကျယ်လာတဲ့ ပြည်ပ ခရီးစဉ်ထွက်ခွာမှုနဲ့ ပတ်သက်ပြီး ကျွန်တော်ကကြိုတင် ပြင်ဆင်သင့်တဲ့ အကြောင်းအရာလေးတွေကို ပြောပြချင်ပါတယ်။

ဒီအချက်တွေဟာ ခဏတာခရီးတို ထွက်ရှိမှု အတွက်တင် မဟုတ်ဘဲ ပြည်ပမှာ အလုပ်သွားရောက် လုပ်ကိုင်တဲ့ Long Stay သမားတွေ အတွက်ပါ  အဆင်ပြေစေမယ့် ကြိုတင်ပြင် ဆင်နိုင်မှု အကြောင်းအရာတွေလည်း ဖြစ်ပါတယ်။ ကြိုတင်ပြင် ဆင်ရမယ့် အချက်တွေကို အပိုင်းခွဲမယ်ဆိုရင်တော့ အဓိကအနေနဲ့ ၅  မျိုးရှိမှာပါ။ အဲဒီကနေမှ အသေးစိတ်လုပ်ဆောင်ရဖို့ ကတော့ အချက် ၂၀ ရှိပါမယ်နော်။

(က) လုံခြုံရေးနဲ့ ကျန်းမာရေး အပိုင်းအတွက်ကိုတော့ ကျွန်တော်က နောက်ထပ် (၄) မျိုး ထပ်ခွဲပြီးအသေးစိတ် လုပ်ဆောင်ဖို့ အကြံပေးချင်ပါတယ်။ အဆိုပါ အ ချက်လေးချက်ကတော့

၁- သင့်ရဲ့ ကျန်းမာရေး ဆေး စစ်ချက်ကို သက်ဆိုင်ရာကနေရယူ စစ်ဆေးပါ၊ နောက်ပြီးတော့ အာမခံဆိုင်ရာ လုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး ကျန်ရှိခဲ့မယ့် အိမ်၊  လုပ်ငန်း၊ ပိုင်ဆိုင်မှုက အစနောက်ဆုံး သင့်ရဲ့ အသက်အထိအောင်ပါ အာမခံထားရှိတာမျိုး လုပ်ဆောင်သင့်ပါတယ်။ နောက်ပြီး ဆေးထောက်ခံချက် ရယူမှုဟာ သင့်အနေနဲ့ ခရီးသွားလာနိုင်မှု ရှိ၊ မရှိအပြင် တစ်ဖက်နိုင်ငံကပါ လက်ခံနိုင်အောင် ရောဂါဘယ ကင်းရှင်း ကြောင်း ထောက်ခံချက်ရ စေနိုင်မှာ ဖြစ်ပါတယ်။

၂- သင့်ရဲ့ Passportကို မိတ္တူ ယူဆောင်သွားပါ၊

ဒီအချက် က တစ်ဖက်နိုင်ငံမှာ သင့်ရဲ့ Passport ပျောက်ဆုံးခဲ့ရင်၊ ဒါမှမဟုတ် အခိုးခံရတာမျိုး ရှိခဲ့ရင် သက်သေခံ အနေနဲ့အသုံးဝင်စေနိုင်ဖို့ ဖြစ်ပါတယ်။

၃- သင့် Passport မိတ္တူကို  အိမ်မှာချန်ခဲ့ပါ၊

ဒီတစ် ချက်ကတော့သင့်ရဲ့ ခရီးသွားလာမှု ဆိုင်ရာ မှတ်တမ်းကို အိမ်မှာဒါမှမ ဟုတ် ယုံကြည်စိတ်ချရသူ ထံမှာ အပ်နှံစေခြင်း ဖြစ်ပြီး လိုအပ်ခဲ့ သည်ရှိ သော် အသုံးဝင်စေနိုင်ဖို့ ဖြစ်ပါတယ်။

၎- သင့်နိုင်ငံသံရုံးနဲ့ သွားလာ မယ့်နိုင်ငံရဲ့ သံရုံးမှာ ကြိုတင် စာရင်းပေးပါ၊

ဒီတစ်ချက်က သွားရောက်မယ့် နိုင်ငံကို သင်ရောက် ရှိပြီးချိန်မှာ ဖြစ်လာခဲ့တဲ့ လိုအပ်ချက်၊ ပြဿနာ၊ အခက်အခဲတွေ အတွက် အဆိုပါ သံရုံးကနေ အကူအညီရရှိစေနိုင်မှာ ဖြစ်ပါ တယ်။

(ခ) ငွေကြေးပိုင်းဆိုင်ရာ ကြိုတင်လုပ်ဆောင်သင့်တဲ့ အချက်တွေကို ပြန်ပြီး အသေးစိတ် ခွဲမယ် ဆိုရင်တော့ (၆) ခုလောက် လုပ် ဆောင်ရပါလိမ့်မယ်။ အဆိုပါ အချက်တွေကတော့

၁- ခန့်မှန်းအသုံးစရိတ်ကိုတွက်ချက်ပါ၊ အပိုယူဆောင်ဖို့ ပြင်ဆင်ပါ၊ ဒါကတော့ သင့်အနေနဲ့ အဆိုပါ တစ်ဖက်နိုင်ငံမှာ အချိန် ဘယ်လောက်ကြာနေမယ်၊ ဘယ်နေရာတွေကိုသွားလာမယ်၊ ခန့်မှန်းစရိတ် ဘယ်လောက်ရှိမယ် ဆိုတာတွေကို အသိမိတ်ဆွေထံ ကနေ လည်းကောင်း၊ အင်တာနက်ပေါ်ကနေ လည်းကောင်း၊ Travel  Agent ကနေ လည်း ကောင်း စုံစမ်းမေးမြန်းပြီး ခန့်မှန်း ချေကုန်ကျ စရိတ်ကိုတွက်ချက်ပါ၊ ပြီးမှ အဆိုပါ ပမာဏတစ်ရပ် ထွက်လာပြီ ဆိုရင် နောက်ထပ် အနည်းဆုံး နှစ်ရက်တာ အတွက် ခန့်မှန်း ကုန်ကျစရိတ်ကို အပိုထပ် ဆောင်းယူပါ။ ဒါပေမဲ့ သတိပြုစရာ တစ်ချက်က မလိုအပ်သော ပမာဏလောက်ထိအောင်များပြားတဲ့ ငွေကြေးကို ငွေသားအဖြစ်နဲ့ ယူဆောင်ခြင်း မပြုတာ အကောင်းဆုံး ဖြစ်မှာပါ။

၂- သင့်ရဲ့ Credit Card အနေနဲ့ သွားရောက်မယ့် နိုင်ငံမှာ အမှန်တကယ် သုံးစွဲနိုင်မှု ရှိ၊ မရှိ ကိုစစ်ဆေးပါ၊

၃- ကြိုတင်ငွေလွှဲပါ၊ ဒီအချက်ကတော့ သင့်အနေနဲ့ ငွေကြေး အမြောက်အမြား ယူဆောင်သွားရမယ့် လုပ်ငန်းမျိုးမှာဆိုရင် ငွေကြေးအားလုံးကိုတစ်ပါတည်း ယူဆောင်သွားဖို့ မသင့်တာ ကြောင့် သက်ဆိုင်ရာဘဏ် တစ်ခုခုကနေ ကြိုတင်ငွလွှဲထားသင့်ပါတယ်။ ဒီနေရာမှာ ATM လို  စက်မျိုး ကနေလည်း တစ်ခါတည်းနဲ့  ငွေကြေး အမြောက်အမြားထုတ်ယူဖို့ ခက်တာကြောင့် ကြိုတင်  ငွေ လွှဲထားတာ ပိုပြီး အဆင်ပြေ ပါလိမ့်မယ်။

၎- ကြိုတင်ငွေလဲလှယ်ထား ပါ၊ တစ်ဖက်နိုင်ငံမှာ အသုံးပြုဖို့ သက်ဆိုင်ရာ ငွေအမျိုးအစားကို လဲလှယ်ယူဆောင်သွားသင့်ပါ တယ်။

၅- ခရီးသွားလာမှု အတွက်  သင့်ရဲ့ သက်ဆိုင်ရာ ဘဏ်ဒါမှမဟုတ် Credit Card ထုတ်ပေး သူကို အသိပေးထားပါ၊ တချို့နိုင်ငံတွေမှာ ငွေကြေးဆိုင်ရာလုံခြုံရေး စနစ် တင်းကျပ်လွန်းတာတွေ၊ လုံခြုံရေး ဆိုင်ရာ စစ်ဆေးမှု စနစ် အားနည်း တာတွေ၊ အချိန် ကြာမြင့်တာတွေ ရှိတတ်ပါတယ်။ ဒီအတွက် တစ်ဖက် နိုင်ငံမှာ ငွေလိုအပ်ခဲ့လို့ ထုတ်ယူ ချိန်မှာ ပြဿနာရှိခဲ့မယ် ဆိုရင် ချက်ချင်း ချိတ်ဆက် အချက်အလက်ပေးနိုင်ဖို့ မိမိရဲ့သက်ဆိုင်ရာ ဘဏ်လိုနေရာမှာ အသိ ပေးထားခဲ့တာ အကောင်းဆုံးဖြစ်ပါတယ်။

၆- မိမိသွားလာမယ့် နိုင်ငံရဲ့  ပြည်ဝင်ကြေး၊ ထွက်ခွာကြေးတွေ ကို လေ့လာ ယူဆောင်ပါ။

ဒါကတော့ အချို့သော နိုင်ငံတွေမှာ ကျင့်သုံးတဲ့ အလေ့ ဖြစ်ပါတယ်။ ဒါပေမဲ့ အပို အနေနဲ့ ပေး ဆောင်ရတာ မဟုတ်ဘဲ ပြည်ဝင်ကြေး၊ ထွက်ခွာကြေးလို အခကြေးငွေ တွေဟာ လေယာဉ် လက်မှတ်ဖိုးထိအောင် ထည့်သွင်း ပါရှိတတ်ပြီး နှုန်းထားတွေကတော့ အနည်းဆုံး ဒေါ်လာ ၂၅ ကနေ ၂၀၀ အတွင်း ရှိတတ် ပါတယ်။

(ဂ) သွားရောက်မယ့် ဒေသဆိုင်ရာ အချက်အလက် လေ့လာမှုမှာတော့ အသေးစိတ် ကြိုတင် လုပ်ဆောင်သင့်တဲ့ အပိုင်း (၃)ပိုင်းရှိပါတယ်။

၁- သင် သွားလာလည်ပတ် ချင်တဲ့ နေရာတွေရဲ့ လက်မှတ်၊ ၀င်ခွင့်တွေကို ကြိုတင် မှာယူထား ပါ။

၂- သင်နားလည်မယ့် ဘာသာ စကားနဲ့ ရေးသား ဖော်ပြထားတဲ့ ခရီးသွား လမ်းညွှန်စာအုပ်ကို ရအောင် ရှာဖွေ စုဆောင်းထားပါ၊ ဒါမှမဟုတ် အင်္ဂလိပ်လို ဖော်ပြထားတဲ့ စာအုပ်မျိုးအနည်းဆုံး ရှာထားပါ။

၃- သင် သွားရောက် လည်ပတ်နေမယ့် အချိန်မှာ အဆိုပါ နိုင်ငံအတွင်း ဖြစ်နေမယ့် အဖြစ်အပျက်၊ အကြောင်းအရာ၊ ပွဲတော်၊ ဓလေ့၊ အခမ်းအနား၊ ပြိုင်ပွဲ  အစရှိသဖြင့် အကြောင်းအရာတွေကို ကြိုတင်လေ့လာ ထားပါ။

(ဃ) လျှပ်စစ်နဲ့ နည်းပညာ ဆိုင်ရာ အပိုင်းမှာတော့ အချက် (၄)ခုကို အဓိကထား လုပ်ဆောင် ဖို့ လိုအပ်မှာပါ။

၁- သင့်ရဲ့ လက်ကိုင်ဖုန်း၊ အိတ်ဆောင်ကွန်ပျူတာ၊ ကင်မရာလို အရာတွေ အတွက် အားသွင်းကြိုးတွေကို မဖြစ်မနေ ယူဆောင်ပါ။

၂- သွားရောက်မယ့် နိုင်ငံရဲ့ လျှပ်စစ်မီးအားပေး စနစ်ကို ကြိုတင် လေ့လာပြင်ဆင်ပါ။ ဒါက တော့ ဥပမာ ကျွန်တော်တို့ နိုင်ငံမှာ ၂၂၀ ဗို့ အနေနဲ့ မီးအားပေးပြီးတော့ အချို့သော နိုင်ငံတွေမှာ ၁၁၀ ဗို့နဲ့ အားပေးတာတွေရှိတတ်တာ ကြောင့် ကြိုတင်ပြင်ဆင်မှု လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

၃- သင့်ရဲ့ ဖုန်းကို ကမ္ဘာတလွှားလုံး ခေါ်ဆိုလို့ ရနိုင်အောင်  ပြင်ဆင်ထားပါ၊ Package ၀ယ်ယူတာပဲ ဖြစ်ဖြစ်၊ အဆင့်မြှင့်တာ ပဲဖြစ်ဖြစ်ကြိုတင် လုပ်ဆောင် ထားသင့်ပါတယ်။

၎- ခရီးသွား လမ်းညွှန်ဆိုင် ရာ App တစ်ခုခုကို ရယူ အသုံးပြု သင့်ပါတယ်။ ဥပမာ Travelzoo ကဲ့သို့သော App ဖြစ်ပါတယ်။

(င) အ၀တ်အထည်နဲ့ ယူဆောင်မှုအပိုင်းမှာတော့ အလေး  ပေး လုပ်ဆောင်ရမယ့် အဓိကအချက် (၃)ချက် ရှိပါ တယ်။

၁- အ၀တ်အထည်ကို တစ်စုံ  အနည်းဆုံး အပိုယူဆောင်ပါ။ တစ်ဖက်နိုင်ငံမှာ ဈေးနှုန်းအနေ အထားဟာ ကြိုတင် မသိနိုင်တာ ကြောင့် လိုအပ်လို့ ၀ယ်ခဲ့မယ်  ဆိုရင် ကုန်ကျစရိတ်ပိုစေနိုင်ပါ တယ်။

၂- မိမိ စီးနင်းသွားလာမယ့် လေကြောင်းလိုင်းက ခရီးဆောင်အိတ်ကို ဖွင့်လှစ်စစ်ဆေးမှု ရှိသလား စုံစမ်းပါ။ ဒါကတော့ လေကြောင်းပိုင်းအပေါ် မူတည်ပြီး  ကျင့်သုံးတဲ့ စနစ်မတူကြပါဘူး။ တချို့က အိတ်ကို ဖွင့်စစ်တတ်ပါ တယ်။ ဒီလို ဖွင့်စစ်တတ်တဲ့ လေ ကြောင်းလိုင်းနဲ့ သွားလာမယ်ဆို ရင်ဖွင့်ပြနိုင်ဖို့ အထိ အဆင်ပြေအောင် ထုပ်ပိုးထားတာ အ ကောင်းဆုံး ဖြစ်ပါတယ်။

၃- အဆာပြေ အစားအစာယူ ဆောင်သွားဖို့လည်း ပြင်ဆင်ထားပါ။ ခရီးတစ်ခု သွားလာခြင်း လုပ်ငန်းစဉ် အတွင်း အဆာပြေ အစာစားခြင်းဟာ ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တဲ့ အချက်တစ်ချက် ဖြစ်လို့ပါပဲ။

Ref: www.travelzoo.com