ဈေးကွက် စီးပွားရေးနဲ့ စီးပွားရေး ဈေးကွက် (၂)

နည်းပညာထိပ်တန်း ပစ္စည်း တစ်ခုဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ နာမည်ကြီးထုတ်ကုန်  iPhone တွေ ဝယ်တဲ့ အခါ အမေရိ ကားမှာပဲ ဝယ်ဝယ် Made in China ဆိုတာကြီးကိုပဲ တွေ့ရမယ်။ တကယ်တော့ ဒီဖုန်းကို တရုတ်ပြည် မှာဆင်တယ်ဆိုပေမယ့် တရုတ်က ဒီဖုန်းမျိုး မလုပ်တတ်ဘူး။

Apple  က သူ့ရဲ့ဒီဇိုင်းနဲ့ သူဖန်တီးတဲ့ဖုန်းကိုပဲ တရုတ်မှာ သွားဆင်တယ်။

ဖုန်းတစ်လုံး ဖြစ်ဖို့ ကုန်ကြမ်း တန်ဖိုး နိုင်ငံ ၃၀ -၄၀ က ပစ္စည်း တွေ ပေါင်းထားပြီး အရင်း $ 200-300 ပဲ ကျပေမယ့် iTune ကြီး နဲ့ဆော့ဝဲလ် ၂သန်းကျော်ရှိတဲ့ ဒီစနစ်ကို သုံးနိုင်ဖို့ ဖုန်းကို $600-1000 ကြားကို အားလုံး ပေး ဝယ် ကြရချိန်မှာ တရုတ်က တစ်လုံးဆင်ခ အရင် $9 ကနေ $6 အခု $4 လောက်ပဲ ရတော့ တယ်။

ဒါတောင် သူတို့က တရုတ်မှာဆင် ပေမယ့် Foxcom က Taiwan Company နောက်ပြီး အခု Robot တွေနဲ့ ဆင်ကြတာ။

ကမ္ဘာကျော် အားကစားပစ္စည်းထုတ်တဲ့ Nike လည်း ကိုယ်ပိုင်စက်ရုံတောင် မရှိဘူးလို့ကြားမိဖူးတယ်။  ဂျပန်လည်း တရုတ်မှာ သွားထုတ်ရတာတွေ အများကြီးပဲ။ တရုတ်က အဲ့လို လုပ်ပေးတာကို OEM  လို့ခေါ်ကြတာ ကြားဖူးတယ်။ တချို့လည်းမူလပိုင်ရှင်တွေရဲ့ ပစ္စည်းကို ထုတ်ပေးတာရှိသလို သူတို့ဘာသာထုတ်ပြီးကြိုက်တဲ့ တံဆိပ် ကပ်ပေးမယ်ဆိုပြီး ပြင်ပေးပြီး ထုတ်ရောင်းတာ မျိုးတွေလည်း ရှိတယ်။

ထုတ်တဲ့ အခါလည်း ပမာဏနည်းတာများတာ သတ်မှတ်ချက် အပေါ် ထုတ်လုပ်မှု စာရိတ်က ဖြစ်တယ်။ တစ်ခါ ထုတ်ပြီးတဲ့ အခါမှာလည်း ဝန်ဆောင်မှု ဆက်ပေးနိုင်တာ၊ အမြဲဆက်ဆံ သွားနိုင် တာ တွေသာမက စွန့်ပစ်ဖို့ကိစ္စတွေ၊ သဘာဝပတ်ဝန်းကျင်တွေ ပါလာတယ်။ အပုံလိုက်ထုတ်ပြီး ပို့မလား၊ လိုသလောက် လိုတဲ့နေရာမှာ ထုတ်မလားဆိုတာတွေ တွက်လာတွေးလာကြတယ်။

တစ်ခါသုံး ပစ္စည်းထက် ပိုပြီး ယုံကြည်မှုကိုရောင်းတာ၊ ခံယူချက် ကိုရောင်းတာ စတဲ့တံဆိပ် တွေကို ပါရောင်းတာမျိုးတွေဖြစ် လာတယ်။ ဒီတော့အလုပ်ခွဲခြား လုပ်ကိုင်မှု အရ ကျန်တာတွေ လုပ်တဲ့သူတွေက ထုတ်တာသက်သက်ကို တရုတ်က သက်သာပြီး အဆင်ပြေတော့ တရုတ်မှာသွား ထုတ်ကြ တယ်ဆိုတာဖြစ် လာ ကြ တာပါပဲ။

တရုတ်ကြီးကလည်း နိုင်ငံကြီး သူ့လူများသူဖြစ်တော့ သူဆီကို သွင်းကြတာနဲ့စာရင် လာထုတ်တာက လူတွေ အလုပ်ရတယ် ဈေးကွက်ကသူတွေ သက်သာမယ်ဆိုတာနဲ့ လာထုတ်သူတွေကို လက်ခံပေးနေတယ်။ အကောင်းဆုံး လုပ်ပေးတယ်။

လာတဲ့သူတွေ စိတ်ချမ်းသာစေတဲ့ အစိုးရဝန်ဆောင်မှုတွေ အာမခံချက်တွေနဲ့ ကွန်မြူနစ် အစိုးရဖြစ်ပေမယ့် လုပ်ပေးနိုင်ခဲ့တယ်။

ဝမ်းနည်းဖို့ ကောင်းတာက မြန်မာနိုင်ငံပဲ။ တရုတ်နဲ့နီးတဲ့ အ တွက် တရုတ်ကဈေးပေါပေါနဲ့ ဝင်လာနိုင်တယ်။ တရုတ်ကပြည်ပပို့တဲ့အခါ အရည်အသွေး စစ်သူက စစ်ထုတ်ပြီးဖယ်ထားတဲ့ Rejectတွေနဲ့ အတုတွေ ဝင်လာဖို့ လွယ် နေတယ်။ မော်ဒယ်ဟောင်း သွားတာ၊ ဆက်မထုတ်တော့တာစတဲ့ ဂိုဒေါင်ရှင်းတဲ့ အခါလည်း ကိုယ်ဆီ့ဝင်ချလာတယ်။ တကယ်လို့ ပုံမှန်ထုတ်တယ် ဆိုရင်တောင် Economic of scale အရ စက်ရုံ မှာ တစ်နေ့ထုတ်နိုင်စွမ်းက ကုန်ပ စ္စည်းရဲ့ တစ်ခုကုန်ကျစရိတ်ကို များစွာ သက်ရောက်တော့ ကိုယ့်ဆီမှာ လာလုပ်မဲ့သူက သူတို့နဲ့ယှဉ်လုပ်နိုင်ဖို့ အတော်ခက်သွားတယ်။

တစ်ခါ ကုန်ကြမ်းတွေ ထုတ်အပိုးပစ္စည်းတွေ ရတာတွေမှာ လည်း အတော်ကွာခြားမှု ရှိသလို လုပ်သား ကျွမ်းကျင်မှုမှာလည်း ကွာနေတယ်။ နောက်ပြီး ကိုယ့် ဆီက စက်ရုံတွေက သူတို့ အကျတွေ အခြားနိုင်ငံက အကျတွေ ဖြစ်တာ၊ ခေတ်မမီတော့တာတွေ စက်ရုံဆောက်ဖို့မြေနေရာ ဈေးကြီးတာ၊ မီးစက်ဝယ်ရတာ၊ အလှူခံလာတာ၊ အခွန်များတာ၊ ဆရာများတာစတဲ့ စိန်ခေါ်မှုတွေများနေပြီး ဈေးကွက်ပြောင်းသလို လိုက်မပြောင်းနိုင်ဘဲ ကျန်ခဲ့ကြတာတွေလည်း အများကြီး ဖြစ်နေတယ်။

အနည်းဆုံး စက်မှာတာမပြောနဲ့ အစိတ်အပိုင်းပျက်လို့ ပြန်ပို့တာ၊ မှာတာတွေမှာလည်း အချိန်ရော ငွေရောကုန်တာတွေက မြန်မာနိုင်ငံက သိပ်များပြီး စရိတ် သိပ်ကြီးတော့ စက်ရုံတွေ ရှင်သန် ဖို့ ခက်သလိုဖြစ်နေတယ်။ ဒီထက်ပိုဆိုးတာက မြန်မာဈေး ကွက် အတွက် လိုတဲ့ လူသုံးကုန်ပစ္စည်းကို မြန်မာကုန်သည်က သိပေမယ့် လည်း မလုပ်တတ်တော့ တရုတ်မှာတယ်။ လုပ်တဲ့သူရှိ လည်း ဈေးကွက် ယှဉ်ပြိုင်ဖို့ လျှို့ဝှက်ဖို့ ပြည်ပကမှာတယ်။  အဲ့ဒီမှာတင်တ ရုတ်စက်ရုံတွေက မြန်မာဈေး ကွက်က ဘာကြိုက်တယ်၊ ဘာ တွေရောင်းရတယ် ဆိုတာ ဘယ်လောက်ပေးတယ်ဆိုတာ သိလာ တယ်။

တရုတ်တွေကပဲ ပြည်ပက သူတွေကပဲ မြန်မာပြည်က အကြိုက်မြန်မာဒီဇိုင်းတွေကို ထုတ် လာရင်း ဒီဇိုင်းဖန်တီးသူက မြန်မာဖြစ်ပေမယ့် စက်ရုံကပဲ အကျိုးအမြတ်ရသွားတယ်။ ဒေါ်အောင်ဆန်းစု ကြည်ဝတ်ပြီး လူကြိုက်များခဲ့တဲ့ မန္တလေးက ဆေးရေး ဒီဇိုင်းပုံတွေက ကိုယ့်ဆီမှာ ဒီဇိုင်းထုတ်ကြရပြီး တကယ် လူကြိုက်လာတော့ မလုပ်နိုင်တာ တရုတ်က ကုန်ကြမ်းထက် ပိုမသုံးနိုင်တာ ကြောင့် ဒီလိုအ ထည်တွေကို ယိုးဒယားက တစ်မျိုး အကောင်း ထုတ် ဝင်သလို တရုတ်က လူတိုင်းဝတ် နိုင်တဲ့ အပေါထုတ်တွေ ဝင်လာ တယ်။

တကယ်ဖန်တီးနိုင်သူ ဒီဇိုင်း လုပ်သူတွေက မခံစားရသလိုဖြစ်နေတယ်။ အလားတူပဲ အရင်က စက်မှုဇုန် ဘက်တွေမှာ လုပ်ခဲ့ကြတဲ့အချို့ ထုတ်လုပ်တာတွေက ရပ်ပြီးတရုတ်မှာထုတ်တာ ယူပြီး ရောင်းတာ ပိုကိုက်နေသလို တွေဖြစ်တယ်။ မန္တလေးက ကျောက်စိမ်း တွေလည်း ကိုယ့်ဆီမှာ အညံ့ပဲ ဝယ်ရပြီး အကောင်းတွေ အကုန် တရုတ်မှာပဲသွားပစ္စည်းလုပ်ကြ တယ်။ ကိုယ့်ဆီကို လုပ်ပြီးမှ ပြန်ဝင်တယ်။ ဒီတော့ကိုယ့်နိုင်ငံထွက် ကျောက်က ကိုယ့်ဆီမှာ အထည်ကောင်းရင် ပိုဈေးကြီးနေကြပြန်ရော။

အခုကို မြန်မာပစ္စည်းတွေကို တောက လာတဲ့ နယ်ကလာတဲ့သူ တွေရောင်းတဲ့ ဘုရားပွဲတွေ ၊ ဘုရားဈေးတွေ၊ ဘုရား စောင်းတန်းတွေမှာ မြန်မာလုပ်တွေကနေ တရုတ်ကလာတဲ့ ထိုင်းကလာတဲ့ ပစ္စည်းတွေ အတော်နေရာ ယူနေပြီး ဆင်းတု တော်တောင် ထိုင်းက လာတာကို ဈေးကြီးပေးရှိခိုး နေကြရတဲ့ ဘဝရောက်နေကြပြီ။

စိုက်ပျိုးရေးမှာတောင် တရုတ်က ထိုင်းက သီးနှံတွေပြန်ဝင်တာတွေရှိသလို သကြားလို၊ ငရုတ်လို၊ ကြက်ဥလိုတွေက ထိုင်းကိုတောင်မှီရမလို ဖြစ်လာတဲ့ အနေအထား ဖြစ်နေတယ် ကိုယ့်ဆီက ယှဉ်မထုတ်နိုင်ကြဘူး။ ကိုယ့်ဆီမှာက ကုန်ကြမ်းပဲ ရောင်းနိုင်တဲ့ အထဲတံ ဆိပ်ရဲ့နာမည်ကောင်းလက်မှတ် Brand Value က မတည်ဆောက် ထားနိုင်သေး ဘူး။

ဖြစ်စေချင်တာက ကိုယ်မထုတ်လုပ်နိုင်တော့ ကိုယ့်ဈေးကွက်ကို ကိုယ်က သုတေသနလုပ် ဒီဇိုင်းဆွဲပြီး တရုတ်သွားအပ်၊ ကိုယ်က အမြတ်ယူဆိုတဲ့ နိုင်ငံတကာနဲ့ တရုတ်လုပ်နေသလိုမျိုး မလုပ်နိုင်ကြသေးတာ အားမလို အားမရဖြစ်မိတယ်။ အင်ဒိုနီးရှားက ပါတိတ်တောင် မြန်မာဈေး ကွက် ချကြည့်လို့ ပေါက်ရင် တ ရုတ်က အဲဒီ ဒီဇိုင်း အလုံးအရင်းနဲ့ ဝင်လာတယ်။

တိုင်းပြည်က ဘာမှ ထုတ်ကုန်ဝင်ငွေမရဘဲ သွင်းပြီးစားနေရင် မွဲရင်မွဲ၊ သယံဇာတကုန်ရင်ကုန်၊ သဘာဝပတ်ဝန်းကျင် ပျက်ချင်ပျက်ဆိုတာတွေနဲ့ပဲ အဆုံးသတ်ရဖို့များတယ်။ တကယ်တမ်း တိုင်းပြည်က လူသန်း ၅၀ ကို ထမ်းထားရမယ့် ပါးစပ်ပေါက် သန်း ၅၀ ကနေ လုပ်အားသန်း၅၀ ဖြစ်ဖို့ များ များရှာနိုင်တဲ့ လုပ်အားသန်း၅၀ ဖြစ်ဖို့ မလုပ်နိုင်ရင်တောင်စားနေတဲ့ ထမ်းရတဲ့ သန်း ၅၀ ရဲ့ဈေး ကွက်ကိုကိုယ့်ဆီက ဖြည့်နိုင်ဖို့အတွက် စီမံထားနိုင်သင့်တယ်။

လုပ်ငန်းတွေ ဖြစ်လာမှ အလုပ်အကိုင်တွေ ရလာမယ်၊ လုပ် တတ်လာမှ တစ်ဦးချင်းဝင်ငွေ တိုးမယ်ဆိုတဲ့ နိုင်ငံတကာ စိတ်မထားနိုင်ဘဲ စီးပွားရေးဆိုတာ အစိုးရကလုပ်ရတာ အပြင်က လုပ်တာတွေ က ဘူဇွာတွေ ဆိုပြီး ဆိုရှယ်လစ် စိတ်ရှိသူတွေ လာထိန်းကျောင်း မောင်းနှင်နေဦးမယ် ဆိုရင်တော့လုပ်ငန်းတွေ အလုပ်မဖြစ်ကြရင် တော့ တိုင်းပြည်ဟာ ကုန်ဈေးနှုန်းတွေတက် မတည်မငြိမ်နဲ့ဘဲ ကျီးလန့်စာစား ဘဝတွေကို ပြည် သူတွေ ဖြတ်သန်းနေရင်း ဘဝတွေကုန်ကြမယ်လို့ ထင်မြင်မိတယ်။

တိုင်းပြည် စီးပွားဖြစ်အောင် ဦးဆောင်နိုင်မယ့်သူတွေကို မြေတောင်မြှောက်ပေးမယ့် မဟုတ်တာ လုပ်စားသူတွေကို ဥပဒေ ကထက်မြက်စွာအရေးယူပေးနိုင်မဲ့ ပေါ်လစီတွေ ရှိလာစေချင်တယ်။ ဆိုရှယ်လစ်မှိုင်းတွေ ပျောက်ကင်း ရှင်းလင်းစေချင်တယ်။ ရှိနေသူ တွေဘက်ကို အသားပေး တဲ့ မြေဈေး ငှားခကြီးတာ၊ ဘဏ်တိုးနှုန်း ငွေတိုးနှုန်းတွေ ကြီးတာတွေဖြစ် စေတဲ့ ပေါ်လစီတွေကနေ အလုပ်လုပ်သူတွေကို ပစားပေးတဲ့၊ လုပ်တဲ့ သူတွေ ဝေစုပိုရစေတဲ့၊ အတိုးနှုန်း နည်းတဲ့ မြေငှားခမများတဲ့ အလုပ်အကိုင်ပေါတဲ့ လုပ်ငန်းသစ်ထောင်ဖို့ လွယ်တဲ့ အရင်းအနှီး မခက်တဲ့ ခေတ်ကို ဦးတည်စေချင်မိပါတယ်။ မိတ်ဆွေက ဘယ်လိုမြင်မိပါသလဲ။