ဈေးကွက် စီးပွားရေးနဲ့ စီးပွားရေး ဈေးကွက်

eCommerce ပွဲကြီးတစ်ပွဲမှာ တရုတ်ဘက်က တင်ပြတာ လေးတစ်ခု ရှိတယ်။ စိတ်ဝင်စားဖို့ ကောင်းပုံက သူပြောတာအရ တရုတ်က ပစ္စည်းတွေ ထုတ်ပေး တယ်။ Made in china တွေ တစ်ကမ္ဘာလုံးသုံးနေကြတယ်။ သို့သော် သူတို့က တင်ပို့ ရောင်းချ နေတာ မဟုတ်ဘူးလို့ ဆိုတယ်။ 

သူတို့ ရှင်းပြတာက အမေရိကန်က Levis Jean ဘောင်းဘီတွေ တရုတ်မှာလာ ချုပ်တယ်။ တရုတ်က ချုပ်ခရတယ်။ ပြီးတော့ အမေရိကားကို ပို့ပေးရတယ်။ ရောင်းတော့ သူတို့က သူတို့ ဈေးနဲ့ ရောင်းတယ်။ ပြောရရင် သူတို့ ရတာနည်းပြီး အမေရိကန်ကပဲ အများစု ရတယ်လို့ ပြောတယ်။ နောက်ပြီး ဒါဟာ ဖြစ်သင့်ပါတယ်။ တရုတ်ကနေ ဂျင်းဘောင်းဘီတွေ ထွက်နေပေမဲ့ တကယ် Made in china ဆိုတဲ့ ဒီပစ္စည်းတွေကို တရုတ် လုပ်တယ်လို့ ဘယ်လောက် ပြောသင့် ပါသလဲ
လို့ သူကမေးပါတယ်။

တကယ် ဈေးကွက်မှာက တရုတ်ကထုတ်ပြီး တရုတ်ဈေးကွက်ကို ရောင်းချရင်တောင် အမေရိကန်က တံဆိပ်ကို သူတို့ ဝယ်ရ တယ်။ သူတို့ ဖန်တီးထားတဲ့ ဈေးကွက်အတွက် သူတို့ ပြင်ဆင်ထုတ်လုပ်ဖို့ ဆွဲထားတဲ့ ဒီဇိုင်းနဲ့ သူတို့ ပြောတဲ့ အတိုင်း သူတို့စံနဲ့ လုပ်ပေးရတယ်။ ပြီးတော့ သူတို့ပို့ခိုင်းတဲ့ နေရာကိုပဲ ပို့ပေးရတယ်။

တကယ်တော့ တရုတ်ဟာ ကွန်မြူနစ် စနစ်ကို ဖြတ်သန်းခဲ့ရတော့ အလုပ်သမားတွေ အများကြီး အဆင်သင့်ရှိတယ်။ သို့သော် သူတို့ ထုတ်တာတွေက ပြည်ပကို ပို့ရောင်းလို့ ဈေးကွက် မဝင်သလို ဖြစ်နေတယ်။ ဒါနဲ့ပဲ ဆိုဗီယက်ကြီး  မရပ်တည်နိုင်လို့ ပြိုဆင်းချိန်မှာ သူတို့ရဲ့ အားသာချက်ဖြစ်တဲ့ ထုတ် လုပ်ရေးကို တကယ်ဈေးကွက် ရှိပြီးသားလုပ်ငန်းကြီးတွေရဲ့ ထုတ်ကုန်တွေ ဝင်ထုတ်ပေးရင်း ကမ္ဘာ့စက်ရုံကြီး ဖြစ်လာခဲ့ရတယ်။ 

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်မှာ မြန်မာပြည်ကြီး မွဲ ခဲ့သလိုပဲ သူတို့လည်း ကျဆင်းခဲ့ရတယ်။ တကယ်တော့ ကားလ်မက် ပြောတဲ့ သီအိုရီက ကုန်ပစ္စည်း ထုတ်လုပ်သူနဲ့ ခေါင်းပုံဖြတ်သူမှာ တကယ်အလုပ်လုပ်သူတွေ လုပ် သလောက်မခံစားရဘဲ ကြားထဲက ခေါင်းပုံဖြတ်သူ (အရင်းရှင်)ကနေ  ဒီလို ဝင်ယူသွားတော့ အလုပ်သမားတွေ မွဲကုန်တယ်လို့ သုံးသပ်တာကို ကျွန်တော်တော့ လက်ခံတယ်။

သို့သော် လက်တွေ့မှာ ဆိုရှယ်လစ်ခေတ်ကို ထောင်တဲ့ အာဏာရှင်တွေဟာ တကယ်ပန်းတိုင်ရောက်အောင် မလုပ်နိုင်ခဲ့ကြဘူး။

မြန်မာပြည်မှာဆိုလည်း ၁၉၆၂ အာဏာသိမ်းပြီး ၁၉၇၂ တော်လှန်ရေးခေတ်ပြောင်း တော်လှန်ရေးအပြီးမှာ စက်ရုံထောင်နဲ့ချီပြီး တိုင်းပြည်စီးပွားရေးကို အစိုးရကပဲ တာဝန်ယူခဲ့တယ်။ အလုပ်သမားတွေကို အရေးပေးခဲ့ တယ်။ သို့သော် ဒီလိုလုပ်ရင်း တိုင်းပြည် မွဲသွားခဲ့တယ်။ ဆင်းရဲသွားခဲ့တယ်။ မြန်မာပြည်တင်လားဆို တော့မဟုတ်ဘူး။ တစ်ပါတီ ဖြစ်သွားတဲ့ စနစ်တွေမှာ အာဏာရှိ သူတွေက ခေါင်းပုံဖြတ်သူတွေ ပြန်ဖြတ်လာတယ်။

ချက်ကိုစလိုဗက် နိုင်ငံက ဒုတိယသမ္မတ မီကိုဗန်ဂျီလော့ ဆိုသူက Third Class ဆိုတဲ့ စာအုပ်ရေးခဲ့မိလို့ ထေင်ကျခဲ့ဖူးတယ်။ ဒီလိုပဲ ၁၉၈၈ မှာ မြန်မာမှာ အရေးအခင်း ဖြစ်သလို တရုတ်မှာလည်းဖြစ်တယ်။ ဆိုဗီယက်ပြိုလဲတယ်။ ဘာလင်တံ
တိုင်း ပျောက်သွားတယ်။ ကျွန်တော် နားလည်လောက်တော့ သူတို့က အလုပ်သမား ဆိုတာကို စက်ရုံထဲမှာ ကုန်ကြမ်းက နေ ကုန်ချောဖြစ်အောင် လုပ်နေ ကြတယ်လို့ ထင်ပုံရတယ်။ တကယ်က ပစ္စည်းတွေ ထုတ်တယ်ဆိုရာမှာ ဈေးကွက်က ဘာလို နေတာလဲ ဘယ်လောက်လိုတာလဲ၊ ဘယ်လိုထုတ်ကုန်ကို မဆိုဝယ်ကြမလဲ စတဲ့ ဈေးကွက်သု တေသနတွေ၊ အနေအထားတွေက စတယ်။ ထုတ်ဖို့စတွေးတာ၊ ကြံစည်တာ၊ ကုန်ကြမ်းတွေကိုရှာပြီး ထုတ်တဲ့နည်းရှာတာ အကောင်းဆုံး တွဲစပ်ချက်နဲ့ထုတ်ပြီး ဈေးကွက်လိုတာကို ဖြည့်ဖို့ ကြိုးစားတာ၊ လိုချင်အောင် ဖန်တီးထာ စတာတွေ အကုန်လုံးပါတယ်။ စက်ရုံ ရွေးချယ်တာကနေ ထုပ်ပိုးဖြန့်ချိတာ၊ ဝယ်အောင်လုပ်တာ ဝယ်ပြီးဝန်ဆောင်မှု ပေးတာ၊ ဆက်သွယ်ပြီးလိုတာဖြည့်
ပေးတာ စတာတွေပါတယ်။

ပြောရရင် Supply chain  တွေ၊ Value Change အားလုံးAfter Sale Service တွေ၊ Market Research တွေ စတဲ့နေရာတိုင်း မှာ ပါဝင်တဲ့ အလုပ်လုပ်နေကြ တဲ့ Artist လို့ခေါ်တဲ့ဒီဇိုင်နာတွေ ၊ ဖန်တီးသူတွေ၊ လုပ်ငန်းကို စီမံခန့် ခွဲတဲ့ CEO,CIO,CFO,COO တွေက စပြီး စီမံအုပ်ချုပ်သူတွေ သုတေသ နလုပ်ကြတဲ့ ဈေးကွက်ကို စောင့်ကြည့်ကြတဲ့သူတွေ လူတွေ လိုတာကို ပိုသက်သာပြီး ပိုအဆင် ပြေတဲ့ ထုတ်ကုန်တွေ အမြဲစဉ်း စားပေးကြသူတွေ အဆုံးအလုပ်
လုပ်ကြ သူတွေပါပဲ။

သို့သော် လက်ဝဲရောက်နိုင်ငံ တွေ အများစုကအလုပ်သမား ဆိုတာကို စက်ရုံထဲရောက်နေတဲ့ အဝတ် ပြာဝတ် ကာယလုပ်သားမျိုးတွေပဲ  ကိုယ်စားပြုပြီး သတ်မှတ်ထားတော့ မော်တာတွေ ၊ အင်ဂျင်တွေ ခေတ်လွတ်ပြီး  ထုတ် 
လုပ်ကြရတဲ့ အချိန်မှာ  တစ်ကန့်ပဲ သိတဲ့တတ်တဲ့ စက်ရုံတွေ အချိန်ကြာလာတာနဲ့ သုံးလို့ မရတော့တာကို တွေ့လာကြရတာပါပဲ။  ဒီလိုနဲ့ပဲ ရုရှားမှာ လူဦးရေတိုးသလောက် ဂျုံတိုးမထွက်ဘဲ မြို့က စက်ရုံတွေကထုတ်သမျှ ပစ္စည်း ဘယ်သူမှ မဝယ်တော့ ဂျုံမလောက်တာတွေ ဖြစ်လာခဲ့တာပါ။ 

တကယ်တော့ မြန်မာနိုင်ငံ သာမကပါဘူး။ ဆိုရှယ်လစ် နိုင်ငံတွေသာမကပါဘူး အရင်းရှင်နိုင်ငံ ကြီးတွေ ဖြစ်တဲ့ အင်္ဂလန်တို့၊ အမေရိကန်တို့မှာပါ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့ရတယ်။ စစ်ကြီးဖြစ်လို့ တိုင်းပြည်တွေ မွဲကုန် ချိန်မှာ ကိန်းသီအိုရီတွေ ဘာတွေ နဲ့ စီမံကိန်း စီးပွားရေး ဆိုပြီး အစိုးရက ဝင်ရောက် ချယ်လှယ်တာနိုင် ငံပိုင်စက်ရုံတွေက ထုတ်လုပ်တာ တွေတောင် နောက်ပိုင်း အဆင်မ ပြေလို့ အစိုးရ စီးပွားရေးမလုပ်ရ၊ မင်းကုန်မကူးရဆိုတဲ့ ရှေးထုံး အ
တိုင်း လိုက်နာစေခဲ့တယ်။

 ပုဂ္ဂလိကပိုင်တွေ ဖြစ်အောင် ပြင်ဆင်ခဲ့ကြရပါတယ်။  တကယ်တော့ Industory revolution  တွေ ဆိုတာ မကြာခဏ ဖြစ်လေ့ရှိပါ တယ်။ ရေနွေးငွေ့ အင်ဂျင်ဆိုတာ ပေါ်လာတော့ လူလုပ်အားနဲ့ လုပ်တာတွေကနေ စက်တွေ အ
စားထိုးဝင်လာပါတယ်။ တစ်ခါ မော်တော်ကား ခေတ်မှာ ဖို့ဒ်က ထွင်ခဲ့တဲ့ mass productionလို စနစ်မျိုးတွေ ခေတ်စားလာပြီး တစ်ခါ နောက်နည်းပညာတွေ ပေါ်တဲ့ ခေတ်မှာ Just in Time  တွေ TQM တွေနဲ့ ပြောင်းလာခဲ့ကြပါ သေးတယ်။
ကွန်ပျူတာတွေ ပေါ်လာတဲ့ ခေတ်မှာလည်း နည်းပညာတွေကြောင့် Horizontal Organization  တွေကနေ Vertical Organization တွေဖြစ်ပြီး  Google လိုအဖွဲ့အစည်းမှာ ဒုဥက္ကဋ္ဌ ရာချီပြီး ထားခဲ့တယ်၊ ဘေးတိုက်ချိတ်
ဆက်တဲ့ စနစ်တွေခေတ်စားတယ်။ နောက်ပိုင်း CPU တွေ Memory တွေဈေးကျပြီး နည်းပညာသိပ်ပေါလာ ချိန်မှာ စက်ရုပ်နည်းပညာ Robot တွေက လုပ်ငန်းတွေမှာ နေရာဝင် ယူလာကြတယ်။ Software တွေ က စဉ်းစား
ရတဲ့ ကော်လာဖြူနေ ရာတွေမှာ ဝင်ပါလာနိုင်ကြတယ်။

ထုတ်လုပ်တဲ့ ပုံစံက တစ်နိုင်ငံတည်းတောင် မကတော့ဘဲ  Globalization တွေဖြစ်လာတယ်။ နေရာစုံက ဝင်ပါလာနိုင်စွမ်းရှိရင် ပါလာနိုင်တော့ ပြိုင်ဆိုင်မှု ပုံစံတွေပြောင်းသွားတယ်။ တစ်ပြိုင်နက်ထဲမှာပဲ တိုင်းပြည်ချင်း ပြိုင်ဆိုင်နိုင်ကြဖို့ တိုင်းပြည်တိုင်းက ပညာရေးမှာ ရင်းနှီးမြှုပ်နှံကြတယ်။ ပညာရေး ထုတ်ကုန်တွေကို ခေတ်မီအောင် ကြံဆပြီး သင်ကြားမှု စနစ်တွေ ပြောင်းသွားတယ်။ ပညာတတ်လေးတစ်ယောက်ရဲ့ လိုအင်တွေ အရင်ဆယ်စုတွေကနေ ကွာလာတယ်။ အစိုးရတွေ လုပ်ငန်းတွေရဲ့ ဝန်ဆောင်မှုတွေ ပြောင်းသွားပြီး လူတိုင်းလက်ထဲက မိုဘိုင်းတွေကနေ လိုချင်တာရတာ၊ လုပ် ချင်ရာလုပ်နိုင်တာ အစိုးရပြည်သူ ရေးရာ ဝန်ဆောင်မှုတွေ ရနိုင်တာ ပေးနိုင်တာစတဲ့ ကမ္ဘာသားတွေရဲ့ Life Style ပြောင်းလာခဲ့တယ်။

သူများတကာတွေရဲ့ တစ်က မ္ဘာလုံးက ဝန်ဆောင်မှုတွေ လူတိုင်း လက်လှမ်းမီ လာရာမှာ ကိုယ့်ထုတ်ကုန် ပြန်ရောင်းနိုင်ဖို့ ဆိုရင်တော့ တစ်ခုခုတော့ အားသာမှ ဖြစ်မယ်ဆိုတာ ဖြစ်လာတယ်။ လူတိုင်း သုံးနေကြတဲ့ 
ဘာပစ္စည်းပဲ ဖြစ်ဖြစ်၊ ဘာဝန်ဆောင်မှုပဲ ဖြစ်ဖြစ်၊ ဘာအစားအသောက်ပဲ ဖြစ်ဖြစ် ဘယ်လောက်အပိုင်းကို ကိုယ်တွေက လုပ်နိုင်သလဲ၊ ရောင်းချနိုင်သလဲ ယှဉ်ပြိုင်နိုင်သလဲဆိုတာက စီးပွား
ရေးဖြစ်လာတယ်။  စစ်ပြီး ခေတ်ကလို သမတွေဖွဲ့မယ်၊ အစိုးရ စီးပွားရေးလုပ်မယ်ဆိုတာမျိုး ပြန်သွားပြီး စီးပွားရေးလုပ်လို့ ရတဲ့ နိုင်ငံ ကမ္ဘာမှာ မတွေ့တော့ဘူး၊ မကျန်တော့ဘူး။  

တရုတ်ကြီးကတော့ ထုတ် လုပ်ရေးကို လုပ်နေရာကနေ Alibaba တို့နဲ့ eCommerce ကိုသွားနေတယ်။ ပိုးလမ်းမကြီးတွေ ဖောက်နေတယ်။ ကိုယ်တိုင်ထုတ်နိုင်ဖို့ နည်းပညာတွေ နာမည်တွေ ကို လိုက်ဝယ်နေကြတယ်။ IBM 
ကနေ Lineivo တွေဘာတွေဖြစ်သလို လုပ်လာကြတယ်။ ယူနန်က နေ မန္တလေးဖြတ်ပြီး ကျောက်ဖြူကို ဖြတ်ဖောက်မရတော့ အခု ဘန် ကောက်ကနေ စင်ကာပူထိဖောက်တယ်။ ယိုးဒယားက၊ ထားဝယ်က 
ထစ်နေလို့ အခုမြန်မာပြည် အောက်ကနေ ကလိုင်ဖောက်ပြီး အပိုင်သိမ်းဖို့ လုပ်နေတယ်။ 

နာမည်ကြီး ထမင်းငတ် ဖြစ်သွားတဲ့ ကျောက်ဖြူနဲ့ ထားဝယ်တွေက ဘာမှဖြစ်မလာကြဘူး။ တစ်ခါ အရင်က ဝင်ငွေ ရှိနေစေ တဲ့ သဘာဝဓာတ်ငွေ့တွေ၊ သစ်တွေ၊ ကျောက်စိမ်းတွေကနေပြီး ပိုငွေရှာတတ်တာ မြန်မာပြည်မှာ 
မတွေ့သေးဘူး။ အခုလို အကြာကြီး ပြတ်ကျန်ခဲ့တဲ့ အနေအထားမှာ ခုန်ပြန်ကျော်လွှားဖို့ ပြောနေကြပေမဲ့ လက်တွေ့မှာ ခေတ်ကို လိုက်နိုင်ဖို့ ပညာရေးက အဆင်သင့် မဖြစ်လာနိုင်သေးဘူး။ စီးပွားဖြစ်ဖို့ ဘာမှထုတ် မရောင်းနိုင်ကြ
သေးဘူး၊ ထုတ်ကုန် မဖန်တီးနိုင်ကြ သေးဘူး၊ ဝယ်သုံးတာတွေပဲ လုပ်တတ်ကြသေးတယ်။ အနာဂတ်မှာ ကိုယ်တွေ နေရာတစ်နေရာကို မှန်းနိုင်ဖို့ အခု ဘာရှိလဲ ဘယ်သွားမလဲဆိုတာ တွက်နိုင်မှာ ဘယ်လောက်ကြာ ဘယ်ရောက်နေနိုင်မယ်မှန်း ရမှာ ဆိုတော့ အခုထိမသွားနိုင်သေး တာ ဆိုတော့ ပြောဖို့ ခက်တယ်။ ဝင်းသူဇာလို စီးပွားရေးတွေ ပြန်မဖြစ်ဖို့ ဆုတောင်းရင်း တိုင်းပြည် ရဲ့ အနာဂတ်အတွက် လမ်းကြောင်းနဲ့ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံရဲ့ အားသာချက်ကနေ ကိုယ့်နိုင်ငံကြီး
ပွား တိုးတက်ဖို့ ပြည်သူတွေအနေ ချောင်ဖို့ ဘာအလုပ်အကိုင်တွေကို လုပ်ကြစေမလဲဆိုတာ အခုချိန်ထိ ခက်ခဲတဲ့ မေးခွန်းကြီး လိုဖြစ်နေကြသေးတာကိုက ကိုယ်တွေ ဘာ အားသာလည်း မသိသေးဘူး။

ထုတ်လုပ်မှု ဆရာကြီး တရုတ်ဘေး၊ နည်းပညာ ဆော့ဝဲ ဆရာကြီး အိန္ဒိယဘေး၊ ဝန်ဆောင်မှု ဆရာကြီး ယိုးဒယားဘေး၊ ကုန်သွယ်မှု ဆရာကြီး စင်ကာပူနားမှာ ကိုယ်တွေကဘာဆရာကြီး ဖြစ်နိုင်မလဲ၊ ဖြစ်ချင်သလဲ၊ ဖြစ်သင့်သလဲ၊ ဖြစ်ဖို့လိုမလဲဆိုတာ မိတ်ဆွေ ဖြေကြည့်ပေးပါလား။ ကိုယ့်နိုင်ငံရဲ့ ပေးထားချက်ကို သိမှ ပုစ္ဆာတွက်ဖို့ ဖြစ်နိုင်မှာလေ။ မိတ်ဆွေတို့ ဘာတွေလို့ ထင်ကြပါသလဲ။