အပြောင်းအလဲဆိုသည်မှာ

1996 လောက်တုန်းက ထွက်လာတဲ့ Microsoft ရဲ့ စွယ်စုံကျမ်း CD ဖြစ်တဲ့ Encetra 96 ဆိုတာထဲမှာ အရင်က စွယ်စုံကျမ်း စာအုပ်တွဲတွေနဲ့ ခြားနားတာက အသံတွေ Animation တွေနဲ့ ရုပ်ရှင်တွေ  ပါလာတယ်။ အဲဒီခေတ်က မော်
တာ တစ်လုံးအလုပ်လုပ်ပုံ ကို ရှင်းပြတာတွေက ကိုယ်တွေ အလယ်တန်းဘဝက ဖတ်စာအုပ်မှာ ရှင်းတာကို မြင်ကြည့်ရတာနဲ့ အတော်ကွာတော့ အတော် သဘောပေါက်လွယ်တာကို သတိပြုမိလာတယ်။

စွယ်စုံကျမ်းလို စာတွေပါတာချင်း အတူတူမှာ ရှာဖွေနိုင်တယ် ဆိုတာကလည်း အတော် ဆွဲဆောင်ချက်ကြီးခဲ့တယ်။  ပိဋကတ်တော်တွေ လုပ်ချင်စိတ်ပေါက်သွားစေခဲ့တာကလည်း ဒီလို နည်းပညာတွေကို ထိတွေ့မိလို့ ဆိုရင်လည်း မမှားပါဘူး။
နောက်ပိုင်းမှာ အင်တာနက် တွေ ပေါ်လာတော့   britannica  encyclopedia မျိုးတွေ ဖတ်နေရာ ကနေ Wiki လိုပေါ်တွေ ရောက်သွားခဲ့တယ်။ ငယ်ငယ်ကတည်း က မြန်မာစွယ်စုံကျမ်းတွေကို အတွဲအားလုံး(၁၅တွဲ) တန်းစီဖတ်ခဲ့ ဖူးတော့ ဒီလိုစာတွေ ဖတ်ရတာ ပျော်မိတယ်။ နောက်ပိုင်း စွယ်စုံ ကျမ်းက အနှစ်ချုပ်တွေပဲ ထွက် လာတော့တယ်။ 

ကွန်ပျူတာမှာ အလွယ်ရှာ ဖတ်လာနိုင်ချိန်မှာတော့ အမူအကျင့်က ပြောင်းသွားပြီး တန်းစီ မဖတ်ဖြစ်တော့ဘဲ လိုမှရှာတာတွေ ပိုလုပ်ဖြစ်လာတယ်။ နောက်ပိုင်း မှာ စာဖတ်တာထက် သူတို့ ဖန်တီးထားကြတဲ့ Animation တွေနဲ့ 
Video တွေတာ့ ထိုင်ကြည့်ဖြစ်နေ သေးတယ်။ အရင်ခေတ်က အင်တာနက်ဆိုတာ ရှိပေမဲ့ နှေးကွေး ခက်ခဲတော့ ပြည်ပရောက်ရင် ရုပ်ရှင်ဖိုင်တွေ ဆွဲချရတာလည်း အလုပ်တစ်ခုဖြစ်ခဲ့တယ်။ 

၂၀၀၅ ခုနှစ်လောက်မှာ PayPal ရဲ့ ဝန်ထမ်းဟောင်း သုံးဦးဖန်တီးတဲ့ စတင်ဖန်တီးတဲ့  Youtube  ဆိုတာကို ရင်းနှီးမြှုပ်နှံသူက 11.5 Million ပဲကုန်သေးတဲ့ လုပ်ငန်းကို တစ်ရက်ကြည့်ရှုသူ ၈သန်း  ကျော်လာပြီး နောက် 
၂၀၀၆  မှာပဲ Google ကနေ $1.65 Billion (1650 Milliom) နဲ့ ဝယ်ယူလိုက်တယ်။ အခုတော့ တစ်လကို ကြည့်ရှုသူ ၁၅ ဘီလျံကျော် ရှိနေတဲ့ ကမ္ဘာမှာ တတိယလူကြည့် အများဆုံးလိုဖြစ်လာခဲ့တယ်။

 အခုခေတ်ကလေးတွေဆိုရင် အသက် ၁ နှစ် ၁ နှစ်ခွဲလောက် စကား ပြောတတ်ခါစလေးတွေတောင် ရှာတတ်ကြည့်တတ် နေတယ်။ နောက်ပိုင်း ပညာရပ်ဆိုင် ရာကို လေ့လာရာမှာ စာဖတ်ကြတာထက် နောက်မျိုးဆက်က ရုပ်ရှင်ကြည့်ပြီး လေ့လာလာကြတယ်။ ကျွန်တော်ကိုယ်တိုင်ပဲ MBA  တက်တုန်းက အချို့စာတွေ အိမ်စာဖြေဖို့ ဖတ်စာအုပ်တွေ ဖတ်ကြည့်ပြီး နည်းပညာဆိုင်ရာ စကားလုံးတွေများလို့ နားသိပ်မလည်ရင် Youtube  မှာပဲ ရှာပြီး လေ့လာခဲ့ရတာတွေ ရှိတယ်။

နိုင်ငံတကာက နာမည်ကြီးတ က္ကသိုလ်တွေက နာမည်ကြီး အသင်အပြ ကောင်းသူတွေရဲ့ စာသင်တာတွေလည်းရှိတော့ အချိန်ကုန်သက်သာပြီး လေ့လာလို့ ကောင်းတဲ့ နေရာဆိုတာ လက်ခံ သဘောပေါက်မိခဲ့တယ်။ အင် 
တာနက်ခေတ် အရှိန်ရလာတဲ့ အခါမှာ Information Overflow ဖြစ်လာတော့ မှတ်ထားရတာတွေထက် လိုမှရှာတာတွေ ဖြစ်လာသလို စာများများရှည်ရှည် မဖတ်ချင်ကြတော့တာတွေလည်း ဖြစ်လာတယ်။

တိုတိုနဲ့ ထိရောက်တဲ့ ဗီဒီယိုတွေဟာ နေရာစုံမှာ အရေးပါလာတာကို တွေ့လာရတယ်။ နောက်ပိုင်းမှာတော့ ပညာသင်ကြားရေးမှာ ဗီဒီယိုတွေဟာ စာသင်တဲ့ စာသင်ခန်း ပစ္စည်းတွေအနေနဲ့ တွေ့လာရတယ်။ သိပံ္ပဆိုင်ရာ 
နည်းပညာတွေသာမကပဲ Social Science တွေ art တွေ မှာပါ သုံးလာတာတွေ့ရတယ်။ ရုပ်ရှင် ဇာတ်လမ်းကို သီဝရီပါအောင် သေချာထုတ်လုပ်ပြီးမှ ကျောင်း သားတွေကို ပြပြီးဆွေးနွေးခိုင်း တာတွေ ဘာတွေဖြစ်လာတယ်။
ကျောင်းသားတွေကို တကယ် လေ့လာခိုင်းပြီး တည်ဆောက်ပြစေတာတွေ၊ ရှင်းပြခိုင်းတာတွေဟာ ခေတ်ပြောင်း သင်ကြားမှုတွေမှာ ရှေ့တန်းရောက်လာတဲ့ အချိန်ရောက်လာတော့ ဆရာက သင်ပြသူဆိုတာထက် ဘေးကနေ ဆွဲထုတ်ပေးသူ၊ ဆွပေးသူကူညီပေး သူတွေ ဖြစ်လာကြတယ်။ 

မကြာမီက စပိန်နိုင်ငံက ဘာဆီလိုနား နည်းပညာပြပွဲမှာ Facebook က ဆရာကြီး အပါအဝင် အများစုက အနာဂတ်မှာ VR လို့ ခေါ်တဲ့ virtual reality ဘက်ကိုသွားနေတယ်ဆိုပြီး ဖြစ်လာတယ်။ Samsung  က 360 ပတ်
လည် ရိုက်နိုင်တဲ့ Galaxy Gear 360 ကို ထုတ်တယ်။ Google က Card Board ကို အများသုံးအောင်လုပ်ပြီး Youtube မှာ သုံးလို့ကောင်းလာတယ်။

ဒီကနေပဲ အရင်ခေတ်ကလိုစာတွေ၊ ပုံတွေ၊ ရုပ်ရှင်တွေထက် ပိုတဲ့ 3D 360 Content တွေ ဈေးကွက်စဖြစ်လာတယ် ။ ပညာရေး ၊ကျန်းမာရေး၊ စီးပွားရေးမှာ သုံးကြဖို့ တာစူလာကြတယ်။ HTC က လည်း Vive လို့ဆိုတဲ့ စက်ကလေး ထုတ်လိုက်တယ်။ သူကတော့ဖုန်းထဲ ကြည့်ရတာမျိုး မဟုတ်ဘဲ ပိုပြီးဆန်းပြားတဲ့ သဘောတွေ့ရတယ်။ သူ့ကို ဆင်တဲ့ အခါ ၁၀ ပေပတ်လည်လို အခန်းမှာ သေချာဆင်ရတယ်။

ပြီးရင် လက်မှာ ကိုင်စရာကို သေချာ တပ်ဆင်ပြီး 3D 360 အခန်းထဲမှာ ရောက်တဲ့အခါ လမ်း လျှောက်တာတွေ၊ ရွေ့လျားတာတွေ၊ ကိုင်တွယ်တာတွေကို လုပ်လို့ ရလာတယ်။ တစ်လောကပဲ ကိုညီလင်းဆက်နဲ့ စမ်းကြတော့ အဲ ဒီထဲမှာ ကိုယ့်ရှေ့မှာ အင်္ကျီချုပ်တဲ့ အခံလေးကျလာတယ်။ လိုသလို ဖြတ်တာကပ်တာ အရောင်ပြောင်းတာ လုပ်လို့ရတယ်။

အလားတူ 3D Space မှာ လိုချင်တာကို ကိုင်ပြီး ဖန်တီးလို့ရတယ်၊ ဖန်တီးထားတာကို လှည့်ကြည့် ကိုင်ကြည့်လို့ရတယ်။ Game လိုတွေ ရှိသလို Game  မဟုတ်ဘဲ ဖန်တီးလို့ရတာ မျိုးတွေလည်း ခံစားနိုင်ခဲ့တယ်။ ကိုယ့်ရှေ့ 
မှာ ရောက်လာတဲ့ အင်ဂျင်ပိုနှိုး ကြည့်ပြီး တစ်လွှာချင်း ခွာကြည့်တာ လူပုံကို အတွင်းက ကြွက်သားတွေ၊ အရိုးတွေ၊ ကလီစာတွေကို သေချာ ဖြဲကြည့်လို့ရတာ ကိုင်ကြည့်နိုင်တာတွေ လုပ်နိုင်တာ တွေ့ရတယ်။

ဒါတွေဟာ အနာဂတ်မှာ စာသင်ခန်းရဲ့ Lab တွေ ဖြစ်လာကုန်ကြမယ်လို့ ဆိုတယ်။ လိုအပ်တဲ့ Lab ခန်းကို တစ်ဦးတစ်ယောက် ကဖန်တီးပြီးရင် သူရဲ့ Lab ကို ကျောင်းသားသန်းချီပြီး တစ်ကမ္ဘာလုံးက သုံးနိုင်လာမယ်။ နယ်ခြား
တွေကို ကျော်ပြီး တောခေါင်ခေါင်က ကျောင်းလေးမှာ VR Lab ထဲမှာ ကျောင်းသားက တကယ် ဖန်တီးထားတာ မဟုတ်တဲ့ ပစ္စည်း မဟုတ်တဲ့ အရာနဲ့ လေ့လာရတဲ့ အတွက် ကုန်ကျစရိတ်တွေ အများကြီး သက်သာသွားတယ်။
လိုချင်သလို သူတို့ လေ့လာ ဖန်တီးနိုင်ကြလို့ ပညာလည်း ပိုတတ်နိုင်မယ်လို့ ဆိုကြတယ်။ ဒီလို နည်းစနစ်တွေနဲ့ Information Delivery လုပ်တာတွေဟာ အခု ခေတ်မစားသေးပေမဲ့ အနာဂတ်အတွက် အရေးပါတယ်လို့ 
ပညာရှင်တွေကို ခန့်မှန်းကြသလို စီးပွားရေးတွေကလည်း စပြီး ရင်းနှီးမြှုပ်နှံ လာကြပြန်တယ်။ မကြာခင်က Harvard University က နေ MPA လုပ်နေတဲ့ မလှလှဝင်းက Startup အနေနဲ့ Google တို့နဲ့ ပေါင်းတယ်။

3D 360 Visual Teaching lab တွေ လုပ်ဖို့ လုပ်ငန်းတွေ စနေတာ သိရသလို ကျွန်တော်မန္တလေးသားပါဆိုတဲ့ HTC ရဲ့ CEO ကိုဝင်းသန်း ပီတာချုးကြီးလဲ CEO ကနားပြီး VR  တွေသုတေသန လုပ်တဲ့ဘက်
ကို ပြန်ရောက်နေတယ်။ မကြာခင်က ပြီးသွားတဲ့ Tokyo Game Show 2016 မှာလည်း VR တွေ ကို အတော်ပြသွားကြတယ်။ ကျန်းမာရေးမှာလည်း အဝေးက စမ်းသပ်တာ ကုသတာ ခွဲစိတ်တာတွေမှာ VR က အရေးပါ တာကြောင့် ဝေးလံခေါင်ဖျားတဲ့ ဒေသက သူတွေ ကျန်းမာရေးမှာ အရေးပါလာတဲ့ နည်းပညာလို ပြောနိုင်လာတယ်။  တကယ်တော့ ပညာရေးဆိုတာ အရင်လေ့လာ ထားတဲ့ သူတွေရဲ့ အသိတွေ အတတ်တွေကို နောက်လူကသူသိ အောင် လေ့လာယူကြတာပါပဲ။

ရှေးခေတ်က ရဟန်းတော် တွေ ပိဋကတ်တွေ အာဂုံဆောင်ပြီး သယ်ခဲ့ကြရပေမဲ့ နောက်ပိုင်း ခေတ်မှာ စာတွေနဲ့ လက်ဆင့်ကမ်းခဲ့ရတယ်။ ပုံနှိပ်စက်တွေ ဖြစ်လာ ချိန်မှာ ပညာရေးဖြန့်တာတွေ ခေတ်ပြောင်းသွားပြီး စာကြည့် 
တိုက်ကြီးတွေ တက္ကသိုလ်ကြီးတွေ အရေးပါလာကြပြန်တယ်။ စာအုပ်ဆိုတာ တကယ်တော့ အသိပညာ အတတ်ပညာ၊ သုတတွေရသတွေကို နောက်လူသိအောင် ဆင့်ပွားနိုင်တဲ့ နည်းပညာလို့ပဲ ကျွန်တော်ကမြင်မိတယ်။

ဒီတော့ သူ့ခေတ်သူ့အခါမှာ စာဖတ်ဖို့ အရေးကြီးတယ်ဆိုတာ လက်ခံတယ်။ သို့သော် ကလေးတွေ စာမဖတ်ဘဲ ကွန်ပျူတာ သုံးနေတာကို ပညာရေး မလေ့လာဘူးလို့တော့ ပြောလို့မရတော့ဘူး။ ခေတ်ကစာအုပ်ကနေ
ပြောင်းနေတာ ဆက်လက်ရှိနေ သေးသလို ပေါ်ပေါက်လာတဲ့ နည်းပညာတွေကနေ လက်ဆင့်ကမ်း သင်ယူနေတာတွေလည်း ထပ်ပေါ်နေတာပါပဲ။ အဓိက စာဖတ်ကြပါဆိုတာ စာလုံးတဲ့ ပြည့်စုံတာက လေ့လာကြပါ ဆည်းပူး
ကြပါလို့ ဆိုချင်ပါတယ်။

တစ်ခေတ်က စစ်တိုက်ဖို့ သိုင်းသင် ကာယလေ့ကျင့်ဖို့လိုရာ က ၁၉ ရာစု နောက်ပိုင်းမှာ သေနတ်တွေ လက်နက်တွေ ပြောင်းတဲ့ ခေတ်မှာ မြန်မာတွေ သတ္တိရှိတယ် အော်ရင်း ကျွန်ဖြစ်သွားကြ ရသလို ကိုယ့်လူမျိုးတွေရဲ့ ပညာ
ရေး၊ ကျန်းမာရေး ၊စီးပွားရေးမှာ ခေတ်မီနည်းတွေကို မထည့်နိုင်ဘဲ ဆိုရှယ်လစ် အတွေးတွေနဲ့ အားလုံးပါဝင်ရေးပဲအော်နေပြီး ဖတ်စာအုပ်တွေ၊ စာသင်ခန်းတွေ ကျောက်သင်ပုန်းတွေနဲ့ ဖောက် မထွက်နိုင်ရင်တော့ ပြိုင်နိုင်ဖို့ အနာဂတ်မှာ ခက်လာမယ် လို့တော့ စိတ်ပူမိတယ်။

အဓိကက အသိပညာ ၊အ တတ်ပညာ ခံစားချက်တွေ ဖြန့်ဝေတာဆိုတာကို မမြင်ဘဲ အရင် ခေတ်က တွေ့ဖူးကြားဖူးတာကို ဘဲ ပညာသင်တယ်လို့ မှတ်ယူပြီး  စာတွေ ရေးပြလိုက်ကူး အလွတ်ကျက် စာရွက်ထဲပြန်ရေးပြနဲ့ လုပ်
နေကြရင်တော့ ကိုယ့်လူမျိုးတွေ ပညာ တတ်တယ်ဆိုနိုင်မလား ကမ္ဘာနဲ့ ပြိုင်နိုင်မလားဆိုတာကို ဆန်းစစ်ဖို့ လိုလာမယ်လို့ ထင်တယ်။

ကမ္ဘာကြီးက ရွေ့နေသလို ကိုယ်တွေလည်း လိုက်ပါနိုင်ကြ စေချင်တယ်။ အချို့အရာတွေကို ဖားခုန်သလို ကျော်ခွပြီး အဖြူအမည်းကနေ ကာလာ TV ပြောင်းသလို ကွန်ပျူတာမရှိတဲ့ ရွာတွေ စမတ်ဖုန်းတန်းသုံးသလို ခေတ်နဲ့
လိုက်တဲ့ ပညာရေးစနစ် ကိုယ့်နိုင်ငံမှာ လိုနေပြီလို့မြင်တယ်။ အလားတူ ပြောင်းနေတဲ့ VR ခေတ်အတွက်လိုတဲ့ အရာတွေ ယှဉ်ထုတ်နိုင်သုံးနိုင်ဖို့ စီးပွားရေး ကျန်းမာရေး စတာတွေမှာ ပါနိုင်ဖို့လည်း အားထုတ်ကြဖို့ လို
မယ်လို့ သတိပေးပါရစေ ။

ခေတ်ကို မျက်ခြည်မပြတ် အကျိုးရှိအောင် လိုက်နိုင်ကြပါစေ။