SOCIAL SLAng

စမီးချောလားငင်

သမီးချောလားဟင်ကို ပြောတာဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာမှာ ဓါတ်ပုံတွေတင်ကြ၊ အချင်းချင်း ကွန်မန့်တွေပေးကြရင်းနဲ့ သုံးကြတာပါ။

ခွီ

ရယ်(ရီ) တာကိုပြောတာပါ။ ခွီပျဇေ ဆိုရင် ရယ်ပါရစေလို့ ပြောတာပါ။ ခွီပြီလေ ဆိုရင်ရယ်ပြီလေပေါ့နော်။

ခွက်ဒစ်

တစ်ခုခုကို မှတ်တမ်းတင်ညွှန်းဆိုတဲ့ အခါသုံးကြပါတယ်။ Credit ကိုဆိုလိုတာပါ။