SOCIAL SLAng

အာ့မျိုးဒေ

အဲဒါမျိုးတွေကို ဆိုလိုပြီး ပြောကြတာဖြစ်ပါတယ်။

သြဇာသီးဒေရောင်းတယ်

သြဇာအာဏာတွေ လာပြနေတယ်ကိုပြောကြတာဖြစ်ပါတယ်။ ဒီစကားက မိန်းမလျာ အချင်းချင်း ပြောတတ်ကြတဲ့စကားကနေ ဆိုရှယ်မီဒီယာမှာပါ ပြောလာကြတာလို့ထင်ပါတယ်။

အိုင်းစ်

အာမေဋိတ်သံ ရေရွတ်တာဖြစ်ပါတယ်။ တစ်ခုခုကို အလန့်တ ကြားမြင်မိရင် Comment Box မှာ အိုင်းစ် ဆိုတဲ့စာသားရော ဓာတ်ပုံနဲ့ တွဲပြီးတော့ Photo Comment အဖြစ်နဲ့ပါ အတွေ့ များပါတယ်။