SOCIAL SLAng

အလင်းပြပါ
တစ်စုံတစ်ခုကို ပြောပြခိုင်းတာ၊ ရှင်းပြခိုင်းတာမျိုးကိုဆိုလို ကြတဲ့နေရာမှာသုံးတာ တွေ့ရပါတယ်။ ကိုယ်က တစ်ခုခုကိုမသိလို့ ရှင်းပြခိုင်းတဲ့ခါမျိုးမှာ ရှင်းပြပါအစား အလင်းပြပါလို့ဆိုကြတာပါ

အာ့
အဲဒါကို အတိုကောက်ပြော တာပါ။ အဲဒါကိုအမြန်ဖတ်ရင် အာ့ ဆိုပြီးဖြစ်ရာကနေ အပျော်သဘောနဲ့ အချင်းချင်းပြောကြတာတွေ့ရပါတယ်။ ဆိုရှယ်မီဒီယာမှာ အဲဒါအစား အာ့ပေါ့နော်။

အဇမ်း
အရမ်းကိုဆိုလိုတာပါ။ အရမ်းလှတယ်ဆိုရင် အဇမ်းလှတယ်ပေါ့နော်။

အာ့ဆွင်
အဲဒါဆိုရင်ကိုပြောကြတာပါ။ အဲဒါဆိုရင်ကို အမြန်ပြောရင် ဖြစ်သွားတဲ့လေသံက အာ့ဆွင်။