SOCIAL SLAng

ဟုတ်ရား

ဟုတ်လားလို့ ပြောကြတဲ့ စကားပါ။
ဟုဟု

ဟုတ်ကဲ့ ဟုတ်ကဲ့ကို ဆိုရှယ်မီဒီယာပေါ်မှာ ဟုဟု လို့ပြောကြတာတွေ့ရပါတယ်။
ဟျောင့်
ဟေ့ကောင်လို့ ပြောတာပါ။ ဟေ့ကောင်ကို အမြန်ပြောလိုက်ရင်ထွက်တဲ့အသံကိုယူတာလို့ ထင်ပါတယ်။ ဒီစကားက အွန်လိုင်းပေါ်မှာဆိုရင် ယောက်ျားလေး အချင်းချင်းတင်မကဘဲ မိန်းကလေးအချင်းချင်း၊ မိန်းကလေးကနေ ယောက်ျားလေးကို ခေါ်တာမျိုးလည်း တွေ့ရပါတယ်။
ဟယ်
ဒါကတော့ အပြင်မှာလည်း ပြောကြပါတယ်နော်။ တစ်ခုခုကိုအံ့အားသင့်တဲ့အခါထွက်တဲ့ အာမေဋိတ်ပါပဲ။