SOCIAL SLAng

ဝုန်းတယ်

တစ်ယောက်ယောက်ရဲ့ငယ်ကျိုးငယ်နာကိုဖော်တာတို့၊ ပေါ်တင်မကောင်းကြောင်း ပြောနေတာမျိုးတို့ကို ၀ုန်းတယ်ဆိုပြီး စကြနောက်ကြပါတယ်။ အပျော်သဘောနဲ့ ပြောကြ တာမို့ အချင်းချင်းဝုန်းကြပါစို့။

ဝှစ်

ဒါကတော့ ကာတွန်းဇာတ်ကောင်လေးတွေ ရေးဆွဲထားတဲ့ ပုံတွေကို ကြည့်ပြီးပြောကြတာထင်ပါတယ်။ တစ်နေရာကနေ တစ်နေရာကို ပြေးပြီဟေ့လို့ဆိုရင်လစ်ပြီ ၀ှစ် ဆိုပြီးသုံးကြတာ တွေ့ပါတယ်။

သားရီး

သူငယ်ချင်း အချင်းချင်း သားကြီးလို့ခေါ်ကြတဲ့ သဘောပါ။ ဟျောင့် သားရီး ဆိုရင် ဟေ့ကောင် သားကြီးပေါ့။