တယ်လီကွန်းနှင့် အပြောင်းအလဲများစွာ

-ရဲမြတ်သူ

ကျွန်တော်တို့အိမ်မှာ တစ်ချိန်တုန်းက နံပါတ်နှစ်လုံးသာပါတဲ့ ဖုန်းရှိတယ်။ ဖုန်းကို မလိုက်တာနဲ့ ဆက်သွယ်ရေး အော်ပရေတာက တစ်ဆင့်ကိုင်ပြီး ဆက်သွယ်လိုတဲ့ နေရာကိုခေါ်ပေးတယ်။ တစ်ခါတလေ အချိန်အကြာကြီး စောင့်ရတာရှိပေမယ့် ကောင်းတဲ့အချက်ကတော့ နာမည်ကြီးတဲ့ နေရာတွေကို နံပါတ်မသိလည်း အော်ပရေတာကိုပြောပြီး ဆက်လို့ရတယ်။

အဲ့ဒီခေတ်တုန်းက ဖုန်းရုံးကလူတွေကို ချော့ပြီးပေါင်းရတယ်။ ကိုယ်ဖုန်းဆက်တဲ့အခါ အဆင်ပြေအောင်လို့ပေါ့။ ဖုန်းဆိုတာကလည်း ၃ လုံးလောက်သာ ရှိတာမို့လို့ ကျန်တဲ့လူတွေ ဘယ်လိုဆက်သွယ် နေကြလဲလို့မေးရင် သူတို့တွေဟာ စာတိုက်ကနေတစ်ဆင့် ဆက်သွယ်နေကြတာပါ။

စည်းကမ်းနှင့် အနာဂတ်တိုင်းပြည်

-ရဲမြတ်သူ

စင်ကာပူမှာတုန်းက သူငယ်ချင်း တစ်ယောက်စီ ဖုန်းလှမ်းဆက်မိတော့ SMS လေးတစ်ခု ဝင်လာတယ်။ သူပြန်ဆက်မယ် အခုဆိုင် ကယ်စီးနေလို့ပါလို့ ပြန်ပြောတဲ့ စာတန်းလေး။ မကြာခင် သူပြန်ဆက်ပြီးတွေ့တော့ စင်ကာပူမှာ ဆိုင်ကယ်စီးဖို့ လိုက်နာရတဲ့ စည်းကမ်းတွေ သူပြောတာ စုံနေတာပဲ။

လိုင်စင်ဖြေတော့ သစ်သားတန်းလေးပေါ် အနှေးမောင်းပြရ တာတွေ၊ သိရန်လိုက်နာရန်တွေက ကားထက် စုံတာတွေကို သိခွင့်ရခဲ့တယ်။ ကိုယ့်တိုင်းပြည်မှာတော့ ရန်ကုန်ကို ဆိုင်ကယ် တရားဝင်လုံးဝ ပေးမစီးဘူး။  မန္တလေးမှာတော့ ဆိုင်ကယ်တွေ ထင်သလို  စီးလို့ရနေပြန်တယ်။

မြန်မာနိုင်ပြီ-ဒို့မြန်မာနိုင်ပြီ-ကြွေးကြော်နိုင်စေဖို့

မန်ယူနည်းပြကြီး ဖာကူဆန်ကို လေ့လာပြီး Ferguson's Formula ဆိုပြီးတာထွက်လာတော့ ဘောလုံးစီးပွားရေးနဲ့စီမံခန့်ခွဲမှုကို စိတ်ဝင်စားမိတယ်။

ဧပြီ ၁

ဧပြီလ တစ်ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ခံ အရပ်သား အစိုးရ စပြီး တက်မှာဖြစ်လို့ ဒီနေ့ဟာ ထူးခြားတယ်လို့ ဆိုချင်တယ်။

လူတစ်ယောက်ရဲ့ တန်ဖိုး

ငယ်ငယ်တုန်းက သချာင်္စသင်တော့ ပေါင်းနုပ်မြောက်စား သင်ခဲ့ရတယ်။ အဲဒီကနေ သုံချက်တွက်နည်း တွက်တတ်လာတယ်။ အိမ်တစ်လုံးကို လူ၁၀ယောက် ဆောက် ရင် ရက်၃၀ ကြာတယ် လို့ပေးထားတယ်။ မေးခွန်းက လူ၁၅ယောက်နဲ့ ဆောက်ရင် ဘယ်လောက်ကြာမလဲတို့ ၁၅ ရက်နဲ့ ပြီးအောင် လူဘယ်နှစ်ယောက်လိုမလဲဆို့ မေးလေ့ရှိတယ်။ တကယ် အသုံးဝင်တဲ့ နည်းလမ်းဖြစ်ပြီး အတောများများ ပြင်ပမှ အသုံးချလို့ ရတဲ့ နည်လမ်းလည်းဖြစ်ခဲ့တယ်။

Pages