ကိုယ်ရယ်၊ မင်းရယ်၊ ဗျူးတီးစလွန်းရယ်

မိန်းကလေးတွေ ငွေသုံးရာမှာ လုံးဝ မနှေမြောတဲ့နေရာ နှစ်နေရာရှိတယ်။ အဲ့ဒါက စားသောက်ဆိုင်နဲ့ အလှပြင်ဆိုင်။ ကိုယ့်ဘာသာ အိမ်ကရေချိုးခန်းမှာ ဆောင့်ကြောင့်ထိုင်ပြီးလျှော်လို့ရတဲ့ ခေါင်းကိုတောင်မှ ဆိုင်ကခုတင်ပေါ်မှာ ပက်လက် ကလေးအလျှော်ခံလိုက်ရမှ ခေတ်မီတယ်လို့ထင်ကြတာလေ။

ဂီတဆတ်စလူး

ကျားပေါက်တို့၊ ဆင်ပေါက်တို့ကို အားကျလို့ သူ့ကိုယ်သူပေးထားတဲ့နာမည်က စောပေါက်တဲ့။ ဒါပေမဲ့ တစ်ရွာလုံးကတော့ သူ့ကိုငပေါက်ပဲခေါ်တယ်။

ဝိုင်ဖိုင်ရပ်ကွက်

အိမ်သာထဲကပြန်ထွက်လာပြီး ပိုက်ဆံတစ်သောင်းကို ဂိတ်ဝမှာ "ရော့ဟာ member တစ်သောင်းဖိုး" ဆိုပြီး ဘုတ်ခနဲ ပစ်ချထားခဲ့လိုက်တယ်။ ငတိမကတော့ မျက်လုံးအပြူးသားနဲ့ကျန်ခဲ့လေရဲ့။

မိန်းကလေးတွေရဲ့ စလင်းဘတ်အိတ်ဆိုတာ

မိန်းကလေးတွေရဲ့ စလင်းဘတ်အိတ်ဆိုတာ တကယ်တော့ ယောကျာ်းလေးတွေဘဲ အများဆုံးလွယ်ရတဲ့ ပစ္စည်းပါ
ပါဝင်ပစ္စည်းများကလဲ ဆန်းပါတယ် စုံပါတယ် အဓိကကတော့ မိတ်ကပ်ဘူးနဲ့ မှန်ပေါ့ ဖုန်းချည်းဘဲ ငါးလုံးပါပါတယ်
အူရီဒူး တလုံး တယ်လီနော တလုံးအမ်ပီတီချည်းဘဲ သုံးလုံး"ဘာကွာလို့ အမ်ပီတီချည်း သုံးလုံးကိုင်တာလဲ"
လို့မေးကြည့်တော့ "ဈေးကွာလို့" တဲ့ "၁၅ သိန်းတန် တလုံး ငါးသိန်းတန် တလုံးနှစ်သိန်းတန် တလုံး " တဲ့
ဒီပါးစပ်နဲ့ပြောပီး ဒီနားနဲ့ နားထောင်တာဘဲဗျာ ဘာများကွာသွားလို့လဲကိုယ့်ဖုန်းနံပါတ်ကိုယ် အကုန်အလွတ်ရလား မေးကြည့်

Pages