Samsung Galaxy J1 (2016)

ကျစ်လစ်သေးငယ်တဲ့ ကိုယ်ထည်က ကိုင်တွယ်ရတာ သဘောကျစရာပါ။ Super AMOLED မြင်ကွင်းက တောက်ပကောင်းမွန်သလို ဘက်ထရီနဲ့ကို အချိန်ကြာကြာအသုံးပြုနိုင်တာ ဒီဖုန်းရဲ့ အားသာချက်တွေပါ။

ASUS Zenfone Go (ZB452KG)

ဘက်ထရီကို အချိန်ကြာမြင့်စွာ အသုံးပြုနိုင်တာက ဒီဖုန်းရဲ့ အားသာချက်တစ်ခုပါ။ ဒီဇိုင်းပိုင်းလည်း လှပပြီး ဆွဲဆောင်မှုရှိပါတယ်။

Meizu M3 Note

ကိုယ်ထည်ပိုင်းတည်ဆောက်ထားမှု ကျစ်လျစ်တဲ့အပြင် ဒီဇိုင်းပိုင်းလည်း လှပသေသပ်မှုရှိပါတယ်။ မြင်ကွင်းပိုင်းလည်း တောက်ပကောင်းမွန်သလို မှတ်ဥာဏ်ပမာဏကိုလည်း ထပ်မံတိုးမြှင့်အသုံးပြုနိုင်ဖို့ MicroSD ကတ်ပေါက်တွေ ထည့်သွင်းပေးထားပါတယ်။

Lenovo Vibe Shot

Point and shot ကင်မရာတစ်လုံးပုံစံဒီဇိုင်းက လှပသေသပ်မှုရှိတဲ့အပြင် ကိုယ်ထည်ဖွဲ့စည်းတည်ဆောက်ထားမှုကလည်း ကျစ်လျစ်ကြံ့ခိုင်မှု ရှိပါတယ်။

Meizu Pro 6

ပရီမီယံသတ္တုကိုယ်ထည်ဒီဇိုင်းက ကျစ်ကျစ်လျစ်လျစ်နဲ့ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်တဲ့အပြင် မြင်ကွင်းပိုင်းလည်း အထူးပြောစရာ မလိုအောင် တောက်ပမှုရှိပါတယ်။

OnePlus 3

သတ္တုကိုယ်ထည်ဒီဇိုင်းက တော်တော်လေးပါးလွှာမှုရှိတဲ့အပြင် မြင်ကွင်းတွေရဲ့ ဘေးဘက်ဘောင်တစ်ဖက်တစ်ချက်စီက အလွန်ပဲ ကျဉ်းမြောင်းလှပါတယ်။

LeEco Le Max 2

One Plus 3, Mi5 စမတ်ဖုန်းတွေရဲ့ ပြိုင်ဘက်ဖုန်းဖြစ်တဲ့ ဒီဖုန်းမှာ RAM 6 GB အမျိုးအစားကို တန်ဖိုး ၄၂ဝ,ဝဝဝ ကျပ်နဲ့သုံးနိုင်တာပါ။

Xiaomi Mi Max

ဈေးနှုန်းအလတ်တန်းစား ဖုန်းအမျိုးအစားဖြစ်ပြီး မျက်နှာပြင် အရွယ်အစားကြီးကြီး အသုံးပြုလိုသူတွေအတွက် တော့ စိတ်ကြိုက်ဖြစ်စေမယ့် ဖုန်းပါ။

Huawei P9 (Lite)

အားသာချက်

ဈေးနှုန်း အလယ်အလတ်တန်းစား ဖုန်းအမျိုးအစား တစ်ခုဖြစ်ပေမယ့် ပါဝင်တဲ့ CPU, GPU, Memory အစရှိတဲ့ Hardware ပိုင်းတွေမှာ ကောင်းမွန်တဲ့အပြင် Screen Resolution ပိုင်းမှာလည်း မြင့်မားပါတယ်။ ကင်မရာပိုင်းမှာဆိုရင်လည်း P9 လိုမျိုး LEICA Lens တွေကို အသုံးပြုထားတာမဟုတ်ပေမယ့် ပါဝင်တဲ့ ကင်မရာတွေက Megapixel မြင့်မားတဲ့အပြင် Finger Print စနစ်ကလည်း ကောင်းမွန်တာတွေ့ရမှာပါ။ ဖွဲ့စည်းတည်ဆောက်မှု ပုံစံဒီဇိုင်းကလည်း ကိုင်တွယ်ရတာ အဆင်ပြေပြီး အလေးချိန်ကလည်း ပေါ့ပါးပါတယ်။

အားနည်းချက်

Huawei P9

LEICA Lens တွေရဲ့ မြင့်မားတဲ့စွမ်းဆောင်ရည်နဲ့ ကောင်းမွန်တဲ့ ဓာတ်ပုံအသုံးပြု စနစ်ပေါင်းများစွာပါဝင်တဲ့အတွက် ဓာတ်ပုံဝါသနာရှင်တွေ အတွက်တော့ အကြိုက်တွေ့စေမယ့် ဖုန်းပါပဲ။

Pages