Ooredoo Myanmar ၏ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း နယ်မြို့များတွင်ပြုလုပ်မည်

Ooredoo Myanmar ၏ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း နယ်မြို့များတွင်ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးရှိ ပြည်မြို့နှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ဟင်္သာတမြို့တို့တွင် နိုဝင်ဘာ ၁၈ ရက်နှင့် ၂၉ ရက်နေ့များတွင်ပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ နိုဝင်ဘာ ၂၈ ရက်နေ့တွင် အမှတ် ၈၂၄၊ ဗိုလ်ချုပ်လမ်း၊ စံတော်ရပ်၊ ပြည်မြို့တွင်လည်းကောင်း၊နိုဝင်ဘာ ၂၉ တွင် အမှတ် ၁၆၊ လမ်းမတော်လမ်း၊ ရဲဝင်းအိမ်ရာ ဟင်္သာတမြို့တွင် လည်းကောင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ဆင်းမ်ကတ်ကို ကိုယ်တိုင်မှတ်ပုံတင်နိုင်သည့် နည်းလမ်းလေးမျိုးထဲမှ အဆင်ပြေဆုံးကိုယ်တိုင်မှတ်ပုံတင်နိုင်သည့်နည်းလမ်းကိုအသုံးပြုပြီး ပြသပေးသွားမည်ဟုဆိုသည်။

ဆောင်ရွက်ပြီးပါက အင်တာနက်လက်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ အမည်ပေါက်ပြောင်းလဲခြင်းအတွက်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Ooredoo Myanmar အနေဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း အထူးဝန်ဆောင်မှုပေးခြင်းများကို အောက်တိုဘာ ၂၈ နှင့် ၂၉ ရက်များတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ အခြားသောမြို့များတွင်လည်းဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းဆိုသည်။