Telenor ၏ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း မြန်မာနိုင်ငံတစ်ဝန်းစတင်

Telenor ၏ ဆင်းမ်ကတ် မှတ်ပုံတင်ပေးခြင်းကို မြန်မာနိုင်ငံတစ်ဝန်း စတင်ဆောင်ရွက်လိုက်ကြောင်းသိရသည်။

အဆိုပါနေ့များကို အပတ်စဉ်နှင့် လစဉ် မြို့ကြီးမြို့ငယ်များတွင်ပြုလုပ်သွားမည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားကာ ချက်ချင်းထိုနေရာတွင် ပင်မှတ်ပုံတင်နိုင်ရန် ကူညီဆောင်ရွက်ပေးမည်ဟုသိရသည်။ “သုံးစွဲသူတွေ အနေနဲ့ မိမိအဆင်ပြေတဲ့အချိန်မှာ ဆင်းကတ်တွေကို အလွယ်တကူမှတ်ပုံတင်လို့ ရအောင် အွန်လိုင်းချန်နယ်တွေရယ် လူကိုယ်တိုင်သွားပြီးမှတ်ပုံတင်လို့ရမယ့် ဆိုင်တွေကိုပါ စီစဉ်ထားပါတယ်။ ဆင်းကတ်မှတ်ပုံတင်ခြင်းကြောင့်ရလာမယ့် အကျိုးကျေးဇူးတွေကို အပြည့်အဝခံစားနိုင်ဖို့အတွက် အခုလို ‘ဆင်းကတ်မှတ်ပုံတင်နေ့’ တွေကို စီစဉ်ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု တယ်လီနော၏ ဈေးကွက်ဖော်ဆောင်ရေးအမှုဆောင်အရာရှိချုပ် Joslin E Myrthong ကပြောကြားသည်။

“ဆင်းကတ်မှတ်ပုံတင်ထားမယ် ဆိုရင် သုံးစွဲသူတွေအနေနဲ့ မိုဘိုင်းကနေ တစ်ဆင့်ဆောင်ရွက်နိုင်တဲ့ ငွေရေးကြေးရေးဝန်ဆောင်မှုတွေကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှာဖြစ်ပြီး ဆင်းကတ်ပျောက်ဆုံးတာ ဒါမှမဟုတ် ဝန်ဆောင်မှုဆိုင်ရာ ပြဿနာတွေရှိလာရင် ဖြေရှင်းနိုင်တဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ်” ဟုဆက်လက်ပြောကြားသည်။ လတ်တလောတွင် ဆင်းကတ်မှတ်ပုံတင်နေ့ကို ရန်ကုန်မြို့၌ နိုဝင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်သွားခဲ့ပြီး တယ်လီနောဝန်ထမ်းများက သုံးစွဲသူများနှင့်တိုက်ရိုက်လိုက်လံတွေ့ဆုံပြီး  ဆင်းကတ်ကို လွယ်ကူစွာ မှတ်ပုံတင်ရန်နည်းလမ်းများနှင့် မှတ်ပုံတင်ခြင်း၏အကျိုးကျေးဇူးများကို ရှင်းပြခဲ့ကြကာ လက်တွေ့ချက်ချင်းမှတ်ပုံတင်နိုင်ရန်ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

‘ဆင်းကတ်မှတ်ပုံတင်နေ့’ ကို တယ်လီနောဝန်ဆောင်မှုရရှိသည့် အခြားမြို့ငယ်များနှင့် ကျေးရွာများအထိ တိုးချဲ့ ပြုလုပ်သွားမည်ဖြစ်သည်ဟုဆိုသည်။