Samsung Tech Institute က Advanced Training ပေး

Samsung Tech Institute ဟာ Mobile Application Training 2016 အတွက် ဆန်ကာတင်ကျောင်းသား ၃၀ ဦးကိုရွေးချယ်ခဲ့ပြီး Advanced Training ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Samsung Tech Institute ဟာ ရန်ကုန်၊ မန္တလေး ကွန်ပျူတာတက္ကသိုလ်နှစ်ခုမှာ အောက်တိုဘာလ ၁ ရက်နေ့ကစတင်ပြီးတော့ ကျောင်းသား၊ ကျောင်းသူ အယောက် ၁၅၀ ကို သင်တန်းတွေပေး

အပ်ခဲ့ဖြစ်ပါတယ်။ ဒီသင်တန်းသားတွေထဲကနေပြီးတော့ အယောက် ၃၀ ကို ပြန်လည်ရွေးချယ်ပြီး Samsung Tech Institute က Advanced Training ပေးအပ်မှာလည်းဖြစ်ပါတယ်။ ဒီ Advanced Training မှာ ပထမဆုရရှိသူကိုတော့ အမေရိကန်ဒေါ်လာ ၂၄၀၀၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၁၈၀၀ နဲ့ တတိယ

ဆု အမေရိကန်ဒေါ်လာ ၁၅၀၀ ကိုလည်း ပေးအပ်သွားမှာပါ။ အခုလက်ရှိ ဆန်ကာတင်ရွေးချယ်ထားတဲ့ Application ခေါင်းစဉ်တွေကတော့ ကလေးသင်္ချာ၊ Myanmar Nightlife၊ Myanmar Cinema Ticke၊ Myanmar KG World၊ Learning English၊ A YAY PAW၊ MM Job Hunt၊ Myoe Pat၊ Essence of English၊ Sarpaycom တို့ဖြစ်ပါတယ်။