Snapdragon 821 ပါဝင်သော OnePlus “3T” ကိုမိတ်ဆက်မည်ဟု အတည်ပြု

တရုတ်နိုင်ငံ၏ startup စမတ်ဖုန်း ကုမ္ပဏီ OnePlus သည် လာမည့်အပတ် တွင် Snapdragon 821 ပါဝင်သော စမတ်ဖုန်းသစ်ကို မိတ်ဆက်မည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

Qualcomm ၏ Snapdragon 821 clock speed မှာ 2.35 GHz အထိရှိ သည်။ SD821 သည် virtual နှင့် augmented reality အသုံးပြုမှုကို ကိုင်တွယ်ရန်ဒီဇိုင်းထုတ်ထားပြီး ကင်မရာ sensor များမှာလည်း ပိုမိုကောင်းမွန်လာသည်။ OnePlus သည် Twitter ရှိ ဗီဒီယိုတွင် “T-7” ဟူ၍ပြသထားသည်။ ထို့ကြောင့် စမတ်ဖုန်းသစ်အမည်မှာ One-Plus T ဖြစ်နိုင်ဖွယ်ရှိသည်။ စမတ်ဖုန်း၏ အသေးစိတ်အချက်အလက်များမှာ သေချာမသိရသေးပေ။

သတင်းများ၏ခန့်မှန်းဖော်ပြချက်များအရ RAM 6GB နှင့် storage 64GB ပါဝင်လာဖွယ်ရှိကာ မျက်နှာပြင်အရွယ်မှာ ၅.၅ လက်မ ရုပ်ထွက်အရည်အသွေး 1080p ဖြစ်သည်။ OnePlus သည် စမတ်ဖုန်းထုတ်ကုန်သစ်ကို နိုဝင်ဘာလ ၁၅ ရက်တွင် ထုတ်ဖော်မိတ်ဆက်ရန် စီစဉ်ထားသည်။

Ref: SlashGear