Xiaomi ထုတ်ကုန်သစ်ကို CES ပြပွဲတွင် ထုတ်ဖော်မိတ်ဆက်မည်

တရုတ်နိုင်ငံ၏ အကြီးမားဆုံး စမတ်ဖုန်းကုမ္ပဏီများအနက် တစ်ခုဖြစ်သော Xiaomi သည် နီဗားဒါးပြည်နယ် လက်စ်ဗီးဂတ်စ်မြို့ရှိ လူသုံးကုန်အီလက်ထရွန်နစ်ပြပွဲ (CES) တွင်ပထမဆုံး အကြိမ်အဖြစ် စမတ်ဖုန်းသစ်ကို မိတ်ဆက်သွားမည်ဖြစ်သည်။ အဆိုပါပွဲကို ၂၀၁၇ ခုနှစ် အစောပိုင်းပြုလုပ်မည်ဖြစ်သည်။

ထိုပွဲပြသသောထုတ်ကုန်သစ်ကို Xiaomi ကတစ်ကမ္ဘာလုံးသို့ ဖြန့်ချိသွားမည်ဖြစ်သည်။

ထို့အပြင် Xiaomi သည် တစ်ကမ္ဘာလုံးဖြန့်ချိမည့် စမတ်ဖုန်းတစ်မျိုးကို ဖြန့်ချိရန် စီစဉ်လျက်ရှိကြောင်း ကုမ္ပဏီ၏ အပြည်ပြည်ဆိုင်ရာ ဒုဥက္ကဋ္ဌ ဟူဂိုဘာရာက ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် ဈေးကွက်ပြိုင်ဆိုင်မှုပြင်းထန်ပြီး သုံးစွဲသူ ဝန်ဆောင်မှု အခြေခံအဆောက်အအုံ ထောက်ပံ့ခြင်းကဲ့သို့ ကိစ္စရပ်များအပေါ် စိုးရိမ်မှုရှိနေသည်။

Xiaomi အနေဖြင့် CES တွင် VR headset, tablet သို့မဟုတ် စမတ်နာရီ တစ်မျိုးမျိုးကို မိတ်ဆက်ဖွယ်ရှိသည်။ အ ဆိုပါထုတ်ကုန်များသည် ဈေးကွက်သစ်များကိုမိတ်ဆက်ရာတွင် ဖုန်းထက်ပိုမိုလွယ်ကူသည်။       

-Ref: 9to5Google