Meizu X ၏ဓာတ်ပုံများ ပေါက်ကြားထွက်ပေါ်လာ

Meizu သည် တရုတ်နိုင်ငံတွင် ပြုလုပ်မည့် နိုဝင်ဘာလ ၃၀ အထူးပွဲ၌ Meizu X စမတ်ဖုန်းသစ်ကို ထုတ်ဖော် မိတ်ဆက်သွားမည်ဖြစ်သည်။ ကုမ္ပဏီ အနေဖြင့် ထိုပွဲတွင် Helio chiset သစ်ကိုလည်း မိတ်ဆက်မည်ဖြစ်သည်။

သတင်းများ၏ဖော်ပြချက်အရ Meizu X တွင် 10nm Helio X30 ချစ်ပ်ပါဝင်လာမည်ဖြစ်သည်။ Helio X30 decacore tri-cluster ပရိုဆက်ဆာအပြင် 2.8G Hz 4x Cortex-A73, 2.2GHZ 4x Cortex-A53 နှင့် 2.0GHz 2x Cortex-A53 တို့ပါဝင်လာဖွယ်ရှိသည်။

ပေါက်ကြားထွက်ပေါ်လာသော ဓာတ်ပုံများအရ Meizu X ၏ကျောဘက်တွင် flash အဝိုင်းပါဝင်လာသည်။ Meizu သည်ယခင်ဖုန်းများထက် antenna ကို ဖုံးကွယ်ထားသည်။ ကောလာဟလများ အရ Meizu X တွင် ၅.၅ လက်မ 1080p display နှင့် octa-core Cortex-A53 ပရိုဆက်ဆာအပြင် Mali-T880 MP2 GPU, RAM 3GB တို့ပါဝင်လာဖွယ် ရှိသည်။ ကျောဘက်ကင်မရာမှာ 13MP နှင့် ရှေ့ကင်မရာ 5MP ပါဝင်လာဖွယ်ရှိနေသည်။

-Ref: GSMArena