Instagram တွင် live ဗီဒီယိုပါဝင်လာ

အသစ်ထွက်ရှိလာသော Instagram update တွင် feature သစ်နှစ်မျိုး ပါဝင်လာသည်။ ၎င်းတို့မှာ Instagram Direct အတွက် ဖျောက်ထားသောဓာတ်ပုံများ ပေးပို့ခြင်းနှင့် Instagram Story များအတွက် live ဗီဒီယိုထုတ်လွှင့်မှုတို့ ပါဝင်လာသည်။ Instagram သည် Snapchat မှ feature တချို့ကို မှီးလေ့ရှိနေသည်။ သို့သော်လည်း Instagram ၏ live ဗီဒီယို feature မှာ Periscope နှင့် Facebook Live ရေပန်းစားလာခြင်းကို ဖော်ပြနေသည်။

Instagram ၏ live ဗီဒီယို feature ကိုရှိပြီးသား “stories” feature တွင်ထည့်သွင်းထားသည်။ သုံးစွဲသူ၏ story တွင် ဓာတ်ပုံသို့မဟုတ်ဗီဒီယိုကို swipe ပြုလုပ်၍ထည့်သွင်းနိုင်သည်။ အကယ်၍ သုံးစွဲသူက live ထုတ်လွှင့်ပါက follower များက story icon ပေါ်တွင် “live” သင်္ကေတကိုမြင်ရမည်ဖြစ်သည်။ ထို့အပြင် Instagram သည် app ၏ “explore” tab တွင် live story များကို ထည့်သွင်းထားသေးသည်။ သုံးစွဲသူအနေဖြင့် follow မပြုလုပ်ထားသူများ၏ live ဗီဒီယိုကိုမြင်တွေ့ရမည်ဖြစ်သည်။

Instagram Direct မှတစ်ဆင့်သုံးစွဲသူတစ်ဦး သို့မဟုတ် အဖွဲ့တစ်ခုသို့ ဖျောက်ထားသော ဓာတ်ပုံနှင့် ဗီဒီယိုများကို ပေးပို့နိုင်သည်။ သုံးစွဲသူအနေဖြင့် follow ပြုလုပ်ထားသောလူများထံသို့သာ ဓာတ်ပုံနှင့် ဗီဒီယိုများကိုပေးပို့နိုင်သည်။ အကယ်၍ တစ်စုံတစ်ယောက်ပေးပို့သော ဓာတ်ပုံကို screenshot ရိုက်လိုက်ပါက သတိပေးချက်ပေးပို့မည်ဖြစ်သည်။

-Ref: Engadget