Porsche Design နှင့်ချွတ်စွပ်တူသည့် Huawei Mate 9 Pro

လတ်တလောတွင် Huawei သည် Mate 9 နှင့် Huawei Mate 9 Porsche Design ကိုထုတ်ဖော်မိတ်ဆက်ခဲ့သည်။

၎င်းထုတ်ကုန်နှစ်ခုစလုံးတွင် AMOLED မျက်နှာပြင်၊ Kirin 960 ချစ်ပ်များနှင့် ဒုတိယမြောက်မျိုးဆက် Leica dual-camera တို့ပါဝင်သည်။ Mate 9 မျက်နှာပြင်အရွယ်မှာ ၅.၉ လက်မဖြစ်ပြီး 1080p ရုပ်ထွက်အရည်အသွေးဖြစ်သည်။ Porsche မော်ဒယ်မှာ မျက်နှာပြင် ၅.၅ လက်မသာရှိပြီး OLED မျက်နှာပြင်ကွေးပါဝင်ကာ ရုပ်ထွက်အရည်အသွေး 1440p ဖြစ်သည်။

Huawei သည် ကောလာဟလများ ထွက်ပေါ်ခဲ့သော Mate 9 Pro ကို မိတ်ဆက်လိုက်ပြီဖြစ်သည်။ ၎င်းတွင်၅.၅ လက်မ AMOLED မျက်နှာပြင် Quad HD  ရုပ်ထွက်အရည်အသွေးပါဝင်သည်။ ထို့အပြင် RAM 4GB သို့မဟုတ် 6GB နှင့်တွဲဖက်ထားသော Kirin 960 ချစ်ပ်ကိုပင်အသုံးပြုထားကာ Leica dual-camera ကိုအသုံးပြုထားသည်။ ထို့အပြင် Porsche မော်ဒယ်ကဲ့သို့ ရှေ့ဘက်တွင် လက်ဗွေဖတ်စနစ်ထည့်သွင်းထားသည်။

Mate 9 Pro တွင် hybrid dual-SIM/microSD ကတ်ပေါက်တို့ပါဝင်သည်။ Mate 9 Pro ကို တရုတ်နိုင်ငံ၌သာ ကြိုတင်မှာယူနိုင်ပြီး ရွှေ၊ ငွေ၊ မီးခိုးနှင့် rose gold ဟူ၍ထုတ်လုပ်သွားမည်ဖြစ်သည်။ Mate 9 Pro ၏ 4GB/64GB ဗားရှင်းကို ၆၈၆ ဒေါ်လာကျသင့်မည်ဖြစ်သည်။ Mate 9 Pro 6GB/128GB ကို ၇၇၅ ဒေါ်လာကျသင့်မည် ဖြစ်သည်။ မည်သည့်အချိန်တွင် နိုင်ငံ တကာသို့ Mate 9 Pro ဖြန့်ချိမည်ကို မသိရှိရသေးပေ။

Ref: GSMArena