ကင်မရာနှစ်လုံးနှင့် P10 ချစ်ပ်ပါဝင်လာသော Gionee S9

တရုတ်နိုင်ငံတွင် Gionee S9 ကို တရားဝင်မိတ်ဆက်ခဲ့သည်။ အဆိုပါ phablet တွင်စိတ်ဝင်စားစရာ hardware များပါဝင်လာခြင်းမရှိပေ။

Gionee S9 တွင် ၅.၅ လက်မ FullHD display Mediatek P10 chipset လည်းပါဝင်လာသည်။ S9 တွင် AMOLED အသုံးပြုထားကာ Storage 64GB နှင့် RAM 4GB အသုံးပြုထားသည်။ S9 တွင် dual camera ပါဝင်လာကာ depth of field effect များထုတ်လုပ်နိုင်ရန် 13MP/5MP ကိုချိတ်ဆက်ထားသည်။ S9 အလေးချိန်မှာ ၂၀ ဂရမ်ရှိပြီး ဘက်ထရီမှာ 3,000mAh ဖြစ်သည်။ Gionee S9 ကို တရုတ်နိုင်ငံတွင်  ၃၆၄ ဒေါ်လာဖြင့်ကြိုတင်မှာယူနိုင်ပြီး နိုဝင်ဘာလ ၂၅ ရက်တွင် ရောင်းချသွားမည်ဖြစ်သည်။

Ref: GSMArena