သတ္တုကိုယ်ထည် Moto M ကို တရုတ်နိုင်ငံတွင်စတင်ရောင်းချ

Lenovo ၏အလယ်အလတ်ဖုန်း Moto M ကို တရုတ်နိုင်ငံတွင် စတင်ရောင်းချပေးလျက်ရှိသည်။ ဖုန်း၏အသေးစိတ်အချက်အလက်များကို TMall နှင့် Lenovo ဝက်ဘ်ဆိုက်တွင် ဖော်ပြထား သည်။ Moto M ကို ယွမ် ၁,၉၉၉ (၂၉၅ ဒေါ်လာ) ဖြင့်ရောင်းချမည်ဖြစ်သည်။

Moto M တွင် 2.2GHz octa-core MediaTek Helio P15 ပရိုဆက်ဆာအပြင် 4GB LPDDR3 RAM, internal flash memory 32GB နှင့်အတူ 128GB memory ကတ်ပေါက်တို့ ပါဝင်လာသည်။ မျက်နှာပြင်အရွယ်အစားမှာ ၅.၅ လက်မ Full HD panel ပါဝင်ကာ ကျောဘက်ကင်မရာ 16 megapixel နှင့်ရှေ့ကင်မရာ 8 megapixel တို့ပါဝင်လာသည်။

Moto M ကို သတ္တုကိုယ်ထည်စပ်ဖြင့် တည်ဆောက်ထားပြီး hydrophobic အလွှာနှစ်ထပ်ပေါင်းစပ်ထားသော ကြောင့် ရေစိုခံနိုင်သည်။ သို့သော်လည်း ရေစိမ်ခံခြင်းမရှိပေ။ ထို့အပြင် လက်ဗွေ ဖတ်စနစ်၊ Dolby Atmos အသံပိုင်း ဆိုင်ရာနှင့် အားသွင်းမြန်ဆန်သောနည်း ပညာလည်း ပါဝင်သည်။

Moto M တွင် Helio P15 ပရိုဆက်ဆာအသုံးပြုထားပြီး Cortex-A53 CPUcore ရှစ်ခုနှင့် Mali-T860 MP2 GPU တို့ပါဝင်လာသည်။

Ref: AndroidAuthority