Facebook iOS App တွင် Prisama ကဲ့သို့ Art Filter များ မကြာမီပါဝင်လာမည်

Facebook သည် ဗီဒီယိုနှင့်ဓာတ်ပုံများကို အနုပညာလက်ရာများအသွင်သို့ ပြောင်းလဲနိုင်မည့် feature တစ်မျိုးကို မိုဘိုင်း app update ၌ မကြာမီထည့်သွင်းသွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ နည်းပညာအကြီးအကဲ မိုက်ရှရိုပါဖ်ကပြောကြားခဲ့သည်။ အဆိုပါနည်းပညာတွင် ထိရောက်မှုအရှိဆုံး neural net-work များကို အသုံးပြုထားသည်။

အဆိုပါ update ကို သုံးစွဲသူ၏စမတ် ဖုန်းတွင်အသုံးပြုနိုင်ရန်ပြုလုပ်ထားပြီး content အား ဆာဗာများတွင်အထိုင်ချမည်မဟုတ်ကြောင်း မိုက်ရှရိုပါဖ်ကပြောဆိုခဲ့သည်။ ကုမ္ပဏီ၏ မိုဘိုင်း app များတွင် ၎င်း feature ထည့်သွင်းရာတွင် ကြုံတွေ့ရသည့်အခက်အခဲများကို ရှင်းလင်းပြောကြားခဲ့သည်။

ယခု update သည် Prisma app လုပ်ဆောင်ချက်နှင့် ဆင်တူသည်။ Prisma app ကို သြဂုတ်လတွင်ဖြန့်ချိခဲ့ပြီး ဓာတ် ပုံနှင့်ဗီဒီယိုများကို အနုပညာလက်ရာအသွင် ပြောင်းလဲပေးနိုင်သည်။ Prisma တွင် neural နှင့် artificial intelligence ကို ဆာဗာကိုပေါင်းစပ်ထားကာ သုံးစွဲသူများက မတူညီသော filter အမျိုးမျိုးကို အသုံးပြုနိုင်သည်။ သို့ရာတွင် Prisma သည် offline တွင်ဓာတ်ပုံပြောင်းလဲနိုင်ရန် update ကိုဖြန့်ချိခဲ့သည်။ ထို့ကြောင့် သုံးစွဲသူများသည် စမတ်ဖုန်း အတွင်းရှိဓာတ်ပုံများကို filter အချို့အသုံးပြု၍ ပြောင်းလဲနိုင်ပြီဖြစ်သည်။

Ref: MacRumors