မိုဘိုင်းမမ

ကျွန်တော် စနေနေ့က Samsung J2 Prime ၀ယ်ခဲ့ပါတယ်။ OS က 6.0.1 ပါ။ ကျွန်တောာ့်ဖုန်းထဲကို zawgyi one ttf latest version ကို install လုပ်တာ ထည့်မရဘူးဖြစ်နေပါတယ်။ ဘာဖြစ်လို့ပါလဲ။

Samsung J2 prime အစ်ကို zawgyione2014 ဆိုတာကို Playstore  (or) google browser ကရှာပြီး Install လုပ်ပါ။ Settings ထဲမှာ Display ထဲ က font style မှာ zawgyione2014 ဆိုတာလေးရွေးပေးလိုက်ပါ။

ဖုန်းပါဝါခဏခဏကျနေပါတယ်။ ဘက်ထရီက လဲထားတာတစ်ပတ်လောက်ပဲရှိပါသေးတယ်။ Samsung ပါ။

အဲဒီ Error မျိုးခဏခဏဖြစ်တာတွေ့ရပါတယ်။ Firmware error တက်နေတာပါ။  samsung တွေကို firmware file Ap တစ်ခုတည်းတင်ရင်မရပါဘူး၊ အဲ့လိုပဲ ဆက်ဖြစ်နေပါတယ်။ အဲ့တော့ firmware 4 file အပြည့်နဲ့ပြန်တင်ကြည့်ပါ အဆင်ပြေပါလိမ့်မယ်။

WiFi ဖွင့်လိုက်တာ Firmware auto upgrade လုပ်နေလို့ ရပ်ထားရပါတယ်။ Samsung J2 Prime မှာ Firmware ကို အဲ့လို upgrade လုပ်ရင် ဖုန်းမှာ အန္တရာယ်တွေရှိလာနိုင်ပါသလား။
wifi ကနေ firmware auto update ပေးရင် ပိတ်ပေးထားတာ အကောင်းဆုံးပါ။ လိုင်းကောင်းတယ်ဆိုရင်တော့ error မရှိနိုင်ပါဘူး။ မြှင့်ရင်းလိုင်းကျသွားရင်တော့ စက်ပူလာတာတို့၊ စက်ဟန်းတာတို့ တခြား error တွေလဲရှိနိုင်ပါတယ်။

iPhone 6 မှာ Settings Restart ချလိုက်ရင် အထဲကဒေတာတွေပျက်သွားနိုင်ပါသလား။

Reset ချလိုက်ရင်အထဲက ဒေတာတွေပျက်လားဆိုတော့ ကိုယ်ချတဲ့အပေါ်မှာမူတည်ပါတယ်။ Network ကိုချမှာလား Settings တစ်ခုလုံးချမှာလားဆိုတာပေါ့။ Network တင်ဆိုရင်တော့ မပျက်ပါဘူး။ Reset All Settings ဆိုရင်တော့ အကုန်ပျက်
မှာပါ။

ယခုကဏ္ဍအား Binary Mobile Service အမှတ် (၄)၊ ထင်းတန်းလမ်း၊ သံဃာစာဖြေဆောင်နှင့် မျက်နှာချင်းဆိုင်၊ ပခုက္ကူမြို့မှ ကူညီဖြေကြားပေးပါသည်။