မိုဘိုင်းမမ

ကျွန်တော့်ကို redmi pro myanmar font ထည့်နည်းလေးပြောပြပေးလို့ရမလား ခင်ဗျ။ ကျေးဇူးပြု၍ရှင်းပြပေးပါလား။

redmi pro မြန်မာဖောင့်က miui8 ဖြစ်သွားလို့ဖြစ်မယ်ထင်တယ်။ moethittnyo ဆိုပြီးရိုက်ရှာလိုက်ပါ။ တရုတ်စာလေးတက်လာရင် Download ပြီးရင် Apply အဆင်ပြေပါပြီ။

Mi ဖုန်းနဲ့ Galaxy gear 2 ဘယ်လိုချိတ်ရပါသလဲ။

Mi ဖုန်းနဲ့ Galaxy gear နဲ့ချိတ်မယ်ဆိုရင်တော့ gear app ကို mi တင်ပြီး app ကနေ တစ်ဆင့်ပြီးတစ်ဆင့် ညွှန်ကြားသလိုလုပ်ပေးရုံပါပဲ။ ဒါပေမဲ့ အဆင်ပြေမယ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ Mi ကလဲ gear လိုမျိုး accessories ထွက်တဲ့အတွက်ကြောင့် သူ့ brand နဲ့အဆင်ပြေအောင်ပဲ ကန့်သတ်ထားနိုင်ပါတယ်။

Android ဖုန်း version 6.0.1 ဖုန်းတွေမှာ zaw gyi font ထည့်မရတာ ဘယ်လို လုပ်ရမလဲခင်ဗျာ။ Warranty ရှိနေသေးလို့် Root မလုပ်ဘဲ zawgyi font ထည့်လို့ ရမယ့်နည်းလမ်းသိချင်လို့ပါ။

Android ဖုန်း version 6.0.1 ဖုန်းတွေမှာ zaw gyi font ထည့်တာက မော်ဒယ် အလိုက်ကွဲပြားမှုရှိတဲ့အတွက် မော်ဒယ်သိမှအဆင်ပြေပါမယ်။

iPhone 6s plus နဲ့ Oppo F1s နဲ့ ဘယ်ဖုန်းကကင်မရာပိုကောင်းလဲဗျ။ ရှင်းပြပေးပါလား။

iPhone 6s plus နဲ့ Oppo F1s နဲ့ ဘယ်ဖုန်းကကင်မရာကောင်းလဲဆိုတာတော့ ရိုက်ကြည့်ရုံနဲ့မသိနိုင်ပါဘူး။ နှစ်ခုစလုံးနဲ့ရိုက်ပြီး ကွန်ပျူတာပေါ်တင်ကြည့်မှသိနိုင်ပါမယ်။ ဖုန်းတွေက သူ့ resolution နဲ့ကိုက်အောင်ထုတ်ထားတာဆိုတော့ ရိုက်တဲ့ဖုန်းနဲ့ ကြည့်ရင်တော့ တော်တော်အဆင်ပြေပါတယ်။ အတိအကျသိဖို့ကတော့ ကွန်ပျူတာမှာတင်ကြည့်ပါ။

ယခုကဏ္ဍအား Binary Mobile Service အမှတ် (၄)၊ ထင်းတန်းလမ်း၊ သံဃာစာဖြေဆောင်နှင့် မျက်နှာချင်းဆိုင်၊ ပခုက္ကူမြို့မှ ကူညီဖြေကြားပေးပါသည်။