မိုဘိုင်းမမ

ကျွန်တော်ဖုန်းမှာ ဂိမ်းတော့ဆော့ပါတယ်။ ခဏလေးနဲ့ဖုန်းပူလာပါတယ်။

အဲ့ဒါကတော့ ဖုန်းမှာသုံးထားတဲ့ Cpu နဲ့ Ram နဲ့လည်းဆိုင်ပါတယ်။ ဂိမ်းဆော့ပါများလာရင် ဖုန်းတော်တော်များများပူပါတယ်။ နောက်တစ်ခုကတော့ ဖုန်းဘက်ထရီနဲ့လည်းဆိုင်ပါတယ်။ ဘက်ထရီတွေက သုံးတာကြာလာရင် ကွာလတီလျော့လာတာပေါ့ရှင်။ အဲ့ဒါကိုဆက်သုံးနေရင် Power ic ကိုပါ ထိခိုက်လာပါတယ်၊ အဲ့တော့ဖုန်းကလိုအပ်တာထက်ပိုပူလာတာပေါ့။ ပုံမှန်သုံးနေရင်မပူဘူး၊ ဂိမ်းတွေဆော့မှပူလာတယ်ဆိုရင် ဖုန်းမှာသုံးထားတဲ့ Cpu နဲ့ Ram ကို မနိုင်ဝန်ထမ်းခိုင်းနေတာကြောင့် ဖြစ်ပါလိမ့်မယ်။

iPhone မှာ Facebook အကောင့် တစ်ခုထက်ပိုသုံးချင်ပါတယ်။ သုံးလို့ရပါသလား။

iPhone မှာ Facebook အကောင့် တစ်ခုထက် ပိုသုံးချင်တယ်ဆိုရင်တော့ Facebook Lite, Papper ဆိုတာလေးတွေရှိပါတယ်။ တခြားအကြောင်းအရာတွေကိုပါ လေ့လာချင်တယ်ဆိုရင်တော့ Papper  ဆိုတဲ့ဆော့ဖ်ဝဲ လေးက ပိုအဆင်ပြေပါတယ်ရှင်။

ကျွန်တော့်ဖုန်းကို ကျွန်တော် OS Version ပြောင်းမြှင့် လိုက်ပါတယ်။ ဖုန်းကဗားရှင်းမြှင့်ပြီးကတည်းက ဖုန်းမှာ ထည့်သွင်းထားတဲ့ဆော့ဖ်ဝဲတွေက Error ဖြစ်နေတယ်။

Android တွေမှာဗားရှင်းမြှင့်သုံးချင်တယ်ဆိုရင်တော့ အင်တာနက်တိုက်ရိုက်မမြှင့်စေချင်ဘူးရှင့်။ ဘာဖြစ်လို့လဲဆိုတော့ ကွန်နက်ရှင်အတက်အကျပေါ်မူတည်လို့ပါပဲ။ ကိုယ်မြှင့်လိုက်တဲ့အချိန်မှာ ဖိုင်တွေမစုံရင် error အမျိုးမျိုးတက်တတ်ပါတယ်။ စက်ဟန်းတာတို့၊ ဗားရှင်းမကိုက် တာတို့ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် Firmware ဖိုင်ဒေါင်းပြီးမြှင့်ပါလို့ ပြောချင်ပါတယ်။

iPhone မှာ လက်ဗွေစနစ်ကိုအသုံးပြုပြီးကိုင်ပါတယ်။

Installation တစ်ခုလုပ်ပြီး Reset ကျသွားပြီးပြန်တက်လာတဲ့အချိန်မှာ လက်ဗွေစနစ်အလုပ်မလုပ်တော့ပါဘူး။ ဘယ်လိုလုပ်ရမလဲ။ Device ကို Update အရင်လုပ်ကြည့်စေချင်ပါတယ်။ Update ပြီးသွားတဲ့အခါကျရင် လက်ဗွေစနစ်ရော Password စနစ်ပါပျက်သွားလိမ့်မယ်။ အဲဒါမှမဟုတ်ရင်တော့ Update firmware တင်ကြည့်စေချင်တယ်။ Data တွေတော့ အကုန်ပျက်သွားမှာပေါ့။ ဒါမှမရဘူးဆိုရင်တော့ ကျွမ်းကျင်နားလည်တဲ့သူဆီမှာပြတာ အကောင်းဆုံးပေါ့ရှင်။

ယခုကဏ္ဍအား Binary Mobile Service အမှတ် (၄)၊ ထင်းတန်းလမ်း၊ သံဃာစာဖြေဆောင်နှင့် မျက်နှာချင်းဆိုင်၊ ပခုက္ကူမြို့မှ ကူညီဖြေကြားပေးပါသည်။