မိုဘိုင်းမမ

ဖုန်းကအားသွင်းကြိုးထိုးလိုက်ရင် ပါဝါသေသေသွားပါတယ်။ အားသွင်းကြိုးဖြုတ်ပြီး ပါဝါကိုပြန်ဖွင့်လိုက်ရင်တော့ ပြန်ရပြန်ရော။ ဘာဖြစ်တာပါလဲခင်ဗျာ။

ဖုန်းကအားသွင်းကြိုးထိုးလိုက်ရင် ပါဝါပျောက်သွားတယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ အားသွင်းခေါင်းလဲကြည့်ပြီး ဘက်ထရီချိန်းကြည့်ပါ။ အဲလိုမှအဆင်မပြေရင်တော့ စက်ပိုင်းဆိုင်ရာ ကနေဖြစ်တဲ့အတွက် ဆိုင်မှာပြသင့်ပါတယ်။

ဖုန်းလိုင်းဆွဲအားနဲ့ ဘက်ထရီကုန်မြန်တာ ဆက်စပ်မှုရှိပါသလားမမရေ။

ဖုန်းလိုင်းဆွဲအားနဲ့ ဘက်ထရီနဲ့ ဆက်စပ်မှုရှိပါတယ်။ ကမ်းရိုးတန်းဖုန်းတွေနဲ့ CDMA800 တွေမှာ ပိုသိသာပါတယ်။

ကျွန်တော် iPhone 6S ပါ။ ဖုန်းအားသွင်းရင် ပုံမှန်ထက်ပိုမြန်ပြီးဘတ်ထရီက ခဏပဲခံလို့ပါ။ ဘာဖြစ်တာပါလဲဗျ။

ဖုန်းအားသွင်းတာမြန်ရင်တော့ ဘက်ထရီက အသုံးခံမှာမဟုတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ အမ်ပီယာက တောင့်မခံနိုင်တော့တာပါ။ iPhone မှာဆိုရင်တော့ version update လေးလုပ်ပြီး သုံးကြည့်ပါ။ အဆင်မပြေရင် ဘက်ထရီချိန်းမှ အဆင်ပြေမှာပါ။

ဖုန်းကို Reset လုပ်လိုက်တာ ဖုန်းက Reset တော့ကျသွားပါတယ်။ ဒါပေမဲ့ ပါဝါကဆက်တက်မလာတော့ဘဲနဲ့ ရပ်နေပါတယ်။ ဘာဖြစ်တာပါလဲ။

အဖြစ်အများဆုံးကတော့ FRP Lock ဆိုတဲ့ Error ပါ။ အစ်ကိုဖုန်း က Samsung ဖြစ်ဖို့များပါလိမ့်မယ်။ Huawei နဲ့ အခြား Brand တွေမှာလဲဖြစ်တတ်ပါတယ်။ Firmware ပြန်တင်ရပါတယ်။ Firmware ပြန်တင်ရုံနဲ့လဲမပြီးသေးပါဘူး။ Google account lock bypass ကို ကျော်ရပါသေးတယ်။ တစ်မျိုးနဲ့တစ်မျိုး လုပ်နည်းတွေမတူညီတဲ့ အတွက် Google မှာရှာပြီး Google account lock bypass ကိုဖြည်ပါလို့ အကြံပြုချင်ပါတယ်။

ယခုကဏ္ဍအား Binary Mobile Service အမှတ် (၄)၊ ထင်းတန်းလမ်း၊ သံဃာစာဖြေဆောင်နှင့် မျက်နှာချင်းဆိုင်၊ ပခုက္ကူမြို့မှ ကူညီဖြေကြားပေးပါသည်။