မိုဘိုင်းမမ

iPhone တွေမှာ Application တွေကို backup လုပ်တာမျိုး၊ ပြန်ထည့်တာမျိုးဆို ဘယ်software နဲ့အဆင်ပြေပါသလဲ။

အသုံးများကြတာကတော့ iTools တို့ Tongbu တို့က အသုံးပြုရလွယ်ကူလို့ အသုံးများကြပါတယ်။ တစ်ခုရှိတာက iPhone တွေက Jailbreak လုပ်မှပဲ အကုန်လုံးကို Backup လုပ်လို့ရပါတယ်။ Jailbreak မလုပ်ထားရင်တော့ contact Photo တွေပဲ Backupလုပ်လို့ရမှာပါ။ Jailbreak လုပ်ထားတဲ့ဖုန်းတွေကတော့ သက်ဆိုင်ရာ iTool သို့မဟုတ် Tongbu ဆော့ဖ်ဝဲကိုဖွင့်ပြီး မိမိလုပ်ချင်တဲ့ contact, photo, application, video နှိပ်ပြီး ကိုယ် Backup လုပ်ချင်တာလေးတွေကိုရွေးပြီး backup ပြုလုပ်လို့ရပါတယ်။ တစ်ခုသတိထားရမှာက iTool နဲ့ Tongbu တို့ဟာ iTunes ဆိုတဲ့ Software ရှိမှပဲအသုံးပြုလို့ အဆင်ပြေမှာပါ။

အရင်တုန်းကအသုံးပြုနေတဲ့ App တချို့ကို ဖုန်းထဲမှာ uninstall လုပ်တာ လုပ်မရဘူးဖြစ်နေလို့ပါ။ Virus ကြောင့်ပါလား။ ဘာဖြစ်တာလဲသိချင်လို့ပါ။ Samsung ဖုန်းပါ။

Virus ကိုက်နေရင်လဲ ဖြစ်တတ်ပါတယ်။ Firmware error တက်နေ ရင်လဲဖြစ်တတ်ပါတယ်။ အကောင်းဆုံးက firmware ပြန်တင်လိုက်ရင် အဆင်ပြေပါတယ်။ Samsung ဖုန်း firmware ဖိုင်တစ်ဖိုင်တည်းဆို firmware တင်ပြီးရင် factory reset ထပ်ချလိုက်ပါ အဆင်ပြေပါလိမ့်မယ်နော်။

Android OS ဖုန်းတွေကို Root လုပ်ပြီးသုံးတာနဲ့ မလုပ်ဘဲသုံးတာ ဘာကွာခြားပါသလဲ။

Root မလုပ်ဘဲ အသုံးပြုလို့မရဘူးလားဆိုတော့ ရတော့ရပါတယ်။ Root မလုပ်ဘဲ အသုံးပြုဖို့ဆိုရင်တော့ ယူနီကုဒ်ကိုအသုံးပြုတတ်မှ သုံးလို့ရမှာပါ။ MI တွေမှာတော့ Root မလုပ်ဘဲ မြန်မာစာမှန်ကန်စွာအသုံးပြုနိုင်ပါတယ်။ Root လုပ်တာက RAM ကိုလည်းလျော့စေတဲ့အတွက် စက်လေးတာတို့ဘာတို့ ဖြစ်တတ်ပါတယ်။

ဖုန်းမှာ Safe mode ဖြစ်နေလို့။ အဲဒါ ဘယ်လိုလုပ်ရင်ရမလဲဆိုတာ ကျေးဇူးပြုပြီး ဖြေပေးစေချင်ပါတယ်။

Safe Mode ၀င်တဲ့ပြဿနာကတော့ ပထမဆုံးအနေနဲ့ Battery ဖြုတ်ပြီးပြန် တပ်ကာ ပါဝါဖွင့်ကြည့်ပါ။ နောက်တစ်နည်းကတော့ battery ဖြုတ်ပြီး ပါဝါဖွင့် vibrate တုန်ရင် Vol - ကိုဖိထားကြည့်ပါ။ အဲ့လိုမှအဆင်မပြေရင် Hardware ပိုင်းဖြစ်တဲ့အတွက် ဆိုင်ကိုပဲပြသင့်ပါတယ်ရှင်။