မိုဘိုင်းမမ

Samsung galaxy grand ပါ။ Application တွေလည်း မသုံးရဘဲလေးနေပါတယ်။ မြန်အောင် ဘယ်လိုလုပ်ရမလဲ။

 ပုံမှန်အားဖြင့် ဖုန်းတွေက အသုံးပြုတာကြာလာတာနဲ့ အမျှ Data တွေလည်းများလာပါတယ်။ Ram နိမ့်တဲ့ဖုန်းတွေဆို Game Data တွေနဲ့ Application Data တွေနဲ့ကြာရင် အသုံးပြုရင်ပြုသလောက်လေးလာပါတယ်။ ပုံမှန်ဆို စက်က Application အသုံးမပြုရသေးဘဲ အရမ်းလေးမနေသင့်ပါဘူး။ အကောင်းဆုံး အကြံပေးချင်တာကတော့ Official firmware ပြန်တင်ကြည့်ရင် အဆင်ပြေလောက်မယ်လို့ အကြံပြုချင်ပါတယ်။

ကျွန်တော်တက်ပလက်က lenovo A3000 ပါ။ ဝယ်ထားတာကြာပါပြီ။ ခုက Touch Screeen က ဘာမှမနှိပ်ဘဲ Auto အလုပ်တွေလုပ်နေလို့ ဘယ်လို လုပ်ရမလဲ။ 

ဟုတ်ကဲ့ မှန်လဲမကွဲဘဲ Touch Screen က Auto အလုပ်တွေလုပ်နေတယ်ဆိုရင်တော့ စဉ်းစားစရာပဲနော်။ မိုဘိုင်းမမကတော့ မှန်မကွဲဘဲနဲ့ Touch Screen Auto အလုပ်လုပ်နေတဲ့ lenovo တက်ပလက်ပထမတစ်လုံးကို firmware တင်
ကြည့်လိုက်တာ အဆင်ပြေဖူးတယ်။ အဲ့ဒါကတော့ firmware error ကြောင့်အဆင်ပြေသွားတာပေါ့။ အဲ့ဒါရှားပါတယ်။ နောက်တစ်လုံးကျတော့ firmware ပြန်တင်ရုံနဲ့မရတော့ဘူး။ Touch Screen အသစ်လဲလိုက်မှ အဆင်ပြေသွား
တယ်။ တစ်လုံးနဲ့တစ်လုံး ပုံသေတော့မရှိဘူးပေါ့။ အခုကြုံနေရတဲ့မောင်လေးရဲ့ တက်ပလက်ကိုလဲ မမလိုလုပ်ကြည့်စေချင်တယ်၊ ကောင်းတဲ့ Touch အသစ် တစ်ချပ်လဲလိုက်ရင် အဆင်ပြေမယ်ထင်ပါတယ်။

ကျွန်တော့်ဖုန်းမှာ Application တွေလည်း အရမ်းမသုံးပါဘူး။ ဂိမ်းတော့ဆော့ပါတယ်။ ခဏလေးနဲ့ဖုန်းပူလာပါတယ်။ ဘာလုပ်သင့်ပါသလဲ။

အဲ့ဒါကတော့ ဖုန်းမှာသုံးထားတဲ့ Cpu နဲ့ Ram နဲ့လည်း ဆိုင်ပါတယ်။ Data တွေ၊ ရုပ်ထွက်ကောင်းတဲ့ဂိမ်းတွေဆို ဖုန်းကပိုအလုပ်လုပ်ရပါတယ်။ အဲ့တော့ပူလာတာပေါ့၊ ဘက်ထရီလဲ အကုန်မြန်လာပါတယ်၊ ဂိမ်းဆော့ပါများလာရင် ဖုန်းတော်တော်များ များပူပါတယ်။ နောက်တစ်ခုကတော့ ဖုန်းဘက်ထရီနဲ့လည်း ဆိုင်ပါတယ်၊ ဘက်ထရီတွေက သုံးတာကြာလာရင် ကွာလတီလျော့လာတာပေါ့ရှင်။ အဲတော့ ဖုန်းကပူတာတို့၊ အားအကုန်မြန်လာတာတို့ဖြစ်တတ်ပါတယ်။ အဲ့ဒါကို ဆက်သုံးနေရင် Power ic ကိုပါ ထိခိုက်လာပါတယ်။ ပုံမှန်သုံးနေရင် မပူဘူး၊ ဂိမ်းတွေဆော့မှ ပူလာတယ်ဆိုရင် ဖုန်းမှာသုံးထားတဲ့ Cpu နဲ့ Ram ကို မနိုင်ဝန်ထမ်းခိုင်းနေတာကြောင့် ဖြစ်ပါလိမ့်မယ်။

ကျွန်တော် Samsung Galaxy Note 3 ကို Samsung Galaxy Note 2 အသုံးပြုနေရာကနေ ပြောင်းလဲအသုံးပြုလိုက်ပါတယ်။ ဖုန်းအသစ် (Samsung Galaxy Note 3) မှာ zawgyi 
Flipfont ဆိုတဲ့ ဖောင့်ဆော့ဖ်ဝဲကိုထည့်ပြီးအသုံးပြုတာ မရဘူးဖြစ်နေပါတယ်။ ဘာကြောင့်ပါလဲ။

တချို့ Samsung တွေမှာ zawgyi flipfont တွေနဲ့ အဆင်ပြေနိုင်ပေမယ့် တချို့ကျတော့ ဗားရှင်းတွေရွေးတတ်ကြပါတယ်။ အဲဒီအတွက် Apps တွေ အများကြီးရှိတဲ့အထဲကမှ အကုန်လုံးနဲ့အဆင်ပြေတဲ့ Zawgyi One TTF, iFont နဲ့ zawgyi-one flip font တွဲပြီးထည့်ရင်အဆင်ပြေပါ တယ်။ အသုံးပြုနည်းကတော့ အဲဒီ App သုံးခုကို install လုပ်ပါ။ ပြီးလျှင် Setting ထဲက My device /Display/Font style ထဲမှာ Samsung San ကိုရွေးပေးပါ။ ရွေးပြီးရင် iFont ကိုဝင်ပြီး Zawgyi 
One TTF ဆိုတဲ့နေရာမှာ Set ဆိုတာကိုနှိပ်လိုက်ပါ။ ပြီးရင် Setting ထဲက My device/Display/Font style ထဲမှာ Zawgyi One ဆိုတာလေးရွေးပြီး မြန်မာဖောင့်အသုံးပြုနိုင်ပါပြီ။ Browser မှာတော့ အဆင်ပြေတာရှိသလို မပြေတာတွေလဲရှိပါတယ်။ Browser မှာမရတဲ့ Samsung တွေကတော့ Root ဖောက်မှပဲ အဆင်ပြေမှာပါ။