မိုဘိုင်းမမနှင့် ပေးစာကဏ္ဍ

မိုဘိုင်းမမခင်ဗျာ ကျွန်တော့်ဖုန်းကို Reset လုပ်လိုက်တာ ဖုန်းက Reset တော့ကျသွားပါတယ်။ ဒါပေမဲ့ ပါဝါကဆက်တက်မလာတော့ဘဲနဲ့ ရပ်နေပါတယ်။ ဘာဖြစ်တာပါလဲ။

မောင်လေးရဲ့ဖုန်းက Samsung ဖုန်းဖြစ်မယ်ထင်ပါတယ်။ အခုတလောမှာ Error အဖြစ်အများဆုံးကတော့ FRP Lock ဆိုတဲ့ Error ပါ။ အဲလိုဖြစ်ရင် Firmware ပြန်တင်ရပါတယ်၊ ဒါနဲ့မပြီးသေးပါဘူး၊ Google account lock bypass ကိုကျော်ရပါသေးတယ်၊ တစ်မျိုးနဲ့ တစ်မျိုးလုပ်နည်းတွေမတူညီတဲ့အတွက် Google မှာရှာပြီး Google account lock bypass ကိုဖြည်ပါလို့ အကြံပြုချင်ပါတယ်။

ဖုန်းပါဝါခဏခဏကျနေပါတယ်။ ဘက်ထရီကလည်း ထားတာ တစ်ပတ်လောက်ပဲရှိပါသေးတယ်။ Samsung ပါ။

မမတို့အသိဆိုင်တွေမှာ ခဏခဏကြုံရတာ အဲဒီ Error ပါတဲ့။ Samsung ဖုန်းတော်တော်များများ အဲ့လိုဖြစ်လို့လာပြတာများတယ်လို့ ဆိုပါတယ်။ Firmware error တက်နေတာပါ samsung တွေကို firmware file Ap တစ်ခုတည်းတင်ရင်မရပါဘူး။ အဲ့လိုပဲဆက်ဖြစ်နေပါတယ်။ အဲ့တော့ firmware 4 file အပြည့်နဲ့ ပြန်တင်ကြည့်ပါ၊ အဆင်ပြေပါလိမ့်မယ်။

Samsung Galaxy J2 မှာ Safe mode ဖြစ်နေလို့ ကိုယ့်ဘာသာကိုယ်လုပ်လို့ရမလား သိချင်ပါတယ်။ ကူညီပါဦး။

Safe Mode ၀င်တဲ့ပြဿနာကတော့ ပထမဆုံးအနေနဲ့ Battery ဖြုတ်ပြီးပြန်တပ်ကာ ပါဝါဖွင့်ကြည့်ပါ။ နောက်တစ်နည်းကတော့ battery ဖြုတ်ပြီး ပါဝါဖွင့် vibrate တုန်ရင် Vol - ကိုဖိထားကြည့်ပါ။ အဲလိုမှ အဆင်မပြေရင် Hardware ပိုင်းဖြစ်တဲ့အတွက် ဆိုင်ကိုပဲ ပြသင့်ပါတယ်ရှင်။

ကွန်ပျုတာထဲကနေဓါတ်ပုံတွေကိုထည့်ထားချင်ပါတယ်။ ဘယ်လိုထည့်ရမလဲသိချင်လို့ပါ။ iPhone ပါ။

iPhone မှာ ပုံတွေ၊ သီချင်းတွေထည့်ချင်တယ်ဆိုရင်တော့ အဓိကလိုအပ်တာတော့ iTunes ဆိုတဲ့ ဆော့ဖ်ဝဲလေးပါ။ iTunes ရှိပြီးပြီဆိုရင်တော့ iTools တို့၊ Tongbu တို့နဲ့သုံးရင်လည်းရပါတယ်။ အဲဒါတွေကို ဒေါင်းလုပ်ဆွဲလိုက်ပြီး ညွှန်ကြားချက်အတိုင်းသုံးသွားရုံပါပဲရှင်။ Tongbu လည်း သုံးရတာပိုအဆင်ပြေပိုလွယ်ပါတယ်။

ယခုကဏ္ဍအား Binary Mobile Service အမှတ် (၄)၊ ထင်းတန်းလမ်း၊ သံဃာစာဖြေဆောင်နှင့် မျက်နှာချင်းဆိုင်၊ ပခုက္ကူမြို့မှ ကူညီဖြေကြားပေးပါသည်။