GIF ဖိုင်များ အလိုအလျောက် playing ပြုလုပ်ခြင်းကို disable ပြုလုပ်ခြင်း

Firefox Browser နဲ့ Internet Explorer တို့မှာ GIF ဖိုင်တွေ အလိုအလျောက် run နေတယ်ဆိုရင် disable ပြုလုပ်ဖို့အတွက် အောက်ဖော်ပြပါအတိုင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Firefox browser မှာ GIF ဖိုင်တွေ အလိုအလျောက် run တာကို disable ပြုလုပ်ဖို့အတွက် ဖော်ပြပါအတိုင်း ပြုလုပ်နိုင်ပါတယ်။

Firefox browser ရဲ့ Address bar မှာ about:config ဆိုတဲ့ command ကိုရိုက်ထည့်ပါ။ ပြီးသွားရင် I’ll be careful promise! ဆိုတဲ့ button ကိုနှိပ်လိုက်ပါ။ Search bar ပေါ်မှာ image.animation ဆိုတာကို ရိုက်ထည့်ပြီးရှာဖွေရပါမယ်။

image.animation_mode ဆိုတာကိုတွေ့ပြီဆိုရင် double-click နှိပ်လိုက်ပါ။ ဒါဆိုရင် တန်ဖိုးကိုထည့်သွင်းဖို့အတွက် box တစ်ခု တွေ့ရပါလိမ့်မယ်။ အဆိုပါ နေရာမှာ none ဆိုတာကို ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။



Internet Explorer မှာ Disable ပြုလုပ်မယ်ဆိုရင် Tools ထဲက Internet option ကိုသွားရပါမယ်။



Internet Option ထဲကိုရောက်သွားပြီဆိုရင် Advanced ဆိုတဲ့ Tab ကို နှိပ်လိုက်ပါ။ Advanced ထဲကိုရောက်သွားပြီဆိုရင် Play animations in webpages ဆိုတဲ့နေရာမှာ အမှန်ခြစ်ကို ဖြုတ်ထားရပါမယ်။


ပြီးသွားရင် Internet Option ထဲကနေ ထွက်လိုက်ပါ။ ဒါဆိုရင် Internet Explorer မှာ GIF ဖိုင်ကို အလိုအလျောက် playing ပြုလုပ်ခြင်းကို disable ပြုလုပ်လို့ပြီးသွားပြီဖြစ်ပါတယ်။
Ref: maketecheasier