Windows 10 ကို Factory Settings အတိုင်းပြုလုပ်ခြင်း

Windows 10 အသုံးပြုသူများ မိမိ Windows ကို ပြဿနာတစ်ခုခုကြောင့် ပြန်လည် ပြင်ဆင်လိုတယ်ဆိုရင် Windows 10 ကို Format ပြုလုပ်စရာ၊ ပြန်တင်စရာမလိုဘဲ Reset ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဒီလိုပြုလုပ်ဖို့အတွက် Refresh Windows Tool နဲ့ အသုံးပြုနိုင်သလို Windows 10 Settings ထဲမှာရှိတဲ့ Recovery Mode ကနေလည်း သွားရောက်ပြုလုပ်နိုင်ပါတယ်။

Windows 10 Settings ထဲက ပြုလုပ်မယ်ဆိုရင် Start button ကို နှိပ်ပြီး Settings ဆိုတာကို ရွေးချယ်ပေးရပါ မယ်။ Settings ထဲကိုရောက်ပြီဆိုရင် Update & Security ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။

ပြီးသွားရင် Recovery ဆိုတာကိုရွေးပြီး Reset This PC ဆိုတဲ့ Section အောက်မှာရှိတဲ့ Get Started ဆိုတာကို နှိပ်လိုက်ပါ။ ပြီးသွားရင် ကိုယ့်ရဲ့ ဖိုင်တွေကို မပျက်စေဖို့အတွက် Keep personal files only ဆိုတာကို ရွေးချယ်ပြီး Reset ပြုလုပ်ရမှာဖြစ်ပါတယ်။



အကယ်၍ Refresh Windows Tool ကို အသုံးပြုမယ်ဆိုရင် ဒီဝက်ဘ်ဆိုက်လိပ်စာမှာ Refresh Windows Tool ကို ရယူရပါမယ်။ download ပြုလုပ်ပြီးရင် အဆိုပါ ဖိုင်ကို Run လိုက်ပါ။

Windows ကို Refresh ပြုလုပ်တဲ့အခါမှာ download ပြုလုပ်ထားတဲ့ ကိုယ့်ရဲ့ ဖိုင်တွေနဲ့ အခြား ဖိုင်တွေကို သိမ်းထားမှာဖြစ်တဲ့အတွက် Keep personal files only ဆိုတာကို ရွေးချယ်ပေးပြီး Start ဆိုတာကို နှိပ်ပေးလိုက်ရင် Windows 10 ကို Reset စတင် ပြုလုပ်သွားမှာဖြစ်ပါတယ်။

Ref: howtogeek