Windows 10 ကို Upgrade ပြုလုပ်ခြင်း

Windows 10 ကိုအခမဲ့ Upgrade ပြုလုပ်ခွင့်ပေးသုံးတဲ့အချိန်ကာလဟာ ၂၀၁၆ ဇူလိုင်လ ၂၉ ရက်နေ့မှာ ကုန်ဆုံးသွားပြီဖြစ်ပါတယ်။ ဒါပေမဲ့ ယခုအချိန်မှ Windows 10 ကို Upgrade ပြုလုပ်ချင်သူများအတွက် အခမဲ့ Upgrade ပြုလုပ်ခွင့်ကို Windows 7 နဲ့ Windows 8.1 သုံးစွဲသူများအတွက် ပေးထားပါသေးတယ်။ Windows 7 ဒါမှမဟုတ် Windows 8.1 Activate ဖြစ်ပြီးသား Windows တွေဆိုရင်တော့ Windows 10 ကို Upgrade ပြုလုပ်နိုင်ပါသေးတယ်။

Windows 10 ကို Windows 7 ဒါမှမဟုတ် Windows 8.1 ကနေ Upgrade ပြုလုပ်ဖို့အတွက်ဆိုရင် https://goo.gl/KlKoq8 ဆိုတဲ့ Accessibility ဆိုတဲ့ဝက်ဘ်စာမျက်နှာကိုသွားပါ။ ဝက်ဘ်စာမျက်နှာ ကိုရောက်ပြီဆိုရင် Upgrade Now ဆိုတဲ့ Button ကိုတွေ့ရပါလိမ့်မယ်။ အဆိုပါ Upgrade Now ဆိုတဲ့ Button ကိုနှိပ်လိုက်ပါ။ Win-dows 10 Upgrade Tool တစ်ခုကျလာပါလိမ့်မယ်။ Download ပြုလုပ်ပေးလိုက်ပါ။

Download ပြုလုပ်ပြီးတဲ့ Upgrade tool file ကို Run လိုက်ပါ။ ဒါဆိုရင် Upgrade ပြုလုပ်ဖို့ဖိုင်ကို စတင်ရှာဖွေမှာဖြစ်ပါတယ်။

နောက်တစ်ဆင့်ကတော့ Windows 10 ကို Upgrade ပြုလုပ်မှာဖြစ်တာကြောင့် License Agreement ပြုလုပ်ရမှာဖြစ်တဲ့အတွက် Accept ဆိုတဲ့ခလုတ်ကို နှိပ်ပါ။

Accept ဆိုတဲ့ခလုတ်ကိုနှိပ်ပြီးသွားရင် ကိုယ့်ရဲ့ကွန်ပျူတာနဲ့ Device တွေ ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးမယ့်နေရာဖြစ်တဲ့အတွက် ခေတ္တစောင့်ဆိုင်းပေးရပါမယ်။

စစ်ဆေးပြီးစီးသွားပြီဆိုရင် ဖော်ပြထားတဲ့ပုံလိုမျိုး Message ကိုတွေ့မြင်ရပါလိမ့်မယ်။ Windows 10 တင်ဖို့အတွက် PC မှာအသုံးပြုထားတဲ့ Hardware တွေ ကိုက်ညီတယ်ဆိုတာကိုဖော်ပြပေးထား တာ တွေ့မြင်ရပါလိမ့်မယ်။

ဒီအဆင့်ကတော့ Windows 10 Upgrade ဖိုင်ကို စတင် download ပြုလုပ်တဲ့အဆင့်ဖြစ်တဲ့အတွက် မိမိအသုံးပြုတဲ့ အင်တာနက် ကွန်နက်ရှင်ရဲ့မြန်နှုန်းပေါ်မူတည်ပြီး အနှေးအမြန်ကွာခြားမှာဖြစ်ပါတယ်။

Download ပြုလုပ်ပြီးသွားပြီဆိုရင် Restart ကျသွားမှာဖြစ်ပြီး Restart ကျပြီးသွားပြီဆိုရင် ပုံမှာဖော်ပြထားတဲ့အတိုင်းမြင်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ Windows မှာအသုံးပြုမယ့် Language တွေကို ရွေးချယ်ပြီး Next ကို နှိပ်ရပါမယ်။

Next ကိုနှိပ်ပြီးပြီဆိုရင် Install ပြုလုပ်မှာဖြစ်တဲ့အတွက် Install now ဆိုတဲ့ခလုတ်ကို နှိပ်ရမှာဖြစ်ပါတယ်။ Install now ကို နှိပ်လိုက်ပါ။

နောက်တစ်ဆင့်ကတော့ Microsoft ရဲ့စည်းမျဉ်းစည်းကမ်းများကို လိုက်နာဖို့အတွက် စည်းကမ်းချက်ဖော်ပြပေးထားတဲ့ စာမျက်နှာကို တွေ့ရပါမယ်။ I accept the license terms ဆိုတဲ့နေရာမှာ

အမှန်ခြစ်ထည့်သွင်းပြီး Next ကိုနှိပ်ပါ။ နောက်တစ်ဆင့်ရောက်သွား ပြီဆိုရင် Personal ဖိုင်တွေကို မပျက်စီးစေရန်အတွက် Install ဆို တာကိုပဲနှိပ်ပြီး လုပ်ငန်းစဉ်ကိုရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။

ပြီးသွားရင် Install ပြုလုပ်တဲ့လုပ်ငန်းစဉ်ကိုပြုလုပ်မှာဖြစ်တဲ့ အတွက် အချိန်ခေတ္တစောင့်ဆိုင်းပေးရပါမယ်။ Operating System ကို upgrade ပြုလုပ်မှာဖြစ်တဲ့အတွက် ဖိုင်တွေကိုထည့်သွင်းပြီးရင် Restart နှစ်ကြိမ်ကျပါလိမ့်မယ်။

အဆိုပါအဆင့်တွေပြီးသွားပြီဆိုရင် Windows 10 Local Account အတွက် အချက်အလက်တွေဖြည့်သွင်းပေးရမှာဖြစ်တဲ့အတွက် အချက်အလက်တွေကိုဖြည့်သွင်းပြီးသွားရင် Windows 10 Operating System ကို Upgrade ပြုလုပ်တဲ့လုပ်ငန်းစဉ် ပြီးဆုံးသွားပြီဖြစ်ပါတယ်။