Vine မှ Video ဖိုင်များကို PC ပေါ်မှာဘယ်လိုသိမ်းဆည်းမလဲ

Vine ဆိုတာကတော့ လူမှုကွန်ရက်ပေါ်မှာ မိမိ ဗီဒီယို ဖိုင်တွေကိုဝေမျှ အသုံးပြုနိုင်မယ့် Social Network တစ်ခုဖြစ်ပါတယ်။

Vine ဟာ ယခုအခါမှာ Web ကို Beta version အနေနဲ့ စတင် သုံးစွဲခွင့်ပေးနေ ပြီဖြစ်ပါတယ်။

Vine ပေါ်မှာ တင်ထားတဲ့ video file တွေကို PC ပေါ်မှာသိမ်းဆည်းချင်တယ်ဆိုရင် Microsoft EDGE Browser ကိုအသုံးပြုပြီး အလွယ်တကူနဲ့ download ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Video file တွေကို download ပြုလုပ်မယ်ဆိုရင် Microsoft EDGE browser ကိုဖွင့်လိုက်ပါ။ ပြီးသွားရင် ကိုယ် download ပြုလုပ်ချင်တဲ့ vine video ရှိတဲ့ link ကိုထည့်ပြီး Video ကို Run ရပါမယ်။

Video ဖိုင်ကို run ပြီးရင် Right-click နှိပ်ပြီး Save Video as ဆိုတာကို နှိပ်လိုက်ရင်၊ အဆိုပါ Video ဖိုင်ကို MP4 အနေနဲ့ သိမ်းဆည်းပေးသွားမှာဖြစ်ပါတယ်။

အထက်ပါနည်းလမ်းအတိုင်း Vine မှ video ဖိုင်တွေကို PC ပေါ်မှာ သိမ်းဆည်းနိုင်ပါတယ်။

Ref: CNET