Microsoft EDGE Browser မှာ Extension sဘယ်လိုထည့်သွင်းမလဲ

Microsoft EDGE Browser ကို သုံးစွဲသူများ အနေနဲ့ EDGE Browser မှာ Extension တွေထည့်သွင်း အသုံးပြုချင် တယ်ဆိုရင် ဖော်ပြပါ နည်းလမ်း အတိုင်း အလွယ်တကူနဲ့ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Microsoft Edge browser ကနေ extension တွေကို ထည့်သွင်းမယ်ဆိုရင် Edge browser ကိုဖွင့်ပါ။

ပြီးသွားရင် browser ညာဘက်ထောက်နားမှာ More ဆိုတဲ့ အစက်သုံးစက် နဲ့ button ကို နှိပ်လိုက်ပြီး Extensions ဆိုတာကိုရွေးချယ်ပေးရပါမယ်။

Extension ထဲကို ရောက်ပြီဆိုရင် extension တွေကို Store ကနေ ရယူဖို့အတွက် Get extensions from the Store ဆိုတာကို နှိပ်ပေးရပါမယ်။

Windows Store ထဲကိုရောက်သွားပြီဆိုရင် ကိုယ် အသုံးပြုချင်တဲ့ extension ကို ရှာဖွေပြီး ကလစ်နှိပ်လိုက်ပါ။ ကလစ်နှိပ်ပြီးရင် Free ဆိုတဲ့ button ကို နှိပ်ရပါမယ်။

Extension ကို download ပြုလုပ်ပြီးသွားပြီဆိုရင် More button ကို ကလစ် နှိပ်လိုက်ရင် download ပြုလုပ် ထားတဲ့ extension ကိုတွေ့ရပါမယ်။ အဆိုပါ extension ကို Turn it on ပြုလုပ်ပေးလိုက်ရင် Microsoft Edge browser ပေါ်မှာ download ပြုလုပ်ပြီးထည့်သွင်းထားတဲ့ extension ကို စတင်သုံးစွဲနိုင်ပြီဖြစ်ပါတယ်။

Ref: howtogeek