Windows Defender Notification ကို ဘယ်လို ပိတ်မလဲ

Windows 10 Anniversary update အပြီးမှာ Windows Defender ဟာ Notification တွေနဲ့ သင့် ကွန်ပျူတာစနစ်ရဲ့ နောက်ကွယ်မှာ ဖြစ်ပျက်နေတဲ့ပြဿနာတွေကိုမကြာခဏ ဖော်ပြနေတတ်ပါတယ်။

တစ်ခါတလေမှာ အဆိုပါ Notification တွေကြောင့် စိတ်ရှုပ်နေရတယ်ဆိုရင် Windows Defender Notification ကို ပိတ်ဖို့အတွက် ဖော်ပြပါအတိုင်းပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Start menu button ကို နှိပ်ပြီး Settings ကို ရွေးချယ်ပေးပါ။ ဒါမှမဟုတ် Taskbar ပေါ်ရှိ Notification Center ကို နှိပ်၍လည်း All Settings ကိုလည်း ရွေးချယ်နိုင်ပါတယ်။

Settings ထဲကိုရောက်ပြီဆိုရင် Update & Security ဆိုတာကိုရွေးချယ်ပေးရပါမယ်။



Update & Security ထဲကမှ ဘယ်ဘက်အခြမ်း Section မှာရှိတဲ့ Windows Defender ဆိုတဲ့ ကလစ်နှိပ်ရပါမယ်။



နောက်တစ်ဆင့်ကတော့ Enhanced notifications ဆိုတဲ့ toggle ကို off ပြုလုပ်ပေးရပါမယ်။



အဆိုပါ အဆင့်ပြီးသွားပြီဆိုရင် Windows Defender ကနေ ဖော်ပြပေးနေတဲ့ Notification တွေကို ပိတ်ထားတဲ့လုပ်ငန်းစဉ် ပြီးဆုံးသွားပြီဖြစ်ပါတယ်။
Ref: howtogeek