Windows 10 တွင် Auto Shutdown ပြုလုပ်ခြင်း

Windows 10 အသုံးပြုသူများ အတွက် ညပိုင်းမှာ Download ပြုလုပ်တာထားတဲ့အချိန်ပဲဖြစ်ဖြစ် စက်ကို အခြား လုပ်ငန်းတစ်ခုခု ပြုလုပ်ထားတဲ့အချိန်မှာ ပဲဖြစ်ဖြစ် Auto Shutudown ပြုလုပ်ချင်တယ် ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Auto Shutdown အချိန်ကိုထည့်သွင်းဖို့အတွက် ဆိုရင် Windows 10 ရဲ့ Run box ကနေ ထည့်သွင်း နိုင်မှာဖြစ်ပါတယ်။ Win + R Key ကို နှိပ်ပြီး Run box ကိုခေါ်လိုက်ပါ။

Run box ပေါ်လာပြီဆိုရင် shutdown -s -t number ဆိုတဲ့ command ကို အသုံးပြုရပါမယ်။ ဒီနေရာမှာ -t အနောက်က number ဆိုတာကတော့ ကိုယ်ပိတ်စေချင်တဲ့ အချိန်ကို တွက်ချက်ပြီး ထည့်သွင်းပေးရတာ ဖြစ်ပါတယ်။

ဥပမာ ၁၀ မိနစ်အတွင်းမှာ ကွန်ပျူတာကို shutdown ပြုလုပ်စေချင်တယ် ဆိုရင် shutdown -s -t 600 ဆိုပြီး သုံးပေးရပါမယ်။

တစ်မိနစ်မှာ စက္ကန့် ၆၀ ရှိတဲ့အတွက် ၁၀မိနစ်စာ ၆၀၀ ဆိုတဲ့ ကိန်းဂဏန်းကို အသုံးပြုလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့်မိမိ shutdown ပြုလုပ်လိုတဲ့ အချိန်ကို စက္ကန့် နဲ့ တွက်ပြီး number ဆိုတဲ့နေရာမှာ ထည့်သွင်းပေးရမှာဖြစ်ပါတယ်။

Ref: isunshare