Apple Secret Emoji တွေကို iPhone ပေါ်တွင်အသုံးပြုခြင်း

iPhone အသုံးပြုသူများအတွက် emoji icon နဲ့ Keyboard များစွာကို လူများစွာအသုံးပြုနေကြပါတယ်။ တစ်ခါတလေမှာ မတူညီတဲ့ Unicode တွေကတစ်ဆင့် ရုပ်ပြောင် emoji icon တွေ သုံးစွဲကြတာကို တွေ့ဖူးကြမှာပါ။ အကယ်၍ သင်ဟာ Unicode နဲ့ဖန်တီးထားတဲ့ ရုပ်ပြောင် emoji တွေကိုအသုံးပြုချင်တယ်ဆိုရင် iOS မှာပါဝင်တဲ့ Japanese keyboard ကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

Japanese keyboard မှာ emoji အတွက် Secret keyboard ဖြစ်တဲ့ kaomojis ဆိုတာပါဝင်ပါတယ်။ Kaomojis ဆိုတာကတော့ မျက်နှာ သွင်ပြင်ပုံစံများစွာကို နံပါတ်များ၊ စာလုံးများ သင်္ကေတများဖြင့်ဖွဲ့စည်းထားတဲ့ emoji များဖြစ်ပါတယ်။ အဆိုပါ emoji ကိုအသုံးပြုချင်တယ်ဆိုရင် အောက်ဖော်ပြပါအတိုင်း ပြုလုပ်နိုင်ပါတယ်။

Kaomojis ကိုအသုံးပြုဖို့အတွက် Settings ကိုနှိပ်ပါ။ ပြီးသွားရင် General ကိုရွေးချယ်ပါ။ General ကို နှိပ်လိုက်ပါ။

General ထဲကိုရောက်သွားရင် Keyboard ဆိုတာကိုရှာလိုက်ပါ။ Keyboard ဆိုတဲ့ button ကို Scroll ဆွဲပြီး အောက်မှာရှာဖွေနိုင်ပါတယ်။ Keyboard ကိုတွေ့ရင်နှိပ်လိုက်ပါ။

Keyboard ထဲကိုရောက်သွားရင် အဆိုပါ Unicode နဲ့ emoji တွေကိုဖန်တီးဖို့အတွက်  Japanese keyboard ကို ထည့်သွင်းရမှာဖြစ်ပါတယ်။ Japanese Keyboard ကိုထည့်သွင်းဖို့အတွက် Add New Keyboard ဆိုတာကို နှိပ်ရပါမယ်။

Add New Keyboard ကိုနှိပ်လိုက်ရင် Japanese ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။ Japanese ထဲကမှ Kana ဆိုတာနဲ့ Romaji ဆိုတာကို တွေ့ရပါမယ်။ Kana ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။ Kana ဆိုတာကတော့ Japan စာလုံးတွေနဲ့ Keyboard ပဲဖြစ်ပြီး Romaji ဆိုတဲ့ keyboard ကတော့ ဂျပန်စာလုံးတွေကို အင်္ဂလိပ်စာနဲ့ အသံထွက် ရိုက်ထည့်ပြီးအသုံးပြုရမယ့် keyboard ပဲဖြစ်ပါတယ်။

ဒါဆိုရင် သင်ထည့်သွင်းထားတဲ့ Keyboard list ထဲမှာ Japanese-Kana ဆိုတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါဆိုရင် Settings ထဲက ထွက်လိုက်ပါ။

Settings ထဲက ပြုလုပ်ရမယ့်အဆင့်တွေပြီးသွားပြီဆိုရင် Kaomoji ကို အသုံးပြုဖို့အတွက် Keyboard ကို Swtich  ပြုလုပ်ပြီး Japanese - Kana ဆိုတဲ့ keyboard ကိုရွေးချယ်ပေးရပါမယ်။

Japanese keyboard ထဲကိုရောက်သွားပြီဆိုရင် အောက်ခြေရှိ kaomoji keyboard ကိုအသုံးပြုဖို့အတွက် ပုံမှာဖော်ပြထားတဲ့ မျက်နှာပုံစံ ပြုလုပ်ထားတဲ့ icon လေးကိုနှိပ်လိုက်ပါ။ အဆိုပါနေရာမှာ Unicode နဲ့ပြုလုပ်ထားတဲ့ emoji ပေါင်းများစွာကို ထည့်သွင်းထားတဲ့အတွက် အဆိုပါနေရာကို နှိပ်လိုက်ပါ။

Kaomoji များကို အသုံးပြုရန် ပုံမှာဖော်ပြထားတဲ့ up arrow လေးကို နှိပ်လိုက်ပါ။ အဆိုပါ up arrow ကိုနှိပ်လိုက်ရင် Unicode နဲ့ပြုလုပ်ထားတဲ့ emoji ပေါင်းများစွာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

အဆိုပါ အဆင့်တွေပြီးဆုံးပြီဆိုရင် မျက်နှာပုံစံများစွာကို emoji အဖြစ်ပုံဖော်ထားတဲ့ Apple ရဲ့ Secret Emoji keyboard အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

Kaomoji keyboard ကိုအသုံးမပြုချင်တော့ဘူးဆိုရင်တော့ Settings ထဲက Keyboard ဆိုတာကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ Keyboard ကိုရွေးချယ်ပြီးရင် Japanese-Kana ဆိုတဲ့ keyboard ကို ဘယ်ဘက်ကို Slide ပြုလုပ်လိုက်ပါ။ Delete ဆိုတဲ့ button ပေါ်လာပါလိမ့်မယ်။ အဆိုပါ Delete ဆိုတာကို နှိပ်လိုက်ရင် ထည့်သွင်းထားတဲ့ Keyboard list ထဲမှာ အဆိုပါ Keyboard ကိုတွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။

Ref: maketecheasier