YouTube အသုံးပြုပြီး Record ပြုလုပ်ခြင်း

Screen Recording Software ပေါင်းများစွာဟာ Windows နဲ့ Mac တို့အတွက် ထုတ်လုပ်ပေးထားပါတယ်။ Screen Recording software ကို မသုံးဘဲ YouTube ကို အသုံးပြုကာ Record ပြုလုပ်ချင်သူတွေအတွက် ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။ အဆိုပါ နည်းလမ်းကို အသုံးပြုဖို့အတွက် Desktop PC တွေဆိုရင် Webcam လိုအပ်မှာဖြစ်ပါတယ်။

Computer Screen ပေါ်မှာ လုပ်ဆောင်ချက်တွေကို Record ပြုလုပ်ဖို့အတွက် YouTube ဝက်ဘ်ဆိုက်ကို အရင်ဆုံးဖွင့်ပါ။ ပြီးသွားရင် ညာဘက်ထောင့်အပေါ်နားမှာရှိတဲ့ Upload ဆိုတဲ့ button ကို နှိပ်ရပါမယ်။



Upload button ကိုနှိပ်လိုက်ရင် Standard Upload screen ကိုမြင်ရပါမယ်။ Live Streaming ဆိုတဲ့နေရာမှာ Get Started ဆိုတာကို နှိပ်လိုက်ပါ။



နောက်တစ်ဆင့်ကတော့ Live Streaming ဆိုတဲ့ Section အောက်မှာ Event ဆိုတဲ့ Tab ကို ဘယ်ဘက်အခြမ်းမှာရှိတဲ့ Panel မှာ တွေ့ရပါမယ်။ Event ကို နှိပ်လိုက်ပါ။



Event ကို ရွေးချယ်ပြီးရင် ညာဘက်ထောင့် အပေါ်နားလေးမှာ New live Event ဆိုတာကို ရွေးချယ်ပေးရပါမယ်။



New Event ကို နှိပ်လိုက်ရင် Title မှာ သက်ဆိုင်ရာ အကြောင်းအရာကို ခေါင်းစဉ်တပ်ပါ။ ပြီးသွားရင် Private ဆိုတာကိုရွေးချယ်ပြီး Go live now ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။



ဒါဆိုရင် YouTube ကို အသုံးပြုပြီး record ပြုလုပ်တဲ့နည်းလမ်းပြီးပြီ ဖြစ်ပါတယ်။
Ref: maketecheasier