Pocket Planets

Mobile Phone ပေါ်မှနေ၍ အာကာသအတွင်းရှိ ဂြိုဟ်များ အလုပ်လုပ်ဆောင်ပုံကို 3D ရုပ်ပုံများနှင့် ကြည့်ရှုနိုင်မည့် app ဖြစ်သည်။ 

System Activity Monitor

iPhone, iPad အသုံးပြုသူများအတွက် မိမိတို့ device အတွင်းရှိ Hardware များ အလုပ်လုပ်ဆောင်နေမှု အခြေအနေနှင့် ဘက်ထရီ သုံးစွဲမှုအခြေအနေ အစရှိသည်တို့ကို စောင့်ကြည့်နိုင်မည့် app ဖြစ်သည်။ 

Photo Cleaner

Photo Cleaner ဆိုသည့် app သည် ဖုန်းအတွင်းရှိ တူညီနေသည့် ဓာတ်ပုံများကို ရှာဖွေဖယ်ရှား ရှင်းလင်းနိုင်မည့် app တစ်ခုဖြစ်သည်။

1 Tap Cleaner Pro

Android OS အသုံးပြုသည့် mobile phone နှင့် tablet များအတွက် Cache ဖိုင်များကို ရှင်းလင်းပေးမည့် app တစ်ခုဖြစ်သည်။

Super Mario Run 

ဒီဇင်ဘာလ ၁၅ ရက်တွင်ထွက်ရှိမည်ဟု ကြေညာထားသည့် Super Mario Run ဂိမ်းကို စတင် download ပြုလုပ်ပြီး ကစားနိုင်ပြီဖြစ်သည်။

Halftone Art

Halftone Art app သည် ဓာတ်ပုံများကို လိုင်းအစက်များနှင့် ဒီဇိုင်းဆင် ဖန်တီးပေးနိုင်မည့် app တစ်ခုဖြစ်သည်။

15 Seconds Photo Movie

မိမိ အမှတ်တရ ဓာတ်ပုံများကို ထည့်သွင်း၍ ၁၅ စက္ကန့်စာ ဗီဒီယိုဖိုင်လေး ဖြစ်အောင် ပြန်လည်ပြုလုပ်ပေးနိုင်မည့် app တစ်ခုဖြစ်သည်။

Context Camera

Context Camera ဆိုသည့် app သည် ဓာတ်ပုံများကို Direction, Degree အစရှိသည်တို့ကို ဖော်ပြပေး၍ sms, social media အစရှိသည်တို့တွင် ပြန်လည်ဝေမျှနိုင်အောင် စီစဉ်ပေးထားသည့် app တစ်ခုဖြစ်သည်။

1943 Deadly desert

ဒုတိယကမ္ဘာစစ်ကို နောက်ခံဇာတ်လမ်းပြုလုပ်ထားသည့် ဂိမ်းဖြစ်သည်။

Pages