Instagram ကို ထိုးဖောက်ခဲ့သည့် ၁၀ နှစ်အရွယ် ကလေးငယ်အား Facebook မှ ဒေါ်လာ ၁၀,၀၀၀ ချီးမြှင့်

ဖင်လန်နိုင်ငံ ဟယ်ဆင်ကီမြို့ရှိ ၁၀ နှစ်အရွယ် ဂျာနီဆိုသူသည် နာမည်ကျော် ဓာတ်ပုံဝေမျှသည့် လူမှုရေးမီဒီယာ Instagram တွင် ရွေးချယ်ထားသော မည်သည့်မှတ်ချက်ကိုမဆို ဖျက်နိုင်သည့် အားနည်းချက်ကို ရှာဖွေတွေ့ရှိခဲ့သည်။

Facebook အတွက် ၎င်းအားနည်းချက်ကို အတည်ပြုရန် ဂျာနီသည် ကုမ္ပဏီ၏စမ်းသပ် account ဖြင့် မှတ်ချက်တစ်ခုကို ဖျက်ပြခဲ့သည်။ ထို့နောက်တွင် Facebook သည် ကုမ္ပဏီ၏ ဆုကြေးငွေ ပေးအပ်သည့် အစီအစဉ်အရ ၎င်းကလေးငယ်ကို ကန်ဒေါ်လာ ၁၀,၀၀၀ ပေးအပ်

ခဲ့သည်။

မိုဘိုင်းတွင် ဗီဒီယိုတည်းဖြတ်သည့် app နှစ်မျိုးကို GoPro ဖြန့်ချိ

GoPro သည် မိုဘိုင်း app သစ် ၂ ခုမိတ်ဆက်ခဲ့ပြီး တစ်ခုမှာ ဗီဒီယိုများကို အလိုအလျောက် ဖန်တီးပေးနိုင်ပြီး အခြားတစ်ခုမှာမူ သုံးစွဲသူက ပိုမိုထိန်းချုပ် သုံးစွဲနိုင်သည်။ ၎င်း app များကို အခမဲ့ရယူ၍ သုံးစွဲနိုင်မည်ဖြစ်သည်။

ယခုနှစ် အစောပိုင်းတွင် GoPro သည် မိုဘိုင်းဗီဒီယို တည်းဖြတ်သည့် Quik နှင့် Splice app ကို ဖန်တီးခဲ့သည့် အဖွဲ့များကို ဝယ်ယူခဲ့သည်။ ယခုအခါတွင် ၎င်း app များကို update အနည်းငယ်နှင့်အတူ ပြန်လည်ဖြန့်ချိခဲ့ပြီး လုပ်ဆောင်ချက် များမှာလည်း အစောပိုင်း ထွက်ရှိခဲ့သည့်

Samsung Galaxy Note 6 တွင် USB Type-C ပါဝင်လာဖွယ်ရှိ

Samsung က Galaxy Note 6 ကို ထုတ်ဖော် မိတ်ဆက်ပြသမည့် အချိန်နှင့် လအနည်းငယ် လိုတော့သောကြောင့် ၎င်းစမတ်ဖုန်းနှင့် ပတ်သက်သော ကောလာဟလ သတင်းများစွာ အဆက်မပြတ် ထွက်ပေါ်နေသည်။

လတ်တလော ထွက်ပေါ်လာသည့် ကောလာဟလမှာ Samsung Galaxy Note 6 တွင် USB Type-C port ပါဝင်လာဖွယ်ရှိသည့် သတင်းဖြစ်သည်။ အကယ်၍ ထိုအတိုင်းသာ မှန်ကန်ခဲ့ပါက Samsung ထုတ်ကုန်များအနက် USB Type-C ပါဝင်သည့် ပထမဆုံး ထုတ်ကုန်

ဖြစ်လာမည်ဖြစ်သည်။ USB Type-C ကို microUSB coonector နေရာတွင် အစားထိုသွားမည် ဖြစ်သည်။ သို့သော် Samsung အနေဖြင့် ၎င်း port တွင် USB 3.1 သို့မဟုတ် ဗားရှင်းဟောင်း အစရှိသဖြင့် မည်သည့်စံကို အသုံးပြုမည်ကို မသိရှိရသေးပေ။

iPhone 7 တွင် touch home ခလုတ် ပါဝင်လာပြီး ရေစိုခံနိုင်မည်ဟု ကောလာဟလ သတင်းများ ထွက်ပေါ်နေ

ပြီးခဲ့သည့်နှစ်က ထွက်ပေါ်လာသော သတင်းများတွင် iPhone 7 သည်ရေစိုခံသော Apple၏ ပထမဆုံးမိုဘိုင်းထုတ်ကုန်ဖြစ်လာမည်ဟု စတင်ဖော်ပြခဲ့ကြသည်။ ထိုင်ဝမ်ရှိအခြား သတင်းရင်းမြစ်တစ်ခုကလည်း အလားတူ ကော လာဟလအကြောင်းအရာကို ပြောဆိုခဲ့ကြောင်း သိရသည်။

ဇွန်လတွင် မိတ်ဆက်မည့် Oppo Find 9 တွင် 4K display ပါဝင်လာဖွယ်ရှိ

Oppo သည် ၂၀၁၄ ခုနှစ် မေလ၌ Find 7 ကိုမိတ်ဆက်ခဲ့ပြီးနောက်တွင် Find 9 ကိုလည်းဖန်တီးလျက်ရှိကြောင်းကောလာဟလသတင်းများ ထွက်ပေါ်လာခဲ့သည်။

Meizu PRO 5 Ubuntu Edition ကို ဒေါ်လာ ၃၆၉.၉၉ ဖြင့် စတင်ရောင်းချ

ပြီးခဲ့သည့်ဖေဖော်ဝါရီလက Meizu နှင့် Ubuntu သည် Meizu PRO 5 ကို Ubuntu ဗားရှင်းဖြင့်ထုတ်လုပ်မည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့သည်။ ယခုအခါတွင် Ubuntu operating system အသုံးပြုထားသည့် Meizu PRO 5 ကိုစတင် ရောင်းချလျက်ရှိကြောင်းသိရသည်။

မေလ ၁၀ ရက်တွင် Mi Max နှင့်အတူ MIUI 8 ထွက်ရှိမည်ဟု Xiaomi အတည်ပြု

Xiaomi သည် မေလ ၁၀ ရက်တွင် မျက်နှာပြင်အရွယ်အစား ၆.၄ လက်မရှိ Mi Max အပြင် Mi Band 2 နှင့် MIUI 8 ကိုလည်း ထုတ်ဖော်မိတ်ဆက်သွားမည် ဖြစ်ကြောင်း အတည်ပြုသွားခဲ့သည်။

တစ်လအတွင်း Android Marshmallow ၏ ဈေးကွက်ရှယ်ယာ နှစ်ဆတိုးတက်လာ

Google ၏ နောက်ဆုံး operating system သည် ပြီးခဲ့သည့်လအတွင်း ဈေးကွက်ဝေစုနှစ်ဆတိုးတက်လာကြောင်း သိရသည်။ ယခုအခါတွင် Mrashmallow ကို Android ထုတ်ကုန်များအားလုံး၏ ၄.၆ ရာခိုင်နှုန်းတွင် install ပြုလုပ်ထားသည်။ ယခင်က မတ်လတွင် Android Marshmallow ၏ဈေးကွက်ဝေစု ၂.၃ ရာခိုင်နှုန်းသာရှိခဲ့သည်။

ဧပြီလတွင် Lollipop တွင် ဈေးကွက်ဝေစု ၃၅.၈ ရာခိုင်နှုန်းအထိရရှိထားပြီး ပြီးခဲ့သည့်လထက် ၀.၃ ရာခိုင်နှုန်းလျော့နည်းသွားသည်။ ယခုအခါတွင် KiKat မှာ ဈေးကွက်ဝေစု ၃၃.၄ ရာခိုင်နှုန်းရှိပြီး မတ်လထက် ၀.၉ ရာခိုင်နှုန်းကျဆင်း သွားခဲ့သည်။

iPhone 6S နှင့် 6S Plus တွင် passcode ကို ရှောင်လွှဲနိုင်သော အားနည်းချက်ရှိ

Apple ၏ iPhone သစ်များတွင် ဖုန်း၏ passcode ကိုရှောင်လွှဲနိုင်သော လုံခြုံရေးအားနည်းချက်ရှိပြီး တစ်ကိုယ်ရေ အချက်အလက်များကိုရယူနိုင်ကြောင်း သိရသည်။

Pages