Sony Xperia XA Ultra တွင် 16MP OIS selfie ကင်မရာပါဝင်လာ

Sony သည် Xperia XA Ultra ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ Xperia XA Ultra ၏ မျက်နှာပြင်မှာ ၆ လက်မ 1080p display ဖြစ်ပြီး pixel သိပ်သည်းဆမှာ 367ppi ရှိသည်။ Sony Xperia XA Ultra ၏ ဘေးဘောင်မပါဝင်သော display ဖြင့် သတ္တုကိုယ်ထည်ကို အသုံးပြုထားသည်။

iPhone သစ်များအတွက် AMOLED display ၆၀ ရာခိုင်နှုန်းကို Samsung ထောက်ပံ့ပေးဖွယ်ရှိ

Apple သည် အရွယ်ကြီးမားသော iPhone Plus မော်ဒယ်များတွင် LCD နေရာတွင် AMOLED display များနှင့် အစားထိုးရန် စီစဉ်လျက်ရှိကြောင်း သတင်းများ ထွက်ပေါ်လာသည်။

၅.၅ လက်မအရွယ် 1080p မျက်နှာပြင်ပါဝင်သော Lenovo Moto G4 နှင့် G4 Plus ကို ထုတ်ဖော်မိတ်ဆက်

Lenovo သည် Lenovo Moto အမည်ဖြင့် ဖုန်းသစ်နှစ်မျိုးကိုထုတ်ဖော် မိတ်ဆက်ခဲ့သည်။ ၎င်းထုတ်ကုန်များသည် Moto G ဖုန်းနောက်ပိုင်းထွက်ရှိလာသော ထုတ်ကုန်သစ်များဖြစ်လာသည်။

Apple iPhone 7 ၏အရွယ်အစားမှာ 6s နှင့် တူညီဟုဆို

အသစ်ထွက်ရှိမည့် iPhone 7 ၏ အရွယ်အစားသည် ပေါက်ကြားထွက်ပေါ် လာသည့်ဓာတ်ပုံအရ မျက်နှာပြင် ၄.၇ လက်မရှိ iPhone 6s နှင့်တူညီကြောင်း သိရသည်။ အဆိုပါပုံတွင် iPhone 7 ၏အရွယ်မှာ ၁၃၈.၃၀ x ၆၇.၁၂ မီလီမီတာဟု ဖော်ပြထားသော်လည်း အထူကိုမူ မဖော်ပြထားပေ။ iPhone 6s ၏အထူမှာ ၇.၁ မီလီမီတာဖြစ်ပြီး Apple ၏အပါးလွှာဆုံး ဖုန်းလည်းဖြစ်သည်။

ထို့အပြင် iPhone 7 တွင် ၃.၅ မီလီမီတာ audio jack ပါဝင်လာနိုင်ဖွယ်ရှိသည်။ ဘက်ထရီမှာလည်း ပိုမိုပါးလွှာလာဖွယ်ရှိသည်။

-Ref: GSMArena

Windows desktop နှင့် Mac များအတွက် WhatsApp app ကို Facebook မိတ်ဆက်

Facebook သည် နာမည်ကျော် စမတ်ဖုန်း chat app Whats App ကို မိုဘိုင်းဖုန်းနှင့် sync ပြုလုပ်၍ အသုံးပြုနိုင်မည့် desktop app များကို မိတ်ဆက်ခဲ့သည်။ ပြီးခဲ့သည့် အင်္ဂါနေ့က အဆိုပါ desktop app ကိုဖြန့်ချိခဲ့ပြီး မိုဘိုင်းဖုန်းကို အသုံးမပြုစဉ်အတွင်းပင် ၎င်း app ဖြင့် မိတ်ဆွေနှင့် မိသားစုဝင်များကို message ပေးပို့နိုင်မည် ဖြစ်သည်။

အဆိုပါ app ကို desktop တွင် bro-wser ဖြင့်အသုံးပြုရာမှရရှိသည့် အတွေ့အကြုံနှင့် တူညီမည်မဟုတ်ပေ။ ၎င်း app သည် native သတိပေးချက်များပေးပို့ကာ ပိုမိုကောင်းမွန်သော keyboard shortcut များပါဝင်လာကြောင်း WhatsApp မှ ထုတ်ပြန်ခဲ့သည်။

'Made in India' iPhone များကို မကြာမီ အမှန်တကယ် တွေ့မြင်ရဖွယ်ရှိ

အိန္ဒိယနိုင်ငံ မာဟာရာရှရာ ပြည်နယ်တွင် Apple ထုတ်ကုန်များ ထုတ်လုပ်မည့် စက်ရုံဖွင့်ရန် ကုမ္ပဏီအကြား ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း ကောလာဟလ သတင်းများထွက်ပေါ်လျက်ရှိသည်။

Snapdragon 652 ပါဝင်ပြီး မျက်နှာပြင် ၆.၄၄ လက်မအရွယ်ရှိ Mi Max ကို Xiaomi မိတ်ဆက်

Xiaomi Mi Max သည် မျက်နှာပြင် အရွယ်ကြီးမားသော တန်ဖိုးနည်းဖုန်း နှစ်သက်သူကို ရည်ရွယ်၍ ထုတ်လုပ်ထားသည်။ ၎င်း၏ မျက်နှာပြင်အရွယ်မှာ ၆.၄၄ လက်မရှိပြီး ကိုယ်ထည်ကို unibody နည်းပညာဖြင့် တည်ဆောက်ထားကာ အထူမှာ ၇.၅ မီလီမီတာရှိသည်။ ထို့အပြင် အလေးချိန်မှာ ၂၀၃ ကီလိုဂရမ်ရှိပြီး ဘက်ထရီမှာ 4,850mAh ဖြစ်သည်။

Xiaomi သည် Mi Max ကို စုစုပေါင်း ဗားရှင်း ၃ ခု ထုတ်လုပ်ထားသည်။ အကောင်းဆုံးဗားရှင်းတွင် Snapdragon 652 chipset, RAM 4GB နှင့် storage 128GB တို့ပါဝင်သည်။ အခြားဗားရှင်းတစ်ခုမှာ RAM 3GB/64GB ဖြစ်ကာ ဈေးနှုန်းအသက်သာဆုံးမော်ဒယ်တွင် Snapdragon 650 အပြင် RAM 3GB နှင့် storage 32GB တို့ ပါဝင်သည်။

မျက်နှာပြင်ကွေး ပါဝင်သော စမတ်ဖုန်းများကို Huawei နှင့် Xiaomi ထုတ်လုပ်ဖွယ်ရှိ

Xiaomi သည် LG flexible display အသုံးပြု၍ ထုတ်ကုန်သစ်ကို မိတ်ဆက်မည်ဖြစ်သလို Huawei ကလည်း Samsung ၏ display များအသုံးပြုကာ ထုတ်ကုန်သစ်ကို ဖြန့်ချိသွားမည်ဖြစ်ကြောင်း တရုတ်ဝက်ဘ်ဆိုက် MyDrivers မှ ဖော်ပြခဲ့သည်။ အဆိုပါ ထုတ်ကုန်သစ်များသည် စက်တင်ဘာလတွင် ထွက်ရှိလာဖွယ်ရှိကြောင်း သိရသည်။

iPhone 7 တွင် ၃.၅ မီလီမီတာ နားကြပ်ပေါက် ပါဝင်လာဖွယ်ရှိဟု ဓာတ်ပုံများအရ သိရှိရ

အသစ်ထွက်ရှိလာမည့် iPhone 7 တွင် ၃.၅ မီလီမီတာ နားကြပ်ပေါက် ပါဝင်ဖွယ်မရှိဘဲ သီချင်းနားထောင်ရန် Lightning port သာ အသုံးပြုရမည်ဖြစ်ကြောင်း ကောလာဟလ သတင်းများက ဖော်ပြခဲ့ကြသည်။

လတ်တလော ပေါက်ကြား ထွက်ပေါ်လာသော ဓာတ်ပုံတွင် iPhone 7 သည် ယခင်သတင်း ဖော်ပြချက်များနှင့် ကွဲလွဲလျက်ရှိသည်။ ဓာတ်ပုံတွင် ၃.၅ မီလီမီတာ jack ပေါက်ပါဝင်သည့် အစိတ်အပိုင်းကို တွေ့ရှိရပြီး iPhone 6s နှင့်လည်း ကွဲပြားခြားနားမှုရှိသည်။ သို့သော်လည်း ယခုပေါက်ကြား ထွက်ပေါ်လာသည့် ဓာတ်ပုံမှာ အစစ်အမှန်ဖြစ်ကြောင်း အတည်မပြုနိုင်ပေ။

Pages