မျက်နှာပြင် ၆ လက်မအရွယ်ရှိ ZTE nubia Z11 တွင် Snapdragon 652 ပါဝင်လာ

ZTE သည် nubia Z11 Max စမတ်ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ ယခုထုတ်ကုန်သည် Z11 series တွင် Z11 mini အပြီး ဒုတိယမြောက်ထွက်ရှိလာသောထုတ်ကုန်ဖြစ်လာသည်။

ခေါက်ထားနိုင်မည့် စမတ်ဖုန်းများကို ၂၀၁၇ ခုနှစ်တွင် Samsung မိတ်ဆက်ဖွယ်ရှိ

စမတ်ဖုန်းကုမ္ပဏီ Samsung သည် ခေါက်နိုင်သည့် OLED display ပါဝင်သော စမတ်ဖုန်းနှစ်မျိုးကို ၂၀၁၇ ခုနှစ်အစောပိုင်းတွင် မိတ်ဆက်သွားဖွယ်ရှိကြောင်း သိရသည်။

ဘာစီလိုနာဘောလုံးအသင်း Edition F1 Plus စမတ်ဖုန်းကို Oppo တရားဝင်မိတ်ဆက်

Oppo သည် ဘာစီလိုနာအသင်း Edition F1 Plus စမတ်ဖုန်းကို တရားဝင် မိတ်ဆက်သွားခဲ့သည်။ ၎င်းစမတ်ဖုန်းကို အနီနှင့် အပြာပေါင်းစပ်၍ ပြုလုပ်ထားသည်။

မိနစ် ၂၀ အတွင်း ၇၀ ရာခိုင်နှုန်းအထိအားသွင်းနိုင်သော MediaTek Pump Express 3.0 နည်းပညာ

MediaTek သည် Computex 2016 ပြပွဲတွင် Pump Express ဟုအမည်ရသည့် နောက်ဆုံးပေါ်ဘက်ထရီအားသွင်း နည်းပညာကို မိတ်ဆက်ခဲ့သည်။ ၎င်းနည်းလမ်းဖြင့် ဖုန်းဘက်ထရီကို မိနစ် ၂၀ အတွင်း ၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်မည်။ အကယ်၍ ၅ မိနစ်ခန့် အားသွင်းလျှင် ၁ နာရီခန့် ဖုန်းပြောဆိုနိုင်မည်ဖြစ်သည်။

ယခုနောက်ဆုံးပေါ်အားသွင်းနည်းပညာသည် အားသွင်းစဉ်အတွင်း ဖုန်းအပူချိန်ကို လျှော့ချပေးနိုင်သလို အားသွင်းမြန်ဆန်ကြောင်း MediaTek ကပြောကြားခဲ့သည်။ အဆိုပါနည်းပညာမှာ ဖုန်းအတွင်းရှိ အားသွင်းဆားကစ် ကိုကျော်ဖြတ်ပြီး adapter မှလျှပ်စီးလမ်းကြောင်းသို့လမ်းလွှဲကာ ဘက်ထရီသို့ တိုက်ရိုက်အားသွင်းစေသည်။

Phone ကို ကားသော့ကဲ့သို့အသုံးပြုနိုင်မည့် မူပိုင်ခွင့်တစ်မျိုးကို Apple လျှောက်ထား

ပြီးခဲ့သည့်အင်္ဂါနေ့က Apple သည် “အလွယ်တကူ သယ်ဆောင်နိုင်သော ထုတ်ကုန်များအသုံးပြု၍ ကားကိုအသုံးပြုခြင်း” ဟု အမည်ပေးထားသော မူပိုင်ခွင့်ကို ရရှိခဲ့သည်။

Pebble 2, Pebble Time 2 နှင့် Pebble Core တို့ကို ထုတ်ဖော်ပြသ

Pebble သည် Pebble 2, Pebble Time 2 နှင့် Pebble Core ဟုအမည်ရသော စမတ်နာရီမဟုတ်သည့် ထုတ်ကုန်တစ်မျိုးကိုလည်း မိတ်ဆက်ခဲ့သည်။ ၎င်းထုတ်ကုန် ၃ မျိုးကို Pebble က ထုတ်ကုန်သစ်များမိတ်ဆက်နေကျ Kickstarter တွင် တင်ထားခဲ့သည်။

ZTE နှင့် BMW ၏ Designworks ပူးပေါင်း၍ Axon 7 စမတ်ဖုန်းကို ဖန်တီးလျက်ရှိ

ZTE သည် BMW ၏ကုမ္ပဏီခွဲ Designworks နှင့်ပူးပေါင်း၍ Axon 7 ဟုအမည်ရသော အဆင့်မြင့်စမတ်ဖုန်းကို ထုတ်ဖော်မိတ်ဆက်ရန် စီစဉ်လျက်ရှိသည်။

USB phone charger များအသွင်ယူထားသည့် keystroke logger များကို ဂရုပြုကြရန် FBI သတိပေး

Password များကို လျှို့ဝှက်စွာ ခိုးယူခြင်းနှင့် ကြိုးမဲ့ keyboard များထဲသို့ အချက်အလက်များထည့်သွင်းနိုင်သော အန္တရာယ်ရှိ keystroke logger များကို သတိထားကြရန် FBI အာဏာပိုင်များက ပုဂ္ဂလိကပိုင်လုပ်ငန်းများသို့ သတိပေးထားသည်။

လစဉ် Oppo R9 ဖုန်းအလုံးရေ ၂ သန်း ထုတ်လုပ်လျက်ရှိဟုဆို

Oppo သည် လစဉ် R9 ဖုန်းအလုံးရေ ၂ သန်းအထိ ထုတ်လုပ်လျက်ရှိကြောင်း တရုတ်သတင်းစာတစ်စောင်က ဖော်ပြခဲ့သည်။ အဆိုပါသတင်းတွင် HIS သုတေသနဒါရိုက်တာ ကယ်ဗင်ဝမ်က Oppo အနေဖြင့် တစ်လလျှင် R9 ဖုန်း ၂ သန်းထုတ်လုပ်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

Pages