ယခုနှစ်နှောင်းပိုင်းတွင် Oppo R9S ထွက်ရှိလာဖွယ်ရှိ

တရုတ်စမတ်ဖုန်းကုမ္ပဏီ Oppo သည် ယခုနှစ်နှောင်းပိုင်းတွင် R9 ၏မျိုးဆက်သစ် စမတ်ဖုန်းကို မိတ်ဆက်ရန် ပြင်ဆင်နေကြောင်း ထိုင်ဝမ်သတင်းဌာနတစ်ခုက ဖော်ပြခဲ့သည်။

Oppo A37 တွင် Snapdragon 410 ပါဝင်ပြီး ကန်ဒေါ်လာ ၁၉၉ ဖြင့်ရောင်းချမည်

Oppo သည် တန်ဖိုးနည်း A-serie စမတ်ဖုန်းသစ်တစ်မျိုးကို မိတ်ဆက်ခဲ့သည်။ အဆိုပါဖုန်းကို ဈေးကွက်တွင် အလုံးရေအကန့်အသတ်ဖြင့်ဖြန့်ချိပြီး ကန်ဒေါ်လာ ၁၉၉ ဖြင့် ရောင်းချသွားမည်ဖြစ်သည်။

iPhone 7 တွင် headset jack မပါဝင်သော်လည်း 6s နှင့် အလွန်ဆင်တူဟုဆို

အသစ်ထွက်ရှိလာမည့် iPhone 7 သည် ယခင်မျိုးဆက်များနှင့် အလွန်အမင်းကွာခြားခြင်းမရှိကြောင်း Wall Street Journal ကသတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။ ထို့ကြောင့် Apple အနေဖြင့် ၂ နှစ်လျှင်တစ်ကြိမ်ဖုန်းဒီဇိုင်းပြောင်းလဲမှုအစဉ်အလာကို ချိုးဖျက်ဖွယ်ရှိသည်။

OnePlus 3 တွင် Snapdragon 820, RAM 6 GB တို့ ပါဝင်လာ

OnePlus သည် ကုမ္ပဏီ၏ အထင်က ရစမတ်ဖုန်းသစ် OnePlus 3 ကိုတရားဝင်မိတ်ဆက်လိုက်ပြီးဖြစ်သည်။ ၎င်းတွင် Snapdragon 820, RAM 6GB နှင့် မျက်နှာပြင် ၅.၅ လက်မ 1080p AMOLED display ပါဝင်ပြီး ကန်ဒေါ်လာ ၃၉၉ ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

iPhone Lighting Cover (5, 5s, 6, 6Plus)

Apple ကနေထုတ်လုပ်ထားတဲ့ iPhone, iPad, Macbook, iPod Touch စတာတွေနဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို ဒီကဏ္ဍကနေ စုစည်းဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

iPhone သုံးစွဲသူများက ဖုန်းကိုကြာရှည်စွဲမြဲစွာ ကိုင်ဆောင်ထားလေ့ရှိဟုဆို

အမေရိကန်နိုင်ငံရှိ iPhone သုံးစွဲသူများသည် ကုန်လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ဖုန်းများကို အဆင့်မြှင့်တင်ပြောင်းလဲရန် စောင့်ဆိုင်းလေ့ရှိကြောင်း ဈေးကွက်သုတေသီ Consumer Intelligence Research Partners မှထုတ်ပြန်ခဲ့သည်။

Marshmallow ကို အသုံးပြုလျက်ရှိသည့် Android ထုတ်ကုန် ၁၀ ရာခိုင်နှုန်းရှိလာ

Android ၏နောက်ဆုံးပေါ်ဗားရှင်း Marshmallow ကို ယခုအခါ Android ထုတ်ကုန်များတွင် အသုံးပြုမှု ၁၀ ရာခိုင်နှုန်းအထိရှိလာကြောင်း ဇွန်လအစော ပိုင်းတွင် Google ၏ developer စာမျက်နှာမှ ထုတ်ပြန်ပေးခဲ့သည်။

Pages