Guitar Hero

Play Station 2 ဂိမ်းတွေခေတ်စားစဉ်က လူကြိုက်များခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်တဲ့ Guitar Hero ဂိမ်းကို ဖုန်းပေါ်မှာ ဆော့နေရသလိုခံစားရမယ့် ဂိမ်းတစ်ခုဖြစ်ပါတယ်။

Touch Music ဟာ ဂီတကိုနားဆင်ရင်း ကိုယ်တိုင်လိုက်ပါတီးခတ်သလိုခံစားနိုင်မယ့် ဂိမ်းတစ်မျိုးဖြစ်ပြီး အားလပ်ချိန်တွေမှာ ဂီတနဲ့အတူစီးမျောချင်တယ်ဆိုသူတွေအတွက် ဖျော်ဖြေမူအပြည့်အ၀ပေးနိုင်မှာဖြစ်ပါတယ်။ Touch Music ကို OMG Studio ကနေ ဗားရှင်းငါးမျိုးနဲ့ထုတ်လုပ်ထားပြီးတော့ တစ်မျိုးကို သီချင်း ၁၃ ပုဒ် ထည့်သွင်းပေးထားပြီး သီချင်းအပုဒ်တိုင်းမှာ ဂီတသံစဉ်များနဲ့ တီးလုံးများပေါ်မူတည်ပြီး Effect တွေနဲ့ တုန်ခါမှုတွေကိုပါ ဂိမ်းဆော့သူတွေခံစားနိုင်အောင် ဖန်တီးပေးထားပါတယ်။

သီချင်းအပုဒ်တိုင်းမှာ Easy, Hard နဲ့ Extreme တို့ကိုထည့်ပေးထားပြီး ကိုယ့်ရဲ့ကျွမ်းကျင်မှုအပေါ်မူတည် ပြီး ရွေးချယ်ဆော့ကစားနိုင်မှာဖြစ်တဲ့အတွက် Guitar Hero ဂိမ်းကိုနှစ်သက်သူတွေအနေနဲ့ Touch Music မှာ ဂီတနဲ့အတူ စီးမျောကြဖို့အကြံပြုချင်ပါတယ်။ Touch Music ကိုဆော့ကစားချင်သူတွေအနေနဲ့ Mobogenie နဲ့ Mobo Markart တို့လို App Store တွေမှာ အခမဲ့ဒေါင်းလုပ်ပြုလုပ်နိုင်မှာဖြစ်ပြီး https://www.apk4fun.com/apk/198/ မှာလည်း ၀င်ပြီးရယူနိုင်မှာဖြစ်ပါတယ်။