Ipega Wireless Bluetooth Controller

Play Station 1 နှင့် 2 တွင်ကစားခဲ့ရသည့် ဂိမ်းများကို စမတ်ဖုန်းများထဲသို့ ထည့်သွင်းကာ Controller ဖြင့်ထိန်းချုပ်ကစားနိုင်မည့် Gadget ဖြစ်သည်။

i3 Bluetooth Headset

Bluetooth စနစ်ပါဝင်သောစမတ်ဖုန်းတိုင်းဖြင့် ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်ပြီး ဖုန်းနှစ်လုံးကို တစ်ပြိုင်နက် ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။

CoCo Phone

စမတ်ဖုန်းများတွင်ပါဝင်သည့် Audio Jack ပေါက်ဖြင့် ချိတ်ဆက်ကာ အလွယ်တကူဖုန်းပြောဆိုနိုင်မည့် CoCo အမှတ်တံဆိပ် လက်ကိုင်ဖုန်းလေးများဖြစ်သည်။

Spigen Wallet S Case

Samsung Galaxy Note 5 ကာဗာဖြစ်ပြီး လက်ကိုင်ပိုက်ဆံအိတ် ပုံစံဒီဇိုင်းဖြင့် ဖန်တီးထားသည့် Spigen အမှတ်တံဆိပ် Wallet S ကာဗာဖြစ်သည်။

Power Bank

Yoobao အမှတ်တံဆိပ် YB-651 မော်ဒယ် အရည်အသွေးမြင့် Power Bank ဖြစ်သည်။

Bluetooth Headphone

သီချင်းများကို အသံထွက်အရည်အသွေး ကောင်းကောင်းဖြင့် နားဆင်ချင်သူများအတွက် Edifier အမှတ်တံဆိပ် W 670 BT မော်ဒယ် Bluetooth Headphone ဖြစ်သည်။

6 in 1 Photo Lens

ဓာတ်ပုံရိုက်ဝါသနာပါသူများ အတွက် စမတ်ဖုန်းများဖြင့် တွဲဖက် ကာ ဓာတ်ပုံများကို အကောင်းဆုံးရိုက်ကူးနိုင်မည့် 6 in 1 Photo Lens လေးများဖြစ်သည်။ Wide Angle Lens, Fish Eye, Macro Lens, 2X Zoom, CPL Filter နှင့် Polarize Filter အစရှိသည့် မှန်ဘီလူးခြောက်မျိုးပါဝင်မည်ဖြစ်သည်။

3D Enlarge TV Screen

မျက်နှာပြင်သေးငယ်သည့် စမတ်ဖုန်းကိုင်ဆောင်ထားသူများ၊သီချင်းများ၊ ရုပ်ရှင်များကို မျက်နှာပြင်ကြီးကြီးဖြင့် ကြည့်ရှုချင်သူများအတွက် အလွယ်တကူအသုံးပြုနိုင်မည့် 3D Enlarge TV Screen ဖြစ် သည်။

Bluetooth Keyboard

Android စမတ်ဖုန်းများ၊ Tablet များအပြင် Laptop ဖြင့်ပါ အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်မည့် Bluetooth 3.0 wire-less technology အိတ်ဆောင်ကီးဘုတ်လေးများဖြစ်သည်။

Pages