Celebrity's Interview

လူမှုကွန်ရက် ဖေ့စ်ဘွတ်ပေါ်ကနေတစ်ဆင့် နာမည်ရလာတဲ့Model နန်းသီရိမောင်နဲ့ ခဏတာ တွေ့ဆုံဖြစ်ခဲ့ပါတယ်။

ညီမလေး အခုလက်ရှိ အနုပညာလှုပ်ရှားမှုတွေ ဘာတွေလုပ်နေလဲ။

ဓာတ်ပုံတွေပြန်စရိုက်နေပြီ။ နန်းနန်း MTV အမြန်ဆုံး ဒီနှစ်ကုန်ပိုင်း အစလောက် ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ MTV ကိုလည်း ထူးထူးခြားခြားလေးဖြစ်တောင် ၁၉၄၀ လောက်က ဖက်ရှင်လေးနဲ့ ရိုက်ထားပါတယ်။ အရေးပိုင်မင်းရဲ့သမီးနဲ့ မြင်းစီးအားကစားသမားနဲ့ ကြိုက်တဲ့ Story ပုံစံလေး ရိုက်ထားပါတယ်။

အိုင်တီပစ္စည်းတွေနဲ့ပတ်သက်ရင်ရော ဘယ်လို ပစ္စည်းလေးတွေကို သဘောကျလဲ။

နန်းနန်းကတော့ ဖုန်းနဲ့ Laptop ကို သဘောကျတယ်။ ဖုန်းလေးတွေ တစ်ခုပေါ်ရင် တစ်ခု လိုချင်မိတယ်။

ဖုန်းနဲ့ပတ်သက်ပြီး ဘယ်လိုအမှတ်တံဆိပ်မျိုးကို ကြိုက်လဲ။ လက်ရှိရော ဘယ်လိုဖုန်းကို အသုံးပြုလဲ။

နန်းနန်းတို့ မိန်းကလေးတွေ အနေနဲ့ကတော့ Samsung ကြိုက်တယ်။ Apple ပစ္စည်းလေးတွေလဲ ကြိုက်ပါတယ်။ အခုလက်ရှိလဲ Samsung တစ်လုံး Apple တစ်လုံး သုံးနေတယ်။

ဖေ့စ်ဘွတ်နဲ့ပတ်သက်ပြီးတော့ အခုနောက်ပိုင်းမှာလူတွေ အရမ်း Sensitive ဖြစ်လာတဲ့အပေါ် ညီမလေး အမြင်လေးပြောပေးပါဦး။

အနုပညာရှင်လဲ လူပဲပေါ့နော်။ တစ်ခါတလေ  အရမ်းစိတ်ခုတယ်၊ မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်အောင် နေနေတဲ့ ကြားထဲကနေ လုပ်ကြံဖန်တီး ရေးသားတာတွေ တွေ့ရတဲ့အခါ မိန်းကလေးတွေ အတွက်လည်း မကောင်းဘူး။  ဖေ့စ်ဘွတ်နဲ့ ပတ်သက်ပြီး အကျိုးရှိရှိအသုံးချနိုင်အောင်သုံးမှပဲ အဆင်ပြေနိုင်မယ်။ ဆိုးကျိုးအနေနဲ့ကတော့ အခုက Cyber Crime တွေများလာတယ် အဲဒီအတွက် မိန်းကလေးတွေအနေနဲ့ သတိလေးထားပြီး အသုံးပြုစေချင်ပါတယ်။