Celebrities & Facebook

ဒီတစ်ပတ်မှာတော့ ဖေ့ဘွတ်ပေါ်မှာ ရေပန်းစားခဲ့တဲ့ Celebrities တွေအကြောင်းကို ဖော်ပြပေးမှာပါ။

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ငါးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့ မောင်ကောင်းပြည့်ရဲ့ ပညာရေးဆုံးခန်းတိုင်သည်အထိ ပညာသင်စရိတ် ထောက်ပံ့လှူဒါန်းခဲ့ကြတဲ့  ကိုဥက္ကာကျော်နဲ့ သရုပ်ဆောင် ဆုပန်ထွာတို့ကိုတော့ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ၀ိုင်းဝန်းချီးကျူးထောပနာပြုခဲ့ကြပါတယ်။ “ကိုဥက္ကာနဲ့ ပန်ပန်တို့မွေးလာမယ့် သားသားလေးရဲ့ပညာရေးအတွက်ရည်မှန်းပြီး ဒီအလှူလေးကို အဓိက လှူဒါန်းဖြစ်တာပါ” လို့ ဆုပန်ထွာက သူမဖေ့စ်ဘွတ် အကောင့်မှာ ရေးသားထားခဲ့ပါတယ်။