Celebrities & Facebook

ဒီတစ်ပတ်မှာတော့ ဖေ့ဘွတ်ပေါ်မှာ ရေပန်းစားခဲ့တဲ့ Celebrities တွေအကြောင်းကို ဖော်ပြပေးမှာပါ။

မင်းသားအောင်ရဲလင်းနဲ့ အကယ်ဒမီမင်းသမီး စိုးမြတ်နန္ဒာတို့ရဲ့ လက်ထပ်တော့မယ်ဆိုတဲ့ ကောလာဟလဟာ Cele Small ဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတစ်ဆင့် ထွက်ပေါ်လာခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး မင်းသမီးက “ သေတော့လဲမသေသေးဘူး.. ဟို Six Pack မင်းသားချောချောလေး နဲ့ သတင်းလဲမဟုတ်ဘူး.. ( စဖွတဲ့ သူတွေကို ကျေးဇူးတင်တယ် သိလား) လောလောဆယ် သိပ်ကြိုက်တဲ့ နေရာလေးမှာ ပျော်နေပါတယ်လို့ ချစ်သူများအားလုံးလဲ ပျော်ရွှင်စရာနေ့ရက်များပိုင်ဆိုင်ကြပါစေ” ဆိုပြီး ပြန်လည်ရှင်းလင်းထားပါတယ်။